ယူကရိန်းနိုင်ငံသည် အဓိကလယ်ယာထွက်ကုန်များအတွက် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းများသတ်မှတ်ခဲ့
- Wed, 18 December 2024
ယူကရိန်းနိုင်ငံသည် စိုက်ပျိုးရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်ဈေးနှုန်းများအောက်တွင်ကုန်ပစ္စည်းများတင်ပို့ခြင်းအားတားမြစ်ထားသည့် ကောက်ပဲသီးနှံများအပါအဝင် အဓိကလယ်ယာထွက်ကုန်များအတွက် စနစ်သစ်တစ်ခုကိုစတင်မိတ်ဆက်ခဲ့ပါသည်။
ယူကရိန်းနိုင်ငံသည် ကောက်ပဲသီးနှံနှင့် ဆီထွက်သီးနှံအဓိကစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီးဒီဇင်ဘာလ(၁)ရက်နေ့မှစ၍ စနစ်သစ်အားစတင်လည်ပတ်ခဲ့ပါသည်။ယူကရိန်းအစိုးရသည် ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးဖြစ်သောလယ်ယာထွက်ကုန်အချို့ ဝယ်ယူရာတွင် ပြည်တွင်းဈေးကွက် မြင့်တက်လာခြင်းနှင့် ၎င်း၏အကျိုးဆက်ကြောင့်အခွန်ရှောင်ရန်အတွက် ဖန်တီးထားသောဈေးကွက်ထဲရှိကျဆင်းနေသောဈေးနှုန်းများဖြင့် တင်ပို့ခြင်းကဲ့သို့သောဈေးကွက်ပျက်စီးလာခြင်းကိုကိုင်တွယ်ရန် အစီအစဉ်တစ်ခုချမှတ်ခဲ့ပါသည်။
အဆိုပါစည်းမျဉ်းအသစ်များနှင့်အညီ အနည်းဆုံးခွင့်ပြုနိုင်သောတင်ပို့မှုဈေးနှုန်းများကို ပြည်နယ်အကောက်ခွန်ဝန်ဆောင်မှု အချက်အလက်များအပေါ် အခြေခံ၍ တွက်ချက်မည် ဖြစ်ပြီး ပြီးခဲ့သည့်လအတွက် ပို့ဆောင်ခကိုပါ ထည့်သွင်းစဉ်းစားမည့်အပြင်(၁၀%)လျော့ဈေး သတ်မှတ်ပေးမည်ဖြစ်ပါသည်။ကုန်သည်များအနေဖြင့် အဆိုပါဆုံးဖြတ်ချက်မှ ကောက်ပဲသီးနှံများတင်ပို့မှုအပေါ် သိသာသောအကျိုးသက်ရောက်မှုဖြစ်ရန် မမျှော်လင့်ခဲ့ကြောင်းနှင့် ယခင်နှစ်တွင် ကြေညာခဲ့သည့် ကောက်ပဲသီးနှံတင်ပို့မှုကို ထိန်းချုပ်သည့် အစီအစဉ်များသည် ကောက်ပဲသီးနှံတင်ပို့မှုများအပေါ် သက်ရောက်မှုများစွာမရှိခဲ့ကြကြောင်း ဖော်ပြထားပါသည်။မိမိ၏ ယေဘုယျအမြင်အားဖြင့်ဆိုလျှင် အနည်းဆုံးဈေးနှုန်းသည် ယူကရိန်း၏ တင်ပို့မှုလုပ်ငန်းစဉ်ကို ထိခိုက်မှုမရှိနိုင်ကြောင်း ဥရောပကုန်သည်တစ်ဦးကပြောကြားခဲ့ပါသည်။
၎င်းတို့မျှော်လင့်ထားသည်မှာ အနည်းဆုံးဈေးနှုန်းသတ်မှတ်ပြီး ကုန်သည်များလည်းရောင်းနိုင်သောဈေးနှုန်းဖြစ်ကာ ဈေးကွက်ဆက်လက်ဖြစ်တည်နိုင်ကြောင်းနှင့် သို့သော်လည်းမိမိတို့အနေဖြင့် အစိုးရမှ ပို၍ပြင်းထန်သောဖိအားများ ဆက်လက်လုပ်ဆောင်ခြင်းရှိမရှိကို စောင့်ကြည့်လိုကြောင်း ဖော်ပြထားပါသည်။စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် အနည်းဆုံးဈေးနှုန်းကို ၎င်း၏ minagro.gov.ua website တွင် တရားဝင်ထုတ်ပြန်ခဲ့ပြီးဖြစ်ပြီးလစဉ်(၁၀)ရက်နေ့တိုင်းတွင် အသစ်ပြန်လည်တင်ပေးသွားမည်ဖြစ်ပါသည်။
စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် တင်ပို့သူများအတွက် စစ်ဆေးရေးလုပ်ငန်းစဉ်များဆောင်ရွက်ရန် လိုအပ်ချက်ကိုဖျက်သိမ်းပေးခဲ့ပြီးစားသောက်ကုန်ပစ္စည်းများတင်ပို့ခွင့် လိုင်စင် ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါသည်။
လုပ်ထုံးလုပ်နည်းများအရတင်ပို့သည့်ကုမ္ပဏီများသည် စိုက်ပျိုးရေးပစ္စည်းများမှတ်ပုံတင် ရရှိရေးအတွက် မှတ်ပုံတင်ခြင်းကိုဥပဒေနှင့်အညီဆောင်ရွက်ရမည်ဖြစ်ပြီးထိုသို့ မှတ်ပုံတင်ခြင်းမရှိပါက တင်ပို့သည့်လုပ်ငန်းစဉ်တစ်ခုချင်းစီအတွက် လိုင်စင်ရှိရန် လိုအပ်မည် ဖြစ်ကြောင်း ၂-၁၂-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https:// www.manitobacooperator .ca ၏ သတင်းအချက်အလက်များအရသိရှိရပါသည်။
Source https://www.manitobacooperator.ca/daily/ukraine-introduces-minimum-export-prices-for-major-agricultural-goods/
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန