စိုက်ပျိုးရေးဦးစီးဌာန၏ (၇)ကြိမ်မြောက် စာတမ်းဖတ်ပွဲတွင် စိုက်ပျိုးရေး လူငယ်စွန့်ဦး ပညာရှင်များက စာတမ်း အစောင်(၇၀)တင်သွင်းဖတ်ကြား
- Mon, 24 February 2025
စိုက်ပျိုးရေးဦးစီးဌာန၏ (၇)ကြိမ်မြောက် စာတမ်းဖတ်ပွဲကို နေပြည်တော် ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ “စိုက်ပျိုးကဏ္ဍတိုးတက်ဖို့ ဘက်ပေါင်းစုံမှ ကြိုးစားစို့” ခေါင်းစဉ်ဖြင့် ကျင်းပလျက်ရှိသည်။
စာတမ်းဖတ်ပွဲသို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ၊ ဌာနတာဝန်ရှိသူများ၊ အမှတ်ပေးဒိုင်များ ၊ စာတမ်းရှင်များ ၊ စိုက်ပျိုးရေးဦးစီးဌာန၏ လူငယ်စွန့်ဦး ပညာရှင်များ နှင့် လေ့လာသူ အရာထမ်း အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ စာတမ်းရှင်များ နှင့် လေ့လာသူများ က Zoom Point (155 Point)မှ အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။










ဖေဖော်ဝါရီလ(၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပမည့် အဆိုပါစာတမ်း ဖတ်ပွဲတွင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ စာတမ်း(၄၁)စောင် နှင့် ရုံးချုပ် ဌာနခွဲများမှ စာတမ်း(၂၉)စောင် စုစုပေါင်း စာတမ်း အစောင်(၇၀) တင်သွင်း ဖတ်ကြား သွားမည်ဖြစ်ပါသည်။