ရန်ကုန်ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများသည် အခြားဒေသများနှင့်တူညီမှုမရှိဘဲ ဆက်လက် မြင့်မားလျက်ရှိ
- Wed, 29 March 2023
ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီ ပိဿာချိန်(၂၀၀,၀၀၀)နီးပါး နေ့စဉ်ဝင်ရောက်လျက် ရှိသော်လည်း ရန်ကုန်ပြင်ပဒေသများကဲ့သို့ ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ကြက်သွန်နီ ဈေးကွက် အခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ရန်ကုန်ဈေးကွက်သို့ ဒေသအသီးသီးမှ ကြက်သွန်နီ ပိဿာချိန်ပေါင်း (၁၈၀,၀၀၀) ဝင်ရောက်ခဲ့ပြီး ထွက်ရှိရာဒေသ (ဆိပ်ဖြူ၊ မြစ်သား)၊ အရွယ်အစား နှင့် အရည်အသွေးတို့အပေါ် မူတည်၍ မတ်လ (၂၁)ရက်နေ့၌ ကြက်သွန်နီ ပေါက်ဈေးမှာ တစ်ပိဿာလျှင် ကျပ်(၁၀၅၀-၂၁၀၀)အကြားတွင် ရှိပါသည်။ သို့သော်လည်း ပခုက္ကူဈေးကွက်သို့ ကြက်သွန်နီအမြောက်အမြား (၁၈၀,၀၀၀ ပိဿာ) စုပြုံဝင်ရောက်လာခြင်းကြောင့် ကြက်သွန်နီ ဈေးနှုန်းသည် ပခုက္ကူဈေးကွက်တွင် တစ်ပိဿာလျှင် (၁,၀၀၀)ကျပ်ဝန်းကျင်သို့ ကျဆင်းသွား ခဲ့ကြောင်း ပခုက္ကူကုန်စည်ဒိုင်၏ ဈေးကွက်သတင်း အချက်အလက်များအရ သိရှိရပါသည်။
မတ်လ (၁၉)ရက်နေ့တွင် ပခုက္ကူဈေးကွက်သို့ ကြက်သွန်နီ ပိဿာချိန်(၁၀၈,၀၈၀)ခန့် ဝင်ရောက်လာခဲ့ပြီး အမြင့်ဆုံးဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၉၀၀-၁,၁၀၀) သာ ရှိပါသည်။
ယခုလတွင် ရိတ်သိမ်းပြီးခါစ မိုးကြက်သွန်နီနှင့် ကြက်သွန်မြိတ်များ ဈေးကွက်သို့ ဝင်ရောက် လာခဲ့ပါသည်။ ယခုနှစ် ပထမ(၃)လပတ်တွင် ကြက်သွန်နီဈေးနှုန်းသည် ယခင်နှစ် ကာလတူထက် ပို၍မြင့်တက်လျက်ရှိပါသည်။ ထို့ကြောင့် ယခုနှစ်တွင် ကြက်သွန်စိုက် တောင်သူ များသည် အမြတ်အစွန်းများစွာ ရရှိခဲ့ကြသည်။ ၂၀၂၂ ခုနှစ်၊ မတ်လ(၂၁)ရက်နေ့တွင် ရန်ကုန် ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ်(၃၅၀-၁၀၂၅)နှုန်း ရှိခဲ့ပါသည်။ ယခု နှစ်တွင် ကြက်သွန်နီဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်၏ ကာလတူဈေးနှုန်း နှင့် နှိုင်းယှဉ် ပါက (၂)ဆ မြင့်တက်လာခဲ့ပါသည်။
ကြက်သွန်နီ ဒုတိယအများဆုံးစိုက်ပျိုးထုတ်လုပ်သည့် အိန္ဒိယနိုင်ငံတွင် ယခုလအတွင်း ကြက်သွန်နီပေါက်ဈေးသည် တစ်ပိဿာလျှင် (၂၃၀)ကျပ်သာရှိသဖြင့် ကြက်သွန်နီစိုက် တောင်သူ များအနေဖြင့် ပျော်ရွှင်မှု မရှိခဲ့ကြပေ။
မြန်မာနိုင်ငံ၏ ကြက်သွန်နီ စိုက်ပျိုး ထွက်ရှိမှု အခြေအနေမှာ နှစ်စဉ် တန်ချိန် (၁)သန်း (ပိဿာ- ၆၀၀ သန်း) ဖြစ်ပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသည် ပြည်ပကုန်သွယ်ဖက်နိုင်ငံများသို့ ကြက်သွန်နီ တန်ချိန် (၁၅၀,၀၀၀)တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်းနှင့် အိန္ဒိယနိုင်ငံသည် နှစ်စဉ် ကြက်သွန်နီ တန်ချိန် (၂၄)သန်းခန့် စိုက်ပျိုးထွက်ရှိကြောင်း (၂၂-၃-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www. gnlm.com.mm၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/onion-prices-in-yangon-market-remain-high-unlike-other-regions/
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၉) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန