ပြည်တွင်းဈေးကွက်တွင် ထောပတ်သီး စျေးကောင်းရရှိ
- Wed, 29 March 2023
ထောပတ်သီးရာသီ နှောင်းပိုင်းကာလတွင် ဈေးနှုန်းများမြင့်တက်လျက်ရှိပြီး ပြည်တွင်း ဈေးကွက်တွင် ထောပတ်သီးများ အရောင်းသွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီး ထုတ်လုပ်သူများ နှင့် တင်ပို့ရောင်းချသူများအသင်း တွဲဘက်အတွင်းရေးမှူး(၁) ဦးမျိုးညွန့်မှ ပြော ကြားခဲ့သည်။
ပြည်တွင်းဈေးကွက်တွင် ဒေသထောပတ်သီးများ ထွက်ရှိမှု လျော့နည်းလျက်ရှိပြီး ချင်း ပြည်နယ်နှင့် ရှမ်းပြည်နယ်၊ ပြင်ဦးလွင်နှင့် နောင်ချိုဒေသများမှထွက်ရှိသော ထောပတ်သီးများကို ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိပါသည်၊၊ လက်ရှိပေါက်ဈေးမှာ (၃၅)ပိဿာဝင် တစ်အိတ်လျှင် (၃၅၀၀၀-၄၀၀၀၀)ကျပ် ဖြစ်ပါသည်။
“ဒေသထွက် ထောပတ်သီးများ ဈေးကောင်းရရှိပြီး ထောပတ်သီးပေါများသော ရာသီ တွင် (၁)အိတ်ဈေးနှုန်း (၂၈,၀၀၀-၃၀,၀၀၀)ကျပ်ခန့် ပေါက်ဈေးရှိပါသည်။ ထို့ကြောင့် ရာသီ ကုန်ခါနီးတွင် ရောင်းလိုအားနည်းပါးလျက်ရှိသောကြောင့် (၁)အိတ်လျှင် (၃၅၀၀၀)ကျပ်အထိ ဈေးတက်ခဲ့သည်။ ယခုနှစ် ထောပတ်သီးရာသီသည် ပုံမှန်ထက်စောနေ၍ ပြည်တွင်း ဝယ်လိုအား မြင့်တက်လျက်ရှိပြီး ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ရှင်းပြခဲ့သည်။
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများသို့ အဓိကပို့ဆောင်ကြပြီး မူဆယ်၊ လားရှိုး နှင့် မုံရွာ ဈေးကွက်သို့လည်း ပို့ဆောင်လျက်ရှိကြောင်း၊ ကုန်သည်များသည် Digital Platforms (ဒစ်ဂျစ် တယ်နည်းပညာဖြင့် ဈေးကွက်သတင်းအချက်အလက်များ ဖြန့်ဖြူးပေးသည့် ဆော့ဖ်ဝဲ)များ မှတဆင့် စျေးကွက်များကို စူးစမ်းလေ့လာကြကြောင်း (၂၁.၃.၂၀၂၃) ရက်နေ့တွင် ထုတ်ပြန် ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်၊၊
Source https://www.gnlm.com.mm/avocado-fetches-handsome-price-in-domestic-market/#article-title
တင်ပြသူ ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၉) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ဦးစီးအရာရှိ၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ဒု- ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန