မြေပဲရောင်းလိုအား များပြားလာမှုကြောင့် မြေပဲဆီဈေးနှုန်း တစ်ပိဿာလျှင် ငွေကျပ် (၁၂,၀၀၀) သို့ ကျဆင်းလျက်ရှိ
- Thu, 23 March 2023
ယခုရက်ပိုင်းတွင် မန္တလေးဈေးကွက်သို့ ဒေသအသီးသီးမှ မြေပဲများ ဝင်ရောက်လာ သဖြင့် မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ငွေကျပ်(၁၂,၀၀၀)အထိ ကျဆင်းသွားကြောင်း မန္တလေးကုန်သည်များထံမှ သိရှိရပါသည်။
ယခင်လ၏ မြေပဲဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၄,၀၀၀)ကျပ်အထိ ပေါက်ခဲ့ သော်လည်း လက်ရှိတွင် တစ်ပိဿာလျှင် (၁၂,၀၀၀)ကျပ်အထိ ကျဆင်းသွားကာ အခြား စားသုံးဆီ ဈေးနှုန်းများလည်း ကျဆင်းသွားခဲ့ပါသည်။
မန္တလေးဈေးကွက်သို့ ဒေသအသီးသီးမှ မြေပဲများဝင်ရောက်လာပြီး မြေပဲဈေးနှုန်းသည် ပြီးခဲ့သည့် (၂)ပတ်အတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့ပါသည်။ လက်ရှိတွင် မြေပဲအနီနှင့် မြေပဲအဖြူမျိုးများ(S-1)သည် တစ်ပိဿာလျှင်(၇,၆၀၀)ကျပ် နှင့် (၇,၀၀၀)ကျပ်ဝန်းကျင် အသီးသီးရှိခဲ့ရာမှ (၇,၀၀၀)ကျပ် နှင့် (၆,၃၀၀)ကျပ်သို့ အသီးသီး ကျဆင်းသွားခဲ့ပါသည်။
နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်ပြီးသည့်နောက် သိုလှောင်လက်ကျန် ကုန်ပစ္စည်းများ အနေဖြင့် ဈေးကွက်အတွင်း ပြည်တွင်းပြည်ပ ဈေးကွက်ဝယ်လိုအားများနှင့် ရင်ဆိုင်နေရ ပါသည်။ လက်ရှိတွင် တရုတ်ဝယ်လက်များမှ မြေပဲအနီများကို အဓိကဝယ်ယူလျက်ရှိပြီး တရုတ်ယွမ်ငွေကြေးသည်လည်း Forex နှုန်းတွင် ထပ်မံကျဆင်းလျက်ရှိပါသည်။ ထို့ကြောင့် စားသုံးဆီဈေးနှုန်းများ ကျဆင်းလာပြီး စားသုံးသူများအတွက် အကျိုးရှိစေကြောင်း မန္တလေး တိုင်းဒေသကြီးတွင်ရှိသော စိုးဝင်းမြင့်ကုန်စည်ဒိုင်မှ ဦးစိုးဝင်းမြင့်က ပြောခဲ့ပါသည်။
မြေပဲသည် ဆီထွက်သီးနှံဖြစ်ပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးရန်သာမက ပြည်ပသို့ တင်ပို့ရောင်းချရန်လည်း ဖြစ်ပါကြောင်း (၂၀.၃.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော Global New Light of Myanmar ကွန်ရက်ဆောင်းပါးအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/abundant-supply-of-peanut-pushes-down-peanut-oil-price-to-k12000-per-viss/
တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ မတ်လ (၂၂) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန