စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုများ နှေးကွေးမည်ဟု တောင်သူအများစုမျှော်မှန်း

  • Thu, 16 March 2023

စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုများ နှေးကွေးမည်ဟု တောင်သူအများစုမျှော်မှန်း


ကြီးမားသည့်လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူများသည် အမေရိကန်၏ ကောက်ပဲသီးနှံများ နှင့် တိရိစ္ဆာန်များအတွက် တရိပ်ရိပ်ဖွံ့ဖြိုးတိုးတက်နေသည့် ဈေးကွက်တစ်ခုအဖြစ် ပို့ကုန်တင်ပို့မှု အပေါ် ယုံကြည်မှုပျောက်ဆုံးနေကြောင်း အင်္ဂါနေ့က ထုတ်ပြန်သော Purdue ၏စစ်တမ်းအရ သိရှိရပသည်။ လစဉ်စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးတိုင်းတာမှု (Ag Economy Barometer) အတွက် စစ်တမ်းကောက်ယူခဲ့ရာတွင် လယ်ယာထွက်ကုန်တင်ပို့မှုများသည် (၂၀၂၀)ခုနှစ်တွင် (၇၂%)အထိ ကျဆင်းသွားခဲ့ရာမှ နောင်လာမည့် (၅)နှစ်အတွင်း ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်းကြကြောင်း တောင်သူဦးရေသုံးပုံတစ်ပုံခန့်မှ ပြောကြားခဲ့ပါသည်။

(၁၉၇၀)ခုနှစ်များကတည်းက စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းတစ်ခုဖြစ်သည့် ပို့ကုန်တင်ပို့မှု များသည် (၂၀၂၂)ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၁၉၆.၄)ဘီလီယံအထိ စံချိန်တင် ရောက်ရှိ ခဲ့ပြီး(၂၅)နှစ်အတွင်း (a quarter-century) လေးပုံသုံးပုံထိ တိုးတက်တင်ပို့နိုင်ခဲ့ပါသည်။ အမေရိကန် နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှု၏ ငါးပုံတစ်ပုံကို ပြည်ပနိုင်ငံများသို့ ရောင်းချခဲ့ပါသည်။

အမေရိကန် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့နိုင်မှုစွမ်းရည်အပေါ် ထုတ်လုပ်သူများ၏
ယုံကြည်မှုသည်သိသိသာသာအားနည်းသွားကြောင်းစိုက်ပျိုးရေးဆိုင်ရာစီးပွားရေးတိုင်းတာမှုအား ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးစီးပွားပညာရှင်များဖြစ်သော James Mintert နှင့် Michael Langemeier တို့၏ ရေးသားဖော်ပြချက်အရ သိရှိရပါသည်။ ထိုသို့ ယုံကြည်မှုများ ကျဆင်းသွားခြင်းသည် ယခင်နှစ်များနည်းတူ စီးပွားရေးတိုင်းတာမှုအရ (၁၂၅)မှတ်တွင် (၅)မှတ်ခန့်
လျော့ကျသွားစေနိုင်သည့် အကြောင်းရင်းတစ်ရပ်ဖြစ်စေခဲ့ကြောင်း ၎င်းတို့မှ ဆက်လက်ဖော်ပြခဲ့ ပါသည်။

(၂၀၂၀)ခုနှစ် အစောပိုင်းကာလ၌ တောင်သူ(၇၂%)သည် နောင်(၅)နှစ်အတွင်း စိုက်ပျိုးရေး ထွက်ကုန် တင်ပို့မှုပမာဏ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။ ထိုအချိန် မှစ၍ တင်ပို့မှုပမာဏအား အချိန်နှင့်အမျှတိုးတက်လာစေရန် စောင့်ကြည့်နေကြသည့် တောင်သူ များသည် ရာခိုင်နှုန်း တဖြည်းဖြည်းကျဆင်းလာ‌ကြောင်း နှင့် ဖေဖော်ဝါရီလ စစ်တမ်းအရ (၃၃%) အထိသို့ပင် ကျဆင်းသွားကြောင်း Mintert နှင့် Langemeier တို့မှ ရေးသားဖော်ပြခဲ့ပါသည်။ ယခုလ စစ်တမ်းကောက်ယူမှုအရ အမေရိကန်၏ တင်ပို့မှုအခြေအနေ ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည့်ဦးရေမှာ (၁၈%) အထိပင် လျော့နည်းသွားခဲ့ပြီး ၎င်းသည် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးတိုင်းတာမှု အချက်အလက်များ စုဆောင်းခြင်း စတင်ဆောင်ရွက်ခဲ့သော (၂၀၁၉) ခုနှစ် မှသည် အနာဂတ်ပို့ကုန်တင်ပို့မှုအပေါ် အားအလျော့ဆုံးဖြစ်စေသည့် ယထာဘူတကျသော အမြင်တစ်ရပ်ဖြစ်ကြောင်း ဆက်လက်ဖော်ပြခဲ့ပါသည်။

ဤစစ်တမ်းကောက်ယူချက်အရ (၁၈%)သည် တင်ပို့မှုကျဆင်းသွားမည်ဟု ခန့်မှန်းခဲ့ကြ သော်လည်း ထုတ်လုပ်သူများ၏(၄၉%)သည် နောင်(၅)နှစ်တာကာလတွင်လည်း တင်ပို့မှု အခြေ အနေ မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းကြကြောင်း၊ ထိုသို့ခန့်မှန်းခဲ့ကြသည့် စုစုပေါင်း(၆၇%)သည် စစ်တမ်းအားဖြေဆိုသူများအနက်မှ အများဆုံးကိုယ်စားပြုသည့် အရေ အတွက်ဖြစ်ပြီး (၄)နှစ်အတွင်း တင်ပို့မှုအခြေအနေမှာ တည်ငြိမ်နေမည် (သို့မဟုတ်) ကျဆင်း သွားမည်ဟုသာ ခန့်မှန်းထားကြကြောင်း သိရှိရပါသည်။

ယခုနှစ်ပို့ကုန် တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ (၁၈၄.၅) ဘီလီယံသို့ (၆%)ခန့် ကျဆင်းသွားမည်ဟု USDA မှ ခန့်မှန်းထားပြီး စားသောက်ကုန်စည်ဈေးနှုန်းများ နှင့် တင်ပို့သည့် တန်ချိန် လျော့နည်းလာခြင်းကြောင့် ပို့ကုန်တင်ပို့မှုအခြေအနေ ကျဆင်းလာရသော်လည်း ဒုတိယမြောက် ရောင်းအားအများဆုံး စာရင်းဝင်နေဆဲဖြစ်ကြောင်း၊ ကာလရှည် USDA ၏ အခြေခံအစီအစဉ်များအရ အနည်းငယ် ပြန်လည်နလန်ထူမှု မစတင်မီ ကမ္ဘာ့စီးပွားရေး ကျဆင်းမှု၊ အတိုးနှုန်းမြင့်မားမှုနှင့် ဒေါ်လာအားကောင်းမှုတို့ကြောင့်  တင်ပို့မှုပမာဏ ကျဆင်းမှု သည် (၂၀၂၆)ခုနှစ်အထိ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ပို့ကုန်တင်ပို့မှုများ အခြေအနေ ဆက်လက်ကျဆင်းသွားမည်ဖြစ်ပြီး အထူးသဖြင့် အစေ့အဆန်များတင်ပို့မှု နှင့် ပဲပုပ်တင်ပို့မှု တို့တွင် အဆိုးရွားဆုံး ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း (၈. ၃. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန် သည့်  
Successful Farming သတင်းအရ သိရှိရပါသည်။

Source    https://www.agriculture.com/news/business/more-farmers-expect-slowdown-in-ag-exports

တင်ပြသူ    ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မတ်လ (၁၅) ရက်    
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ