ရှမ်းကြက်သွန်ဖြူ အသစ်ဈေးနှုန်းကျဆင်း
- Thu, 16 March 2023
မတ်လဆန်းတွင် ရှမ်းကြက်သွန်ဖြူအသစ်များ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်ခဲ့ပြီး ဈေးနှုန်း ကျဆင်းခဲ့သည်။
ကြက်သွန်ဖြူအသစ်မပေါ်မီကာလ (၂၀၂၂) ခုနှစ် ဒီဇင်ဘာလလယ်မှ စတင်၍ ဈေးကွက်အတွင်း ကြက်သွန်ဖြူအမွှာ (အဟောင်း) များ အနည်းငယ်သာရှိသဖြင့် ဈေးနှုန်း မြင့်တက်လာခဲ့ပါသည်။ (၂၀၂၃) ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ရှမ်းကြက်သွန်ဖြူ ဟောင်း (S5) အလုံးကြီးလက်ကား ဈေးနှုန်းသည် (၁) ပိဿာလျှင် (၆၃၀၀) ကျပ် ရရှိခဲ့သော် လည်း ဖေဖော်ဝါရီ (၁၅) ရက်နေ့တွင်မူ ရှမ်းကြက်သွန်ဖြူအသစ် (S5) လက်ကားဈေးနှုန်း သည် (၁) ပိဿာ လျှင် (၅၅၀၀) ကျပ်နှုန်းဖြင့် ရန်ကုန်ဈေးကွက်သို့ ရောက်ရှိခဲ့သည်။ မတ် (၆) ရက်တွင် ရှမ်းပြည်နယ် အောင်ပန်းမြို့မှ ကြက်သွန်ဖြူအသစ် S2လက်ကားဈေးသည် (၁) ပိဿာလျှင် (၃၃၀၀) ကျပ်၊ S3 (၁) ပိဿာလျှင် (၃၅၀၀) ကျပ်၊ S4 (၁) ပိဿာလျှင် (၃၇၀၀) ကျပ်နှင့် S5 (၁) ပိဿာလျှင် (၃၉၀၀) ကျပ်တို့ဖြစ်သည်။
(၂၀၂၂) ခုနှစ်နှောင်းပိုင်းနှင့် (၂၀၂၃) ခုနှစ်အစောပိုင်းတွင် ရှမ်းကြက်သွန်ဖြူဈေးနှုန်း အတက်အကျရှိသော်လည်း ကြူကုတ်ကြက်သွန်ဖြူမှာ (၁) ပိဿာလျှင် (၃၆၀၀) ကျပ် ဝန်းကျင်သာ ရှိသည်။ ရှမ်းပြည်နယ် အောင်ပန်းမြို့နယ်ရှိ ကုန်စည်ဒိုင်များတွင် ကြက်သွန်ဖြူ ဈေးနှုန်းများမှာ S1 (၁) ပိဿာလျှင် (၂၄၀၀) ကျပ်၊ S2 (၂၆၀၀) ကျပ်၊ S3 (၃၀၀၀) ကျပ်၊ S4 (၃၉၀၀) ကျပ်နှင့် S5 (၄၀၀၀) ကျပ်စသည့်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားလျက် ရှိပါသည်၊၊
(၂၀၂၂) ခုနှစ်အစပိုင်းတွင် ရှမ်းကြက်သွန်ဖြူနှင့် ကြူကုတ်ကြက်သွန်ဖြူ လက်ကား ဈေးသည် (၁) ပိဿာလျှင် (၃၀၀၀) ကျပ် နှင့် (၃၆၀၀)ကျပ် အသီးသီးရရှိကာ မတ်လ (၁၀) ရက်တွင် (၁) ပိဿာလျှင် (၄၀၀၀) ကျပ် နှင့် (၇၀၀၀) ကျပ် အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ ရှမ်းကြက်သွန်ဖြူ (S5) နှင့် ကြူကုတ်ကြက်သွန်ဖြူ (၁) ပိဿာလျှင် (၃,၁၀၀) ကျပ်နှင့် (၅,၀၀၀) ကျပ် ပေါက်ဈေးရှိပြီး မတ်လ (၂၈) ရက်တွင် ရှမ်းကြက်သွန်ဖြူအသစ်များ ရောက်ရှိလာပြီးနောက် (၂၀၂၂) ခုနှစ် အစောပိုင်းတွင် ကြက်သွန်နီဈေး မြင့်တက်လာသကဲ့သို့ ကြူကုတ်ကြက်သွန်ဖြူ ဈေးသည် စက်တင်ဘာလဆန်းပိုင်းတွင် (၁) ပိဿာလျှင် (၅၀၀၀) ကျပ် အထိ ရှိလာခဲ့သော်လည်း ရက်အနည်းငယ်အတွင်း ဈေးပြန်ကျသွားသည်၊၊
(၂၀၂၃) ခုနှစ် အောက်တိုဘာလမှ မတ်လဆန်းအထိ ကြူကုတ်ကြက်သွန်ဖြူ လက်ကားဈေးသည် (၁) ပိဿာလျှင် (၃၅၀၀-၃၈၀၀) ကျပ် ဝန်းကျင်သာရှိသည်။ (၂၀၂၂) ခုနှစ် ဒီဇင်ဘာလလယ်အထိ ရှမ်းကြက်သွန်ဖြူဈေးနှုန်းမှာ S5 (၁) ပိဿာလျှင် (၄၃၀၀) ကျပ် ရရှိ ခဲ့သည်။ အိမ်ရှင်မများအနေဖြင့် အမွှာသေးပြီးအရသာကောင်းမွန်သော ရှမ်းကြက်သွန်ဖြူကို အသုံးပြုကြပြီး အခွံခွာရလွယ်ကူသော ကြူကုတ်ကြက်သွန်ဖြူများကို စားသောက်ဆိုင်များမှ အသုံးပြုခဲ့ကြသည်။ ထို့ကြောင့် ဤကြက်သွန်ဖြူ နှစ်မျိုးသည် မတူညီသော စျေးကွက် အခြေအနေရှိပြီး စျေးနှုန်းမှာလည်း ကွာခြားလျက်ရှိပါသည်။ ကြူကုတ်ကြက်သွန်ဖြူသည် အရွယ်အစား ကြီးမားသည့်ရှမ်းကြက်သွန်ဖြူ (S5) အရွယ်ထက်ကို အနည်းငယ် ပိုကြီးပါသည်။
ယခုနှစ်တွင် ရှမ်းကြက်သွန်ဖြူဈေးနှုန်း မြင့်တက်လျက်ရှိပြီး ပခုက္ကူဒေသမှ ဗမာ ကြက်သွန်ဖြူများ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်လာကြောင်း သိရသည်။ယခုနှစ်အစပိုင်းတွင် ရှမ်းကြက်သွန်ဖြူ ဈေးတက်ခြင်းကြောင့် ပခုက္ကူဒေသမှ ကြက်သွန်ဖြူများ ရန်ကုန် ဈေးကွက် သို့ဝင်ရောက် လာကြောင်းသိရသည်။ ပခုက္ကူ ကြက်သွန်ဖြူ S2 လက်ကားဈေးသည် (၁) ပိဿာလျှင် (၃၉၀၀) ကျပ်နှင့် S3 (၁) ပိဿာလျှင် (၄၉၀၀) ကျပ်ဖြစ်ကြောင်း (၇.၃.၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်၊၊
Source https://www.gnlm.com.mm/price-of-newly-arrived-shan-garlic-declines/
တင်ပြသူ ဒေါ်ဥမ္မာထွန်း၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊မတ်လ (၁၅)ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ဦးစီးအရာရှိ၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ဒု- ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန