မြန်မာ့ရာဘာထုတ်လုပ်မှု၏ (၇၅%)အား တရုတ်နိုင်ငံသို့ တင်ပို့

  • Thu, 16 March 2023

မြန်မာ့ရာဘာထုတ်လုပ်မှု၏ (၇၅%)အား တရုတ်နိုင်ငံသို့ တင်ပို့


မြန်မာနိုင်ငံမှ ထွက်ရှိသည့်ရာဘာများအား အဓိက ဝယ်ယူသူဖြစ်သော တရုတ်နိုင်ငံသည် မြန်မာ့ရာဘာထုတ်လုပ်မှု၏ (၇၅%)ကို ဝယ်ယူလျက်ရှိပါသည်။

မြန်မာနိုင်ငံသည် ရာဘာထွက်ကုန် စုစုပေါင်း၏ (၉၂%)အား ပြည်ပသို့ တင်ပို့လျက်ရှိပါ သည်။ မြန်မာနိုင်ငံမှ ရော်ဘာတင်ပို့မှု ထိပ်တန်းနိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး ရာဘာထွက်ကုန် စုစုပေါင်း၏ (၇၅%)အား တင်သွင်းလျက်ရှိကာ ကျန်ရှိသော ရာဘာထွက်ကုန်၏ (၁၇%)အား အင်ဒိုနီးရှား၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယ နှင့် တရုတ်တိုင်ပေ စသည့်နိုင်ငံများသို့ တင်ပို့လျက်ရှိပါသည်။ ပြည်တွင်း၌ သုံးစွဲမှုနှုန်းသည် ပြည်တွင်းရာဘာထွက်ကုန် စုစုပေါင်း၏ (၈%)မျှသာရှိကြောင်း မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ပြောကြားချက်များအရ သိရှိရပါသည်။

ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံအတွက် အရေးပါသော စိုက်ပျိုးရေး လုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ ရာဘာစိုက်ပျိုးသည့်ဧရိယာ မြောက်မြားစွာရှိပါသည်။ မြန်မာ နိုင်ငံ ရာဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၏ အဆိုအရ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ဧက (၁.၆)သန်းကျော်ရှိပြီး တစ်နှစ်လျှင် ဧက (၈၀၀၀၀၀)ကျော်မှ ရာဘာတန်ချိန် (၃၀၀,၀၀၀)အား အစေးခြစ်ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံရှိ ရာဘာလုပ်ငန်းအများစုသည် မေလမှ စက်တင်ဘာလအထိ ရာဘာစိုက်ပျိုး သည့် ရာသီချိန်အဖြစ် သတ်မှတ်ပြီး ၎င်းအချိန်သည် ရာဘာအစေးခြစ်ထုတ်လုပ်မှု ရပ်ဆိုင်းရမည့် ကာလ ဖြစ်ပါသည်။

ပြည်တွင်း၌ RSS3 ရာဘာပေါက်ဈေးသည် တစ်ပေါင်လျှင် (၁၃၈၀)ကျပ်ဖြစ်ပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်၏ နောက်ဆုံး (၁၁)လတွင် မြန်မာနိုင်ငံမှ တန်ချိန် (၂၀၀,၀၀၀) ကျော် တင်ပို့နိုင်ခဲ့ပါသည်။

ရာဘာပင်အများစုကို မွန်ပြည်နယ်တွင် စိုက်ပျိုးလျက်ရှိပြီး ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့၌လည်း စိုက်ဧရိယာများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်းကို  (၁၃. ၃. ၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်သော Global News Light of Myanmar သတင်းဆောင်းပါးအရ သိရှိ ရပါသည်။

Source    https://www.gnlm.com.mm/myanmar-ships-75-of-rubber-production-to-china/

တင်ပြသူ    ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မတ်လ(၁၅) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ