မြောက်ကိုရီးယားသည် စားနပ်ရိက္ခာပြတ်လပ်နေချိန်၌ လယ်ယာကဏ္ဍအား ပိုမိုထိန်းချုပ်ရန်ဆန္ဒရှိ

  • Wed, 8 March 2023

မြောက်ကိုရီးယားသည် စားနပ်ရိက္ခာပြတ်လပ်နေချိန်၌ လယ်ယာကဏ္ဍအား ပိုမိုထိန်းချုပ်ရန်ဆန္ဒရှိ


စိုက်ပျိုးရေးကဏ္ဍအပေါ် နိုင်ငံတော်အဆင့် ထိန်းချုပ်ကွပ်ကဲခြင်း ပိုမိုအားကောင်းစေရန် အတွက်  စီမံပြီးနောက် သီးနှံအထွက်တိုးစေမည့် အခြားကဏ္ဍများကိုပါ အရှိန်အဟုန်မြှင့်တင်ကာ ဆက်လက်ဆောင်ရွက်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ကတိ ကဝတ်ပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ သို့သော်လည်း ပိုမိုဆိုးရွားလာသည့် စားနပ်ရိက္ခာပြတ်လပ်မှုကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားပါသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် လေးရက်ကြာ တွေ့ဆုံဆွေးနွေးမှုကာလအတွင်း၌ Kim Jong Un ၏ စီမံဆောင်ရွက်ချက်များသည် ကြိမ်ဖန်များစွာ ထပ်တလဲလဲဆောင်ရွက်ခဲ့သည့် ၎င်း၏ အတိတ်ကာလက မူဝါဒအား ထုတ်ဖော်လှစ်ဟပြသကဲ့သို့ ဖြစ်နေသည်။ မြောက်ကိုရီးယား သည် စျေးကွက်လည်ပတ်မှုကို ကန့်သတ်ထားသည့်အပြင် ၎င်း၌ ရှားပါးလှသည့် အရင်းအမြစ် များကိုလည်း နျူကလီးယားအစီအစဉ်တွင်သာ ရင်းနှီးမြှုပ်နှံထားသောကြောင့် စားနပ်ရိက္ခာ လုံလောက်မှုမရှိသည်ကို လျင်မြန်စွာဖြေရှင်းနိုင်မည့် အလားအလာမှာ ဝေဝါးနေဆဲ ဖြစ်ပါသည်။

စားနပ်ရိက္ခာအခြေအနေသည် Kim Jong Un ၏ (၁၁)နှစ်ကြာ အုပ်ချုပ်မှုကာလတွင် အဆိုးရွားဆုံးဖြစ်သည်ဟု ကျွမ်းကျင်သူများက ထင်မြင်ယူဆကြသော်လည်း မကြာမီကာလ အတွင်း၌ ငတ်မွတ်ခေါင်းပါးမှု (သို့) အစုလိုက်အပြုံလိုက် သေဆုံးမှု လက္ခဏာများမရှိကြောင်း  ၎င်းတို့က ဆက်လက် ပြောကြားကြပါသည်။

ဗုဒ္ဓဟူးနေ့က ပြီးဆုံးခဲ့သော အာဏာရအလုပ်သမားပါတီ အစည်းအဝေး၌ မြောက် ကိုရီးယားအစိုးရအဖွဲ့အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို မဟာဗျူဟာမြောက် အရေးကြီးကိစ္စရပ်အဖြစ် သတ်မှတ်သောကြောင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာပန်းတိုင်များကို ပျက်ကွက် လစ်ဟာမှု မရှိစေဘဲ တစိုက်မက်မက် ဆောင်ရွက်သင့်သည်ဟု Kim Jong Un က ပြောကြားခဲ့ကြောင်း တရားဝင် Korean Central News Agency ၏ သတင်းအချက် အလက်များအရ သိရှိရသည်။

“ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ကြီးမားသော ရေရှည်ရည်မှန်း ချက်အား အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်သော

ပါတီလမ်းညွှန်ချက်များအား တိကျပြတ်သားကာ ခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့်အပြင် ကျေးလက်ပါတီများအနေနှင့်လည်း တိုးတက်ရန်လိုအပ်ကြောင်း Kim Jong Un မှ ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်ချက်၌ တိကျစွာဖော်ပြထားခြင်းမရှိသော တစ်ဖက် စောင်းနင်းဖြစ်နေသည့် မမျှတမှုများကို ကျော်လွှားပြီး လယ်ယာကဏ္ဍ အထွက်နှုန်းတိုးမြှင့် စေရေးကိုသာ အာရုံစိုက်ရန်အတွက် Kim Jong Un မှတာဝန်ရှိသူများအား အမိန့်ပေးခဲ့ကြောင်း၊ မြို့တော် နှင့် ခရိုင် အာဏာပိုင်များ အနေနှင့်လည်း စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်မှုများကို မြှင့်တင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Kim Jong Un သည် ၎င်းအစိုးရ၏ လယ်ယာစိုက်ပျိုးရေးဆိုင်ရာလမ်းညွှန်ချက်ကို မည်ကဲ့သို့ ပြန်လည်အားဖြည့်လိုကြောင်းကိုမူ Korean Central News Agency မှ အသေးစိတ် ဖော်ပြ ထားခြင်းမရှိပေ။ သို့သော် Kim Jong Un ၏ ညွှန်ကြားချက်များသည် သီးနှံထောက်ပံ့ ဖြည့်တင်းရာတွင် ယင်းအောက်၌ ပါဝင်သူများထက် စျေးကွက်ကို ဗဟိုအာဏာပိုင်များက ထိန်းချုပ်သည့် ဆိုရှယ်လစ်ပုံစံစီစဉ်ထားသောစီးပွားရေးစနစ်၏ အစိတ်အပိုင်းများကိုပြန်လည် ရယူရန် ၎င်း၏တွန်းအားပေးမှုကို ထပ်မံအတည်ပြုခြင်းသာဖြစ်ကြောင်း၊ ယင်းအခြင်းအရာ သည် မြောက်ကိုရီးယား၏ ပိုမိုဆိုးရွားလာစေသော စားနပ်ရိက္ခာအခြေအနေ၏ နောက်ကွယ်ရှိ အကြောင်းရင်းများစွာထဲမှ တစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားရှိ ပုဂ္ဂလိက GS&J Institute မှ အကြီးတန်းစီးပွားရေးပညာရှင် Kwon Tae-jin ကမူ "၎င်းတို့၏အမြင်၌ မြောက်ကိုရီးယား၏အခြေအနေသည် နောက်သို့ပြန်ဆုတ်သွား ကာ အတိတ်ကာလအခြေအနေများဆီသို့ပင် ပြန်လည်ရောက်ရှိသွားကြကြောင်း၊ စားနပ်ရိက္ခာ ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် စျေးကွက်များ၏ အခန်းကဏ္ဍကို ပိုမိုနေရာပေးသင့် ကြောင်း၊  သို့သော်လည်း ခေတ်နောက်ပြန်ဆွဲနေသည့် စီးပွားရေးစနစ်ဆီသို့သာ ပြန်သွားနေ ကြကြောင်း” ပြောကြားခဲ့ပါသည်။

နောက်ဆုံးပြုလုပ်သည့် မြောက်ကိုရီးယားအစည်းအဝေးသည် အမျိုးသား စားနပ်ရိက္ခာ ထုတ်လုပ်မှု တိုးတက်စေရေးအတွက် လက်ရှိရေရှည်မဟာဗျူဟာများ၏ တိုးတက်မှုကို ပြန်လည် သုံးသပ်ရန် ရည်ရွယ်ကြောင်း၊ သက်ဆိုင်ရာ ရည်မှန်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူ များအား သတိပေးပြောကြားပြီး ၎င်းတို့ကို အကောင်အထည် ဖော်နိုင်ရေး နည်းလမ်းများကို ဆွေးနွေးရန်သာ ရည်ရွယ်ကြောင်း၊ သို့သော်လည်း အဓိပ္ပါယ်ရှိသော ဗျူဟာသစ်များ (သို့) ဦးတည်ချက်ကို ဖော်ပြခြင်း မရှိသေးကြောင်းကို ဆိုးလ်မြို့ရှိ Kyungnam University's Institute for Far Eastern Studies မှ ပါမောက္ခ Lim Eul-chul က ပြောကြားခဲ့ပါသည်။

မြောက်ကိုရီးယား၏ (၂၀၂၂)ခုနှစ် သီးနှံထွက်ရှိမှုသည် တန်ချိန် (၄.၅)သန်းရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်ကထက် (၃.၈%) ကျဆင်းခဲ့ကြောင်း တောင်ကိုရီးယား အကဲဖြတ် မှတ်တမ်းများအရ သိရှိရပါသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ၎င်း၏နှစ်စဉ်ထုတ်လုပ်မှု သည် တန်ချိန် (၄.၄-၄.၈) သန်းခန့်ရှိခဲ့သည်။ တောင်ကိုးရီးယား ထောက်လှမ်းရေးအေဂျင်စီ၏ ပြောကြားချက်အရ မြောက်ကိုရီးယားသည် ၎င်း၏လူပေါင်း (၂၅) သန်းကို နှစ်စဉ်ကျွေးမွေးရန် အတွက် သီးနှံတန်ချိန် (၅.၅) သန်း လိုအပ်နေကြောင်း သိရှိရပါသည်။

ယခင်မျက်နှာစုံညီ အစည်းအဝေးများသည် နိုင်ငံ၏ နျူကလီးယားအစီအစဉ် (သို့မဟုတ်) အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် ပြိုင်ဆိုင်မှုအပေါ်သာ အဓိကထား လုပ်ဆောင် ခြင်းဖြစ်ကြောင်း၊ ပါတီဗဟိုကော်မတီ၏ စိုက်ပျိုးရေးဆိုင်ရာ စုံညီအစည်းအဝေးကို ကျင်းပ ခြင်းသည် စားနပ်ရိက္ခာအခြေအနေဆိုးရွားနေခြင်းကို အသိအမှတ်ပြုခြင်းပင်ဖြစ်ကြောင်း၊ သို့သော် ကျွမ်းကျင်သူအချို့ကမူ နိုင်ငံသည် ၎င်း၏ ပြည်သူများကို ဂရုစိုက်သော ခေါင်းဆောင် တစ်ဦးအဖြစ် ကင်၏ ပုံရိပ်ကို တောက်ပစေရန် ရည်ရွယ်ပြီး ၎င်း၏နျူကလီးယားလက်နက် ချဲ့ထွင်ရန်အတွက် ပြည်တွင်းထောက်ခံမှုကိုသာ မြှင့်တင်ရန် ရည်မှန်းထားကြောင်း ကျွမ်းကျင်သူ အချို့က ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲအတွင်း ကင်ဂျုံအွန်က ရာသီဥတုဖောက်ပြန်မှုကြောင့် ပြင်းထန်သော ရာသီဥတု အခြေအနေများကို ရင်ဆိုင်ဖြေရှင်းနိုင်စေမည့် ဆည်မြောင်းစနစ်သစ်များ အမြန် ဆောက်လုပ်ရန် ပြောကြားခဲ့သည့်အပြင် ထုတ်လုပ်သူများအား ပိုမိုထိရောက်သော လယ်ယာသုံးစက်ကိရိယာများ ဖန်တီးပံ့ပိုးပေးရန်နှင့် အလုပ်သမားများ၏လုပ်အားဖြင့် ဒီရေလွှမ်းသောမြေများအား လယ်ယာ မြေအဖြစ်သို့ ပြောင်းလဲရန်အတွက် အရှိန်အဟုန်မြှင့်တင်ကာ လုပ်ဆောင်ရန်လည်း ပြောကြားခဲ့ ကြောင်းကို (၂.၃.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် ABC news သတင်းအရ သိရှိရပါသည်။

Source    https://abcnews.go.com/Politics/wireStory/korea-control-farming-amid-food-shortage-97569378

တင်ပြသူ    ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ မတ်လ (၈) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ