ပန်ဂျပ်၏ စိုက်ပျိုးရေးဆိုင်ရာတန်ဘိုးကွင်းဆက်များအား တွန်းအားပေးနှိုးဆော်ဆောင်ရွက်လာ

  • Wed, 8 March 2023

ပန်ဂျပ်၏ စိုက်ပျိုးရေးဆိုင်ရာတန်ဘိုးကွင်းဆက်များအား တွန်းအားပေးနှိုးဆော်ဆောင်ရွက်လာ


ကိုယ်ထူကိုယ်ထအစုအဖွဲ့များ (SHGs) ခိုင်မာအားကောင်းလာစေရေးမှသည် စိုက်ပျိုးရေး ဆိုင်ရာ တန်ဖိုးကွင်းဆက်များ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်သည်အထိ ဘဏ်များ ပူးပေါင်း ပါဝင်ဆောင်ရွက်ရေး ကဏ္ဍများအပါအဝင် Punjab ပြည်နယ်အတွက် တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ စီစဉ်ရေးဆွဲထားပြီးဖြစ်ပါသည်။

ကနဦးစတင်ဆောင်ရွက်မှုများသည် လုပ်ငန်းရှင်များအချင်းချင်း ပေါင်းစည်းဆောင်ရွက် သည့် လုပ်ငန်းစဉ်များကို ပိုမိုအားကောင်း လာစေရေးအတွက် အထောက်အကူ ဖြစ်စေရုံသာမက တောင်သူများ ဝင်ငွေတိုးလာစေရေးအတွက်လည်း အထောက်အကူ ဖြစ်လာစေပါသည်။

Hinduja ၏ အထောက်အကူဖြစ်စေသည့် IndusInd ဘဏ်သည် အသေးစားငွေစု ငွေချေးအတွက် သီးခြားအစုတစ်ခု လျာထားဆောင်ရွက်ထားပါသည်။ Mohali တွင် ကျင်းပသည့် Punjab ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံသူများ၏ ထိပ်သီးအစည်းအဝေးတွင် ဘဏ်သည်  အထူး သဖြင့် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ နှင့် ကိုယ်ထူကိုယ်ထအဖွဲ့များကဲ့သို့သော အသေးစား ငွေစုငွေချေးအဖွဲ့များအတွက် ရူပီး (၂,၀၀၀)ကု‌ဋေ လျာထားကြောင်း Hinduja Group က ပြောကြားခဲ့ပါသည်။ ထို့ပြင် နယ်စွန်နယ်ဖျားရှိ တောင်သူများအတွက် တစ်ပိုင်တစ်နိုင် အအေး ခန်းငယ်များကဲ့သို့သော စိုက်ပျိုးရေးဆိုင်ရာ တန်ဖိုးကွင်းဆက်တ‌လျှောက်ရှိ အခြေခံ အဆောက် အဦးများအတွက် ငွေကြေးရင်းနှီးမြှုပ်နှံရန် သဘောတူကြပါသည်။ ရိုးပြတ်များမီးရှို့ခြင်း လုပ်ငန်း စဉ်အား စနစ်တကျ ထိန်းသိမ်းကိုင်တွယ်နိုင်ရန်အတွက် ရိုးပြတ်ဘေထုတ်စက်များ နှင့် မျိုးစေ့ချ စက်များအတွက်လည်း ဘဏ်မှ ငွေကြေး ရင်းနှီးမြှုပ်နှံမည် ဖြစ်ပါကြောင်း Vikramjit Singh Sahney ၏ ပါလီမန်အဖွဲ့ဝင်ဖြစ်သူ Rajya Sabha က ပြောကြားခဲ့ပါသည်။

UAE အခြေစိုက် Lulu Group သည် Dera Bassi ရှိ စိုက်ပျိုးရေးဆိုင်ရာ တန်ဖိုး ကွင်းဆက်တွင် ရင်းနှီးမြှုပ်နှံမည်ဟု ပါလီမန်အဖွဲ့ဝင်က ပြောကြားခဲ့ပါသည်။ အဆိုပါ ပြည်နယ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တာရှည်ခံအောင် ထိန်းသိမ်းထားရှိခြင်း၊ အဆင့်ခွဲခြင်းနှင့် အမျိုးအစား ခွဲခြားခြင်းလုပ်ငန်းစဉ်များ စသည့် စိုက်ပျိုးရေးဆိုင်ရာ တန်းဖိုးကွင်းဆက်တွင် အဓိက ရင်းနှီးမြှုပ်နှံရန် အသင့်ဖြစ်ကြောင်း Sahney က ပြောကြားခဲ့ပြီး နိုင်ငံပေါင်း (၂၂)နိုင်ငံရှိ Lulu Group ၏ အဆင့်မြင့်ဈေးကွက် နှင့် စူပါမားကတ် (၂၃၀) ခု မှတဆင့် ပြုပြင်ထုတ်ပိုးထား သည့် ကုန်ပစ္စည်းများ လက်လီရောင်းချသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြား ခဲ့ပါသည်။

Lulu Group သည် ကြီးမားသော အအေးခန်းကွင်းဆက် စက်ရုံကြီးတစ်ခုကို တည်ဆောက် မည်ဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ရူပီး (၁၅၀) ကုဋေဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ Group သည် ဤရည်ရွယ်ချက်အတွက် လိုအပ်သော မြေဧက (၄၀) ဌားရမ်း ထားရှိပြီး ဖြစ်ပါသည်။ လက်ရှိတွင် Lulu Group သည် Dera Bassi တွင် အသားပြုပြင် ထုတ်လုပ်သည့် စက်ရုံတစ်ခု ရှိပါသည်။
စိုက်ပျိုးရေး နှင့် ပြုပြင်ထုတ်ပိုးသည့် စားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) သည် Tarn Taran တွင် ဘာစမာတီဆန် တင်ပို့မှုနှင့် ပိုးသတ်ဆေး သုတေသနစင်တာ တည်ထောင်ထားကြောင်း ပြောကြားခဲ့ပါသည်။

ထို့ပြင် Hinduja Group သည် အစိုးရနှင့်ပူးပေါင်း၍ Punjab တွင် လျှပ်စစ်ကားထုတ်လုပ်ရန် နှင့် ၎င်းအနီးတွင် ယာဉ်မောင်းသင်တန်း ကျောင်းဖွင့်လှစ်ရန် စိတ်ဝင်စားကြောင်းလည်း ပြောကြား ခဲ့ကြောင်း (၃-၃-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.tribuneindia.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

Source    https://www.tribuneindia.com/news/punjab/agri-value-chain-gets-a-shot-in-the-arm-484298

တင်ပြသူ    ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မတ်လ (၈) ရက်    
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ