ဖေဖော်ဝါရီ (၁၁)ရက်မှ (၁၇)ရက်အထိ မြန်မာ့ဆန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၁၅)သန်းကျော်ရှိ

  • Wed, 8 March 2023

ဖေဖော်ဝါရီ (၁၁)ရက်မှ (၁၇)ရက်အထိ မြန်မာ့ဆန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၁၅)သန်းကျော်ရှိ


မြန်မာနိုင်ငံသည် (၂၀၂၃) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၇) ရက်အတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ  (၁၅.၇၉၆) သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းအင်းများအရ သိရှိရသည်။
 မြန်မာနိုင်ငံအနေဖြင့်ပင်လယ်ရေကြောင်းမှတဆင့် ဆန်တင်ပို့မှုသည် ယခုသီတင်းပတ် အတွင်း တန်ချိန် (၁၃,၅၀၀) ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၅.၈၄၃)သန်းရှိပြီး အာရှနိုင်ငံများသို့ တန်ချိန် (၆,၆၉၀) ကျော်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ တန်ချိန် (၆,၈၀၀) ခန့် တင်ပို့နိုင်ခဲ့သည်။ မြန်မာနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် (၄,၂၉ဝ)၊ တရုတ်နိုင်ငံသို့ တန်ချိန် (၂,၀၈၀) ခန့်၊ မလေးရှား နိုင်ငံသို့ တန်ချိန် (၂၅၀) ခန့်နှင့် ဗီယက်နမ်နိုင်ငံသို့ ပမာဏအနည်းငယ် တင်ပို့နိုင်ခဲ့သည်။

မြန်မာနိုင်ငံမှ နယ်သာလန်နိုင်ငံသို့ တန်ချိန် (၁,၀၀၀) ခန့်၊ တူရကီနိုင်ငံသို့ တန်ချိန် (၂,၀၀၀) ကျော်၊ ပိုလန်နိုင်ငံသို့တန်ချိန် (၇၀၀) ခန့်၊ ဘယ်လ်ဂျီယံနိုင်ငံသို့ တန်ချိန်(၅၅၀)၊ အီတလီနိုင်ငံသို့ တန်ချိန်(၅၀၀)၊ အင်္ဂလန်သို့ တန်ချိန်(၄၇၅) နှင့် အခြားဥရောပနိုင်ငံများသို့ ပမာဏအနည်းငယ် တင်ပို့ခဲ့သည်။

ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မှတဆင့် တရုတ်နိုင်ငံသို့အမေရိကန် ကန်ဒေါ်လာ (၁.၅၈) သန်းတန်ဖိုးရှိ ဆန်တန်ချိန် (၄,၀၆၀) ကျော် တင်ပို့ခဲ့သည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းများမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် (၁၇,၅၆၀) ကျော် ခန့်မှန်းတန်ဖိုးအမေရိကန်ဒေါ်လာ(၇.၄၂၃) သန်းတင်ပို့ခဲ့သည်။ တင်ပို့မှု ပမာဏမှာ ယခင်သီတင်းပတ်ကထက် တန်ချိန် (၉,၀၀၀)ကျော် သိသိသာသာ ကျဆင်း သွားကြောင်း ညွှန်ပြခဲ့သည်၊၊

မြန်မာ့ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတဆင့် ဆန်ကွဲတန်ချိန် (၁၄,၈၅၀) ခန့် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ (၅.၆၂၃) သန်းရရှိခဲ့ကြောင်း၊ ဥရောပသို့ တန်ချိန် (၅,၄၀၀) ကျော်နှင့် အာရှနိုင်ငံများသို့  တန်ချိန် (၉,၄၄၀)ခန့် တင်ပို့နိုင်ခဲ့သည်။ ဆန်ကွဲအများစုကို ဘယ်လ်ဂျီယံနိုင်ငံသို့တင်ပို့ခဲ့ပြီး တန်ချိန်ပမာဏ (၁,၄၅၀) တင်ပို့နိုင်ခဲ့ကြောင်း၊ နယ်သာလန်သို့ (၉၇၅) တန်၊ အီတလီသို့ (၄၅၀) တန် နှင့် ကျန်ပမာဏကို ဥရောပနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း၊

တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် (၉,၃၆၀) ကျော်နှင့် စင်ကာပူနိုင်ငံသို့ (၇၅) တန် တင်ပို့ထား ကြောင်းသိရှိရပါသည်၊၊
တစ်ဖက်တွင်လည်း အမေရိကန်ဒေါ်လာ (၂.၇၅) သန်းတန်ဖိုးရှိ ဆန်ကွဲ တန်ချိန် (၇,၄၁၀) ကျော်ကို နယ်စပ်ဖြတ်ကျော် တင်ပို့ခဲ့ပြီး  တရုတ်နိုင်ငံသို့ တန်ချိန် (၆,၇၀၀) ကျော်နှင့် ထိုင်းနိုင်ငံသို့ တန်ချိန် (၇၁၀) ကျော် တင်ပို့ခဲ့သည်။

ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၈.၃၇၃) သန်းရှိပြီး ပမာဏအားဖြင့် တန်ချိန် (၂၂,၂၆ဝ) ခန့်ရှိကြောင်း သိရသည်။ ဆန်နှင့် ဆန်ကွဲ တင်ပို့မှု ပမာဏမှာ တန်ချိန် (၃၉,၈၃၀) ရှိပြီးတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁၅.၇၉၆) သန်းရှိကြောင်း (၃.၃.၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light Of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်၊၊

Source    https://www.gnlm.com.mm/myanmar-bags-over-us15-mln-in-rice-exports-on-11-17-feb/

တင်ပြသူ    ဒေါ်ဥမ္မာထွန်း၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ မတ်လ (၈)ရက်
စစ်ဆေးသူ    ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု- ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ