MRPP သည် နွေစပါးအတွက် မြေဩဇာများကို သင့်တင့်သောဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်

  • Wed, 8 March 2023

MRPP သည် နွေစပါးအတွက် မြေဩဇာများကို သင့်တင့်သောဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်


မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ  ဓာတ်မြေသြဇာများကို နွေစပါး စိုက်ပျိုးရာတွင် သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပါသည်။

ဓာတ်မြေသြဇာသည် တံဆိပ်အမျိုးမျိုး (Kinzou urea နှင့် Susan အမှတ်တံဆိပ်များ) ပေါ်မူတည်၍ တစ်အိတ်လျှင် ငွေကျပ် (၇၁,၀၀၀-၇၅,၀၀၀) ပေါက်ဈေးရပါသည်။

နွေစပါးစိုက်ပျိုးမည့် တောင်သူများသည် အသင်း၏ ဆက်သွယ်ရန် ဖုန်းနံပါတ်                  (၀၉၇၇၅၀၀၂၅၈၉၊ ၀၉၇၈၄၂၃၈၅၉၄ နှင့် ၀၉၇၉၉၂၉၃၈၁၈) မှတဆင့် ဓါတ်မြေသြဇာကို သင့်တင့်သော ဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ပါသည်။
အသင်းမှ ဤအစီအစဉ်ကို ၂၀၂၂ ခုနှစ် ဇွန်လနှောင်းပိုင်းတွင် မိတ်ဆက်ခဲ့ပါသည်။ ပြီးခဲ့သည့် မုတ်သုန်ရာသီတွင် တောင်သူများအား မျိုးစေ့ထုတ်ကုမ္ပဏီများ၊ ဓာတ်မြေသြဇာ တင်သွင်းသည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်း ကောင်းသော မျိုးစေ့များကို လက်ရှိထက် သင့်တင့်သောစျေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန် ဆောင်ရွက်ခဲ့ပါသည်။

ယူရီးယားဓာတ်မြေသြဇာဖြန့်ဖြူးရေး ဦးဆောင်ကော်မတီသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ရောင်းချသည့် နိုင်ငံခြားငွေဖြင့် ဝယ်ယူတင်သွင်းသည့် ယူရီးယားဓာတ်မြေသြဇာ တန်ချိန် (၇၅၀၀၀)ခန့်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၁)ခုရှိ မြို့နယ်ပေါင်း (၁၃၆)ခုတွင် ရှိသော လက်လီအရောင်းဆိုင် (၂၉၁) ဆိုင်သို့ ဖြန့်ဝေခဲ့ပါသည်။

သယ်ယူပို့ဆောင်ရေးစရိတ်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိပြီး ရန်ကုန်ဂိုဒေါင်တွင် ယူရီးယာဓာတ်မြေဩဇာ (၅၀)ကီလိုဂရမ်တစ်အိတ်လျှင် (၈၆,၀၀၀)ကျပ်၊ ပဲခူးတိုင်းဒေသကြီးတွင် (၈၇,၈၀၀)ကျပ်၊ ပြည်မြို့တွင် (၈၈,၆၀၀) ကျပ်၊ မန္တလေးတိုင်းဒေသကြီးတွင် (၈၈,၆၀၀)ကျပ်၊ စလင်း နှင့် ပွင့်ဖြူနယ်မြေများတွင် (၈၉,၁၀၀)ကျပ်၊ မော်လမြိုင်နှင့် သထုံဒေသများတွင် (၈၈,၈၀၀)ကျပ်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် (၈၉,၅၀၀)ကျပ်၊ ရေဦးနှင့်ရွှေဘိုဒေသများတွင်  (၈၉,၈၀၀)ကျပ်၊ ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ်တွင် (၈၈,၀၀၀)ကျပ်၊ ထန်းတပင်တွင် (၈၆,၅၀၀) ကျပ်၊ စစ်တွေတွင် (၉၂,၆၀၀) ကျပ်၊ ရခိုင်ပြည်နယ် မောင်တောတွင် (၉၉,၄၀၀) ကျပ်၊

ဘားအံတွင် (၈၈,၈၀၀) ကျပ် နှင့် ကရင်ပြည်နယ် လှိုင်းဘွဲ့တွင် (၈၉,၃၀၀)ကျပ်၊ ပုသိမ်တွင် (၈၈,၂၀၀)ကျပ် နှင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတတွင် (၈၈,၁၀၀)ကျပ်၊ ကျိုင်းတုံတွင် (၁၀၀,၀၀၀)ကျပ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံတွင် (၉၂,၀၀၀)ကျပ်၊ လားရှိုးတွင် (၉၂,၀၀၀)ကျပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲတွင် (၉၀,၁၀၀)ကျပ်၊ တောင်ကြီးတွင် (၈၉,၅၀၀)ကျပ်၊ ကလောတွင် (၈၈,၈၀၀)ကျပ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်တွင် (၉၂,၀၀၀)ကျပ် အသီးသီးရှိပါသည်။

ယူရီးယားဓာတ်မြေသြဇာဖြန့်ဖြူးရေး ဦးဆောင်ကော်မတီသည် မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့ နှင့် ပိုးသတ်ဆေးလုပ်ငန်းရှင်များအသင်းနှင့် ဆက်နွှယ်သည့် အသင်းဝင်ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းပြီး စံချိန် စံညွှန်းများနှင့် ကိုက်ညီသော ယူရီးယားဓာတ်မြေသြဇာများကို တောင်သူများအား ရောင်းချရန် စီစဉ်နေကြောင်း (၂.၃.၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source    https://www.gnlm.com.mm/mrpp-to-sell-fertilizers-at-fairer-prices-for-summer-paddy/

တင်ပြသူ    ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မတ်လ(၈) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ