ဗြိတိန်နှင့် ထိုင်းနိုင်ငံတို့သည် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့
- Wed, 1 March 2023
ဗြိတိန်နှင့်ထိုင်းနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာ(MoU) တစ်ခု လက်မှတ်ရေးထိုး ခြင်းသည် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။
နားလည်မှုစာချွန်လွှာ(MoU)သည် နှစ်နိုင်ငံအကြား ခိုင်မာသော ရှိရင်းစွဲဆက်ဆံရေးကို တည်ဆောက်ပြီး ဗြိတိန်နှင့်ထိုင်းနိုင်ငံအကြား လယ်ယာထွက်စားသောက်ကုန်များ ကုန်သွယ် မှုတွင် သိသာထင်ရှားသော ကုန်သွယ်မှုဆက်ဆံရေးကို ခိုင်မာစေရန်အတွက် နှစ်နိုင်ငံ၏ ရည်မှန်းချက်ပန်းတိုင်များ နှင့် ဆောင်ရွက်ရန်လုပ်ငန်းစဉ်များကို ချမှတ်ထားပါသည်။
ယခု (MOU) သည် နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်ရန် နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပိုမိုပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ရာတွင် အရေးကြီး သော ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။
ဗြိတိန်နိုင်ငံ သဘာဝပတ်ဝန်းကျင်၊ စားနပ်ရိက္ခာ နှင့် ကျေးလက်ရေးရာဦးစီးဌာန (DEFRA) နှင့် ထိုင်းနိုင်ငံ စိုက်ပျိုးရေး နှင့် သဝါယမဝန်ကြီးဌာန (MOAC) တို့သည် စိုက်ပျိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) ကို သဘောတူညီခဲ့ကြသည်။
လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် လန်ဒန်အခြေစိုက် DEFRA ရုံးတွင် ကျင်းပခဲ့ပြီး အခမ်းအနားကို DEFRA ၏ မဟာဗျူဟာ ညွှန်ကြားရေးမှူးချုပ် Lucy Smith နှင့် MOAC ၏ အမြဲတမ်းအတွင်းဝန် Mr Prayoon Inskul တို့ တက်ရောက်ခဲ့ကြသည်။ DEFRA ၏ အမြဲတမ်းအတွင်းဝန် Tamara Finkelstein သည် Mr Prayoon Inskul နှင့်အတူ MoU တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။
ဗြိတိန်နှင့်ထိုင်း (၂) နိုင်ငံတို့သည် ခရီးသွားလုပ်ငန်းများ၊ သတင်းအချက်အလက် နည်းပညာ နှင့် သင်တန်းများဖလှယ်ခြင်းမှ အကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံ အကျိုး စီးပွား နှင့် ဆက်စပ်ကိစ္စရပ်များ၊ ဦးစားပေးဆွေးနွေးရမည့် ကိစ္စရပ်များ၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အားပေးရန် နှင့် လယ်ယာကုန်သွယ်မှုမြှင့်တင်ရေးနှင့် အကောက် ခွန်မဲ့ အတားအဆီးများ လျှော့ချရေးတို့ကို ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါသည်။
ဗြိတိန်-ထိုင်း (၂) နိုင်ငံ စိုက်ပျိုးရေးဆွေးနွေးပွဲ၏ ထူးခြားမှုသည် ပူးပေါင်းဆောင်ရွက်ရေး မဏ္ဍိုင်(၃)ရပ်ကို စတင်ချမှတ်ပေးမှုပင် ဖြစ်သည်။ ဈေးကွက်ကျယ်ပြန့်မှုအလားအလာသည် စိုက်ပျိုးရေးထွက်ကုန်များအပေါ် ဗြိတိန်-ထိုင်း ကုန်သွယ်မှုတန်ဖိုးများ၊ စိုက်ပျိုးထုတ်လုပ်မှုနှင့်ကုန်သွယ်ရေး ဆက်နွယ်မှု၏ အရေးပါမှုများနှင့် စိုက်ပျိုးရေးထွက်ကုန်များ၏ ကုန်သွယ်မှု ခိုင်မာတောင့်တင်းရန် အလေးထား အာရုံ စိုက်မှုများမှ မီးမောင်းထိုးပြနေပါသည်။
နားလည်မှုစာချွန်လွှာ ( MOU ) သည် DEFRA နှင့် MOAC အကြား အနာဂတ် ပူးပေါင်းဆောင်ရွက်မှုကို မဟာဗျူဟာနှင့် လုပ်ငန်းအဆင့်တွင် ဆက်လက်ခိုင်မာစေရန် ထောက်ပံ့ပေးပြီး စိုက်ပျိုးရေး၊ ဉယျာဉ်ခြံစိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်း၊ ငါးပုစွန်မွေးမြူရေး၊ အစားအစာပြုပြင် ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးမူဝါဒနှင့် အပြန်အလှန် အကျိုးပြုသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် တွန်းအားပေးရန် ရည်ရွယ်ကြောင်းကို ၂၃.၂.၂၀၂၃ရက်နေ့က ဖတ်ရှုခဲ့ရသည့် www.gov.uk သတင်းဆောင်းပါး အရ သိရှိခဲ့ရသည်။
Source https://www.gov.uk/government/news/uk-and-thailand-sign-mou-for-agricultural-cooperation
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ မတ်လ(၁) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထ-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန