ဂျုံသီးနှံအခြေအနေကောင်းလျက်ရှိပြီး အစိုးရမှ ပုံမှန်ဝယ်ယူလျက်ရှိ

  • Wed, 1 March 2023

ဂျုံသီးနှံအခြေအနေကောင်းလျက်ရှိပြီး အစိုးရမှ ပုံမှန်ဝယ်ယူလျက်ရှိ


(၂၀၂၃-၂၀၂၄) ဈေးကွက်နှစ်အတွင်း ဂျုံတန်ချိန် (၃၀-၄၀) သန်းဝန်းကျင် ဝယ်ယူရန် အစိုးရမှ မျှော်မှန်းထားကြောင်း အိန္ဒိယအစားအစာကော်ပိုရေးရှင်း (FCI) ဥက္ကဌနှင့် မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Ashok K Meena က ပြောကြားခဲ့ပြီး ယခုအချိန်တွင် ဂျုံသီးနှံသည် အခြေ အနေ ကောင်းမွန်လျက်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။   

ဂျုံစိုက်ဧရိယာသည် ပြီးခဲ့သည့်နှစ်ထက် ပိုမိုများလာသည့်အပြင် ဂျုံသီးနှံ၏ လက်ရှိ အခြေအနေမှာ ကောင်းမွန်လျက်ရှိသောကြောင့် (၂၀၂၃-၂၄) ခုနှစ်၌ ဂျုံဝယ်ယူမှုသည် တန်ချိန် သိန်း(၃၀၀-၄၀၀)ခန့် ပုံမှန်ဝယ်ယူနိုင်မည်ဟု သတင်းစာရှင်းလင်းပွဲတွင် Meena က ပြောကြား ခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်တွင် အစောပိုင်းကာလမှ စတင်သည့် အပူချိန်ပြင်းထန်မှုကြောင့် ဂျုံ အထွက်နှုန်းကျဆင်းခဲ့သည့်အပြင် ပုဂ္ဂလိကကဏ္ဍမှ ဝယ်ယူမှုတိုးလာသောကြောင့် (၂၀၂၁-၂၂) ဈေးကွက်နှစ်အတွင်း Central Pool အတွက် ဂျုံဝယ်ယူမှုသည် (၄၃.၃) မီလီယံတန်မှ (၁၈.၇၉) မီလီယံတန်သို့ ကျဆင်းသွားခဲ့ပါသည်။

၎င်းသည် ပုံမှန်မဟုတ်သော စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်မှုကို ဦးတည်နေပြီး ပွင့်လင်း မြင်သာသောဈေးကွက်စီးပွားရေးစနစ် (OMSS) ဖြင့် ဂျုံရောင်းချရန် အစိုးရအား တွန်းအားပေး သကဲ့သို့ ဖြစ်စေခဲ့ပါသည်။ သက်သာချောင်ချိရေး အစီအစဉ်များအတွက် ရိက္ခာများဝယ်ယူခြင်း နှင့် ဖြန့်ဖြူးခြင်းဆောင်ရွက်သည့် အစိုးရ၏ အဓိက အေဂျင်စီဖြစ်သော FCI သည် ဂျုံအမြောက် အမြား ဝယ်ယူသူများထံသို့ ဂျုံရောင်းချနိုင်ရေးအတွက် အီလက်ထရောနစ် ဈေးကွက်၌ အွန်လိုင်းလေလံစနစ် (၃) မျိုးအား ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

ဂျုံ နှင့် ဂျုံမှုန့် လက်လီဈေးနှုန်းများ လျော့ကျသွားစေရန် OMSS အစီအစဉ်ဖြင့် ဂျုံများ ရောင်းချလျက်ရှိပါသည်။ လက်လီဂျုံဈေးနှုန်းများ ထပ်မံငြိိမ်သက်စေရန်အတွက် အစိုးရသည် ဂျုံအမြောက်အများ အသုံးပြုသူများ ကမ်းလှမ်းထားသည့် FCI ၏ ဂျုံအရန်ဈေးနှုန်း (လေလံ ကြမ်းခင်းဈေးနှုန်း)များ ကိုလည်း လတ်တလောကာလ၌ လျှော့ချခဲ့ပါသည်။

FCI တွင် ဂျုံအရန် ပမာဏအတွက် အနည်းဆုံး (၉.၃-၉.၅) မီလီယံတန် ရှိပြီး ၎င်းသည် အရန်ပမာဏ လိုအပ်ချက်ထက် (၂) မီလီယံတန် ပိုမိုများပြားလျက်ရှိကြောင်း Meena က ပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့အတွက် မဖြစ်မနေ လိုအပ်သည့် အရန်ဂျုံလိုအပ်မှုမှာ (၇.၄) မီလီယံတန် ဖြစ်ပါသည်။

(၄)  ကြိမ်မြောက် အီလက်ထရောနစ်လေလံပွဲကို မတ်လ (၁)ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။    အစိုးရသည် သင့်တင့်မျှတပြီး ပျမ်းမျှအရည်အသွေးရှိသော ဂျုံများ၏ အရန်

ကြမ်းခင်းဈေးနှုန်းကို တစ် quintal (1quintal=100kg)လျှင် ရူပီး (၂,၁၅၀)သို့ လျှော့ချခဲ့ပြီး Under Relaxed Specifications (URS) ဂျုံ အတွက် တစ် quintal လျှင် ရူပီး (၂,၁၂၅) သို့ လျှော့ချခဲ့ပါသည်။ ၎င်းအရန်ဈေးနှုန်းအသစ်များသည် အီလက်ထရောနစ် လေလံပွဲမှတဆင့် (၄ )ကြိမ်မြောက် ဂျုံရောင်းချမှုမှစ၍ အကျုံးဝင်ပါသည်။

အိန္ဒိယ၏ ဂျုံစိုက်ပျိုးထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ် တန်ချိန် (၁၀၉.၅၉) သန်းရှိခဲ့ရာမှ (၂၀၂၁-၂၂)သီးနှံနှစ်၏ ဇွန်လ မှ ဇူလိုင်လအတွင်း အပူလှိုင်း ကျရောက်ထိခိုက်မှုကြောင့် ဂျုံစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် (၁၀၇.၇၄) သန်းသို့ ကျဆင်းသွားပြီးနောက် အစိုးရသည် ပြီးခဲ့သည့်နှစ် မေလတွင် ဂျုံတင်ပို့မှုအား တားမြစ်ခဲ့ပါသည်။

စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်သော ဒုတိယမြောက် ကြိုတင်ခန့်မှန်းချက်အရ ၂၀၂၂-၂၀၂၃ ခုနှစ်၊ လက်ရှိသီးနှံနှစ်တွင် စိုက်ဧက မြင့်မားပြီး အထွက်နှုန်းကောင်းသော ကြောင့် ဂျုံအထွက်နှုန်း တန်ချိန် (၁၁၂.၁၈) သန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်း သိရှိရ ပါသည်။ သို့သော်လည်း ဂျုံအဓိကစိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်များတွင် ယခုလ၌ အပူချိန် မြင့်မားမှုကြောင့် စိုက်ကွင်းပညာရှင်များနှင့် မူဝါဒချမှတ်သူများအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ ပါကြောင်း (၂၃-၂-၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://economictimes.indiatimes.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

Source    https://economictimes.indiatimes.com/news/economy/agriculture/wheat-crop-in-good-condition-govt-procurement-to-be-normal-ashok-k-meena-fci/articleshow/98182507.cms?from=mdr

တင်ပြသူ    ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်    
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ