စားအုန်းဆီ တန်ချိန် (၃၀,၀၀၀) တင်သွင်းခဲ့သော်လည်းလက်ကားဈေးနှုန်း မြင့်တက်
- Wed, 1 March 2023
ဖေဖော်ဝါရီ(၈-၁၀)ရက်အတွင်း စားအုန်းဆီတန်ချိန်(၃၀,၀၀၀)ခန့် တင်သွင်းခဲ့သော်လည်း လက်ကားဈေးနှုန်းသည် တစ်ပိဿာလျှင် ငွေကျပ် (၇၀၀၀)အထိ မြင့်တက်သွားကြောင်း ရန်ကုန်ဈေးကွက်မှ အခြားဒေသများသို့ စားသုံးဆီတင်ပို့လျက်ရှိသည့် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
စားအုန်းဆီ အခြေခံရည်ညွှန်းလက်ကားဈေးနှုန်းသည် ဖေဖော်ဝါရီ(၁၉)ရက် သတင်းပတ် အထိ တစ်ပိဿာလျှင် ကျပ်(၄၄၉၀) သတ်မှတ်ထားကြောင်း၊ ယခင်သတင်းပတ်ထက် တစ် ပိဿာလျှင် (၁၀) ကျပ်သာ တိုးလာကြောင်းသိရသည်။ အခြေခံရည်ညွှန်း စျေးနှုန်းသည် ဇန်နဝါရီလ (၁၆) ရက်မှ ဖေဖော်ဝါရီလ (၁၉) ရက်အထိ (၅) ပတ်ဆက်တိုက် တစ်ပိဿာလျှင် ကျပ် (၄၄၃၀ နှင့် ၄၄၉၀)အကြား အနည်းငယ်သာ အပြောင်းအလဲ ရှိခဲ့ကြောင်း၊ ထိုအချိန်က CIF (Cost, Insurance and Freight- ကုန်စည်ပို့ဆောင်ခနှင့် အာမခံအတွက်ကုန်ကျစရိတ်) စျေးနှုန်းမှာ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၂၀) ဖြစ်ကြောင်း၊ CIFစျေးနှုန်းနှင့် ငွေလဲ နှုန်းသည် တည်ငြိမ်နေသောကြောင့်၊ ဈေးကွက်ပေါက် ဈေးကျဆင်းမည်ဟု ခန့်မှန်းထား သော်လည်း ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်မှုနှင့်အတူ မျှော်မှန်းချက်များ လွဲမှားလျက် ရှိကြောင်း သိရှိရပါသည်။
(၂၀၂၂) ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်တွင် အခြေခံရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၃၆၀) ကျပ် သတ်မှတ်ထားသော်လည်း လက်ဝယ်အရောက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၅,၁၅၀) ကျပ်ရှိကြောင်း၊ လက်ရှိကာလတွင် ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၄၉၀) ကျပ်နှုန်း သတ်မှတ်ထားရှိပြီး၊ ဈေးကွက်ပေါက်ဈေးမှာ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်အထိ မြင့်မားလျှက်ရှိပါသည်။ ဩဂုတ်လ(၁၆) ရက်တွင် အခြေခံရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄,၁၄၀)ကျပ် သတ်မှတ်ထားပြီး၊ ဈေးကွက်အတွင်း တစ်ပိဿာလှျင် (၉,၇၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်း အဆမတန်မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၂ ခုနှစ်တွင် (၁)လလျှင် စားအုန်းဆီ တန်ချိန် (၄၀,၀၀၀)ခန့် တင်သွင်းခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် စားအုန်းဆီ တန်ချိန် (၃၀,၀၀၀) ကျော် ဈေးကွက်အတွင်းသို့ တင်သွင်းခဲ့သော်လည်း ဈေးကွက်ပေါက်ဈေးမှာ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်အထိ ဈေးနှုန်း မြင့်တက်ခဲ့သည့် အခြေခံရည်ညွှန်းစျေးနှုန်း နှင့် လက်ကားဈေးကွက်အတွင်း စျေးနှုန်းကွာခြား ချက်မှာ (၁၁၀)ပိဿာလျှင် ငွေကျပ်(၂၅၀,၀၀၀) နှင့် (၁)တန်လျှင်ငွေကျပ် (၁,၂၅၀,၀၀၀) ကွာဟလျှက်ရှိပါသည်။
နောက်ပိုင်းတွင် စက်သုံးဆီဈေးနှုန်းများကို နိုင်ငံတကာ ဆီဈေးနှုန်းများပေါ်မူတည်၍ သတ်မှတ်သော်လည်း စားသုံးဆီဈေးကွက်သည် နိုင်ငံတကာဈေးကွက်ပေါက်ဈေးနှင့် ငွေလဲ နှုန်းပေါ်မူတည်၍ အပြောင်းအလဲရှိကြောင်း၊ သို့သော်လည်း ဈေးကွက်ပေါက်ဈေးသည် အခြေခံ ရည်ညွှန်းစျေးနှုန်းထက် (၂) ဆပိုများနေကြောင်းကို (၂၀.၂.၂၀၂၃) ရက်နေ့ထုတ် Global New Light of Myanmar သတင်းအရသိရှိရပါသည်။
Source https://www.gnlm.com.mm/wholesale-price-of-palm-oil-soars-despite-import-of-30000-tonnes/
တင်ပြသူ ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ မတ်လ (၁) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန