ဩစတေးလျသည် ဒီဇင်ဘာလတွင် သီးနှံကုန်သွယ်မှုကို စံချိန်တင်ခဲ့ပြီးနောက် အာရုံစိုက်လာခဲ့

  • Thu, 23 February 2023

ဩစတေးလျသည် ဒီဇင်ဘာလတွင် သီးနှံကုန်သွယ်မှုကို စံချိန်တင်ခဲ့ပြီးနောက် အာရုံစိုက်လာခဲ့


သြစတြေးလျနိုင်ငံသည် ၎င်း၏ အဓိက သီးနှံ(၃)မျိုးဖြစ်သည့် ဂျုံ၊ မုန်ညှင်းစေ့ နှင့် မုယော စပါးတို့ကို လှိုင်လှိုင်ရိတ်သိမ်းပြီးနောက် ဒီဇင်ဘာလ၌ စံချိန်တင်ရသည်အထိ တင်ပို့နိုင်ခဲ့သော် လည်း အစောပိုင်းစာရင်းဇယားများအရ ဂျုံနှင့် မုန်ညှင်းစေ့တင်ပို့မှုသည် လာမည့်လများတွင် မုယောစပါးထက် သာလွန်နိုင်ကြောင်း ပြသနေပါသည်။

ဂျုံ နှင့် မုန်ညှင်းစေ့တင်ပို့မှုသည် ဒီဇင်ဘာလ၌ သြစတြေးလျနိုင်ငံ လစဉ်စိုက်ပျိုးရေး ထုတ်ကုန် တင်ပို့မှု ပမာဏတန်ချိန်(၄)သန်း၏ (၈၈)% ရှိခဲ့ကြောင်း နောက်ဆုံး အကောက်ခွန် အချက် အလက်များအရ သိရှိရပါသည်။ သြစတြေးလျ၏ ဂျုံတင်ပို့မှုသည် ဒီဇင်ဘာလ၌ တန်ချိန် ပေါင်း (၂.၇)သန်းသို့ရောက်ရှိခဲ့ပြီး နှစ်တစ်နှစ်စာတင်ပို့မှု၏ (၅)ပုံ(၁)ပုံပမာဏကိုပင် ကျော်လွန် သွားသဖြင့် ဒီဇင်ဘာလအတွက် စံချိန်တင်နိုင်ခဲ့ပါသည်။

တရုတ်သည် သြစတြေးလျ ဂျုံဝယ်လိုအားကို တွန်းအားပေးခဲ့ပြီး ဒီဇင်ဘာလ၌ နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် တန်ချိန်(၁၅၀,၀၀၀)တိုးလာခဲ့ပါသည်။ တရုတ်နိုင်ငံတွင် ဂျုံတန်ချိန် (၈၆၀၀၀၀)သာရှိပြီး သြစတြေးလျနိုင်ငံမှ ဒီဇင်ဘာလတင်ပို့မှု၏ (၃)ပုံ(၁)ပုံအောက် လျော့နည်းနေပါသေးသည်။ တရုတ်နိုင်ငံသည် ၎င်း၏ အရန်ဂျုံများကို အကျိုးအမြတ်ရနိုင်သော စျေးကွက်ပေါက်ဈေးဖြင့် ပြန်လည်ရပ်တည်ရန် အခွင့်အလမ်းကို ရှာဖွေလျက်ရှိသောကြောင့် ဝယ်လိုအား မြင့်မားနိုင်ပါသည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းသီးနှံ ထုတ်လုပ်မှု ကျဆင်းနေသည့် အတွက် ပြည်တွင်းရှိ တရုတ်ဂျုံဈေးသည် လွန်ခဲ့သည့် (၃)နှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပါသည်။

သြစတြေးလျမှ အခြားသော အဓိကဝယ်လက်များသို့ တင်ပို့မှုသည်လည်း ယခုနှစ်တွင် မြင့်တက်လာခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ဒီဇင်ဘာလတွင် တန်ချိန် (၃၈၀,၀၀၀) ဝယ်ယူ ခဲ့ပြီး တစ်နှစ်လျှင် (၆၅%) တိုးလာခဲ့ပြီး တောင်ကိုရီးယား နှင့် ဖိလစ်ပိုင်သို့ တင်ပို့မှုသည် တစ်နှစ်လျှင် (၃)ဆတိုးလာကာ တန်ချိန်ပေါင်း (၃၀၀,၀၀၀) ရှိခဲ့ပါသည်။ ဂျပန်၊ ယီမင်နှင့် မလေးရှားသို့ ဂျုံတင်ပို့မှုမှာမူ ယင်းတို့နှင့်ဆန့်ကျင်ကွဲပြားလျက် တင်ပို့မှုကျဆင်းခဲ့ပါသည်။

ဩစတေးလျနိုင်ငံ၏ ဂျုံတင်ပို့မှုသည် ဇန်နဝါရီလမှ ဇွန်လအတွင်း၌ အမြင့်ဆုံးဖြစ်ပြီး အား ကောင်းလာကာ ရာသီချိန်စောနိုင်သဖြင့် လာမည့်ကာလများ၌ နိုင်ငံ၏ သီးနှံတင်ပို့မှုသည် (၂၀၂၂) ခုနှစ် ဇွန်လမှစ၍ လက်ရှိကာလအတွင်း စံချိန်တင်ထားသော တန်ချိန်(၂.၇၁) သန်း ထက် မြင့်တက်နိုင်ပါသည်။

မုန်ညှင်းစေ့ နှင့်ပတ်သက်၍ သြစတြေးလျ၏ ပို့ကုန်သည် တစ်နှစ်လျှင် (၃)ဆတိုးလာ သည့်အတွက်  ဒီဇင်ဘာလတွင် တန်ချိန်ပေါင်း (၈၈၄,၀၀၀) ရှိပါသည်။ တင်ပို့မှုပမာဏ၏ (၄)ပုံ(၃)ပုံကျော်ကို အီးယူသို့ တင်ပို့ခဲ့ပြီး ပါကစ္စတန်သည် တစ်ခုတည်းသော နောက်ထပ် ပမာဏ အများဆုံး ဝယ်ယူသူ ဖြစ်ပါသည်။

ဘယ်လ်ဂျီယံ၊ ဂျာမန်၊ ဒတ်ခ်ျနှင့် ပြင်သစ် ဆိပ်ကမ်းများသို့ တင်ပို့မှုစုစုပေါင်းသည် နှစ်အစပိုင်းတွင် တန်ချိန် (၂၇၅,၀၀၀) တင်ပို့ခဲ့ရာမှ တန်ချိန် (၆၈၀,၀၀၀)အထိ ပိုမိုတင်ပို့ နိုင်ခဲ့ပါသည်။

သြစတြေးလျ၏ မုယောစပါး တင်ပို့မှုသည် ဒီဇင်ဘာလတွင် လစဉ်ကဲ့သို့ပင် မြင့်မားနေ သော်လည်း အဓိကတင်ပို့မှုရာသီဖြစ်သည့် ဇန်နဝါရီမှ သြဂုတ်လတွင် မုယောစပါးသည် အခြား သီးနှံများကဲ့သို့ပင် စံချိန်တင် တင်ပို့မှုကို ထိမ်းထားရန် ခက်ခဲနိုင်ကြောင်း ပြုစုထားသည့် စာရင်း အချက်အလက်များအရ သိရှိနိုင်ပါသည်။

ဩစတေးလျသည် ဒီဇင်ဘာလတွင် မုယောစပါးတန်ချိန် (၁.၀၈)သန်း တင်ပို့ခဲ့ပြီး တစ်နှစ်လျှင် တန်ချိန်(၈၀,၀၀၀) ပိုမို တင်ပို့နိုင်ခဲ့ကြောင်း အကောက်ခွန်ဆိုင်ရာ အချက်အလက် များက ဖော်ပြလျက်ရှိပါသည်။

ဂျုံ၊ မုန်ညှင်းစေ့တို့ကဲ့သို့သော သီးနှံများနှင့် နှိုင်းယှဉ်ပါက မုယောစပါးသည် တစ်နှစ်ထက် တစ်နှစ် (၇.၆%) သိသိသာသာ မြင့်တက်လာကြောင်း သိရှိနိုင်ပါသည်။

ဇန်နဝါရီလတင်ပို့မှုအတွက် မုယောစပါးတန်ချိန် (၄၅၀,၀၀၀)သာ အတည်ပြုထားပြီး ဒီဇင်ဘာလတင်ပို့မှု၏ ထက်ဝက်အောက်သာရှိကြောင်း Argus ဒေတာများအရ သိရှိရပါသည်။ ဖေဖော်ဝါရီလအတွက် လက်ရှိတန်းစီထားသော တင်ပို့မှုများသည် တန်ချိန်ပေါင်း (၆၅၀,၀၀၀) ဝန်းကျင်တွင် ရှိနေပါသည်။  ဩစတေးလျ၏ မုယောစပါးတင်ပို့မှုအပေါ် တရုတ်နိုင်ငံမှ တင်သွင်းခွန်

(၈၀.၅%)ရှိသဖြင့် ဈေးနှုန်းသက်သာသည့်ဂျုံ နှင့် ငွေရလွယ်သည့် မုန်ညှင်းစေ့တင်ပို့မှုများ ပိုမိုမြင့်တက်လာပါသည်။

သြစတြေးလျနိုင်ငံ မုယောစပါးတင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် တန်ချိန် (၃၅၀,၀၀၀) တင်ပို့ရာမှ ဒီဇင်ဘာလတင်ပို့မှု၏ ထက်ဝက်ကျော်မျှအထိ တဖြည်းဖြည်းကြီးထွား
လာသော ဆော်ဒီအာရေးဗီးယားဈေးကွက်ကို တွေ့ရှိရပါသည်။ ဂျပန်၊ အီရန်၊ ကာတာနှင့် UAE နိုင်ငံများသည်လည်း ယခုနှစ်တွင် တိုးမြှင့်လက်ခံခဲ့ပါသည်။

အမေရိကန် စိုက်ပျိုးရေးဌာန၏ ပြည်ပစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာနသည်  သြစတြေးလျအတွက် ပို့ကုန်လျာထားချက်ကို ဇန်နဝါရီနှောင်းပိုင်းကာလတွင် ပြန်လည်ပြင်ဆင် ခဲ့ပြီး ဂျုံတင်ပို့မှုတန်ချိန် (၂၇.၅)သန်းနှင့် မုယောစပါးတင်ပို့မှု တန်ချိန်(၈)သန်း သတ်မှတ် ခဲ့ကြောင်း (၁၃.၂.၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော argusmedia.com ၏ သတင်း ဆောင်းပါးများအရ သိရှိရပါသည်။

Source    https://www.argusmedia.com/en/news/2419253-australia-crop-trade-shifts-focus-after-record-december
တင်ပြသူ    ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂ ) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ