တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဟူဘေးပြည်နယ်သည် ပို့ကုန်ဦးစားပေး စိုက်ပျိုးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးဆောင်ရွက်

  • Thu, 23 February 2023

တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဟူဘေးပြည်နယ်သည် ပို့ကုန်ဦးစားပေး စိုက်ပျိုးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးဆောင်ရွက်



(၂၀၂၃)ခုနှစ်အတွက် "Number 1 Central Document" သည် ကျေးလက်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာထွက်ကုန်လုပ်ငန်းများ ပိုမိုကြီးမား အားကောင်းလာစေရန် နှိုးဆော် ခဲ့ပါသည်။ လွန်ခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဟူဘေးပြည်နယ်သည် ကုန်းတွင်းပိုင်းပြည်နယ်များအနက် လယ်ယာထွက်ကုန်များတင်ပို့မှုတွင် ပထမနေရာ၌ ရပ်တည် ခဲ့ပြီး ကုန်ကြမ်းများမှ ကုန်ချောပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းပမာဏ တိုးပွားလာခဲ့ကြောင်း နှင့် သတင်းထောက် Zhou Yixin သည် ပိုမိုလေ့လာရန်အတွက် ကုန်ချောများထုတ်လုပ် ဆောင်ရွက် နေသော လုပ်ငန်းများကို သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

Hubei Zhongxing အမည်ရှိ အစားအသောက် ကော်ပိုရေးရှင်းသည် (၂၀၁၃)ခုနှစ်မှစ၍ လက်ဖက်ခြောက် တင်ပို့မှုကို စတင်ခဲ့ပါသည်။ (၃)နှစ်အကြာတွင် Belt and Road Initiative ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော စျေးကွက်များအပေါ် ဦးတည်၍ ၎င်း၏ ကိုယ်ပိုင်အမှတ်တံဆိပ်များကို စတင် တည်ထောင်ခဲ့ပါသည်။

(၂၀၂၂)ခုနှစ်တွင် Zhongxing ကုမ္ပဏီ၏ စုစုပေါင်းလက်ဖက်တင်ပို့မှုသည် ဒေါ်လာသန်း (၂၀)ကျော်အထိရှိခဲ့ကြောင်း၊ ထိုကုမ္ပဏီသည် ပြည်ပကုန်အမှတ်တံဆိပ် (၄၆)ခု မှတ်ပုံတင်ထားပြီး ဒေသတွင်းနှင့် နိုင်ငံပေါင်း (၄၀)ကျော်သို့ လက်ဖက်ထုတ်ကုန်များကို ရောင်းချခဲ့ကြောင်း သတင်း ထောက် ZHOU YIXIN က ပြောခဲ့ပါသည်။

Zhongxing ကုမ္ပဏီ၏ ဆောင်ရွက်နေမှုများသည် ဥပမာတစ်ခုမျှသာဖြစ်ပါသည်။ (၂၀၂၂) ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃.၄)ဘီလီယံ တန်ဖိုးရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကို Zhongxing ကုမ္ပဏီတစ်ခုတည်းမှ အခြားနိုင်ငံပေါင်း (၁၅၉)နိုင်ငံနှင့်တကွ ဒေသတွင်း ပြည်နယ် များသို့ပါ တင်ပို့နိုင်ခဲ့ပါသည်။ ယင်းကဲ့သို့တင်ပို့နိုင်ခဲ့ပြီးနောက် Zhongxing ကုမ္ပဏီသည် တရုတ် နိုင်ငံ၏ ကုန်းတွင်းပိုင်းပြည်နယ်များအနက် ပထမအဆင့် ထိပ်တန်းကုမ္ပဏီအဖြစ် ရပ်တည်နိုင် ခဲ့ပါသည်။ ယင်းအခြင်းအရာများသည် ပြည်ပဈေးကွက်၌ ဟူဘေးပြည်နယ်၏ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ နှင့် စီးပွားရေးလုပ်ငန်း မည်ကဲ့သို့ တိုးချဲ့လာသည်တို့ ဖြစ်ပါသည်။

ပို့ကုန်ကုန်သွယ်မှု၏ အရေးကြီးသော စံသတ်မှတ်ချက်မှာ လွတ်လပ်သည့် အမှတ်တံဆိပ်များ ဖန်တီးရန်ဖြစ်ကြောင်း၊ မတူညီသောနိုင်ငံများနှင့် ဒေသတွင်းရှိ စားသုံးသူများ၏ စိတ်ကြိုက် ရွေးချယ်မှုများအပေါ် အခြေခံ၍ ဈေးကွက်အခွင့်အလမ်း ပိုမိုများပြားလာစေရန် မတူညီသော ထုတ်ကုန်များနှင့် မတူညီသောအမှတ်တံဆိပ်များ ထုတ်လုပ်ခြင်းဖြစ်ကြောင်း Hubei Zhongxing Food Corporation မှ လက်ထောက်အထွေထွေမန်နေဂျာဖြစ်သူ CUI JIANJUN က ပြောကြားခဲ့ ပါသည်။

မှိုနှင့်မှိုထွက်ပစ္စည်း ထုတ်ကုန်များသည် ဟူဘေးပြည်နယ်၏ အဓိက စိုက်ပျိုးရေးပို့ကုန် များထဲမှ တစ်ခုဖြစ်ကြောင်း၊  မှိုထုတ်လုပ်မှုသည် နိုင်ငံတကာ စိုက်ပျိုးရေး ကုန်သွယ်မှုအတွက် ဖွံ့ဖြိုးတိုးတက်ရေး အခြေခံအဖြစ် လူသိများကြောင်း၊ ထိုပြည်နယ်ရှိ တောင်သူများသည် စိုက်ပျိုး ရေးနယ်ပယ်တွင် ဆယ်စုနှစ် (၄)စုကျော် အတွေ့အကြုံများရှိကြကြောင်း၊ လွန်ခဲ့သည့် (၅)နှစ် အတွင်း အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ခဲ့မှုများကြောင့် လုပ်သားဦးရေ အသုံးပြုမှုကို သိသိသာသာ လျှော့ချနိုင်ခဲ့သည့်အပြင် ထုတ်ကုန်အရည်အသွေးကိုပါ ပိုမိုတိုးတက်စေနိုင်ခဲ့ကြောင်း သတင်းထောက် ZHOU YIXIN က ပြောကြားခဲ့ပါသည်။

ဟူဘေးပြည်နယ်၊ Suizhou မှထွက်ရှိသော မှို၏သွင်ပြင်လက္ခဏာမှာ မျက်နှာပြင် အဖြူရောင်ဖြစ်ပြီး အစိုဓါတ်လျော့နည်း၍ အာဟာရဓါတ်ပါဝင်မှုပိုမိုမြင့်မားပါသည်။ Pinyuan Modern Agriculture Development Corporation ၏ စက်ရုံတွင် မှိုကုန်ကြမ်းများမှ မှိုဆော့စ် အဖြစ် ထုတ်လုပ်လျက်ရှိပြီး ထုတ်လုပ်မှုအဆင့်တစ်လျှောက်လုံးကို အလွန်ကောင်းမွန်သော အလိုအလျောက်စနစ်ဖြင့် ဆောင်ရွက်ကြောင်း သတင်းထောက် ZHOU YIXIN က ပြောကြား ခဲ့ပါသည်။

စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုအနေဖြင့် ထုတ်ကုန်အရည်အသွေးသည် ၎င်းတို့လုပ်ငန်း၏ အသက်သွေးကြောဖြစ်ကြောင်း၊  ၎င်းတို့သည် စတင်အသုံးပြုသည့် အရင်း အမြစ်မှစ၍ ထုတ်ကုန်အရည်အသွေးကို ထိန်းချုပ်ကြောင်း၊ ၎င်းတို့၏လုပ်ငန်းသည် ကုန်ကြမ်း စိုက်ပျိုးခြင်းမှ ကုန်ချောထုတ်လုပ်ခြင်းအထိ ပြီးပြည့်စုံသည့် စက်မှုကွင်းဆက်တစ်ခုရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ ထုတ်ကုန်အရည်အသွေးကို အာမခံချက် အပြည့်အဝရှိကြောင်း Pinyuan Modern Agriculture Development Corporation မှ လက်ထောက်အထွေထွေမန်နေဂျာ ZHANG TAO က ပြောကြားခဲ့ပါသည်။

ဟူဘေးပြည်နယ်ရှိ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဦးစီးဌာနသည် စိုက်ပျိုးရေးဆိုင်ရာ စက်မှုလုပ်ငန်းကို ဦးတည်သည့် လုပ်ငန်းများကို ကူညီပေးလျက်ရှိပြီး စိုက်ပျိုးရေးဆိုင်ရာ နိုင်ငံ တကာ ကုန်သွယ်မှုများအတွက် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေခံသည့် တည်ဆောက်ရေး လုပ်ငန်းများ ဆောက်လုပ်ရန် စီစဉ်လျက်ရှိပါသည်။

ဝူဟန်အကောက်ခွန် နှင့် ဟူဘေးပြည်နယ် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ဒေသတွင်း စီးပွားရေးလုပ်ငန်းများအား တရားဝင်လုပ်ပိုင်ခွင့်ရှိသော စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာစေရေးအထိ တစ်ဦးချင်းစီတိုင်းအား ကူညီထောက်ပံ့ပေးနိုင်ရေးအပါအဝင် ပို့ကုန် တင်ပို့ခြင်း လုပ်ငန်းအား ပိုမိုအဆင်ပြေစေနိုင်သည့် စိုက်ပျိုးရေးထွက်ကုန်များ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းတို့ကို ပံ့ပိုးကူညီနိုင်မည့်အစီအမံများကို ချမှတ်ခဲ့ကြကြောင်းကို (၁၅. ၂. ၂၀၂၃) ရက်နေ့တွင် ထုတ်ဝေခဲ့သည့် CGTN ကွန်ရက်ဆောင်းပါးအရသိရှိရပါသည်။

Source    https://news.cgtn.com/news/2023-0215/VHJhbnNjcmlwdDcwNTY4/index.html
တင်ပြသူ    ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ