ရှမ်းကြက်သွန်ဖြူသစ်များ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်လာ

  • Wed, 22 February 2023

ရှမ်းကြက်သွန်ဖြူသစ်များ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်လာ


ရှမ်းပြည်နယ် အောင်ပန်းဒေသမှ ကြက်သွန်ဖြူအမျိုးအစားသစ် တစ်မျိုးသည် (၂၀၂၃)ခုနှစ် ဖေဖော်ဝါရီလလယ်တွင် ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်းကို ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေတမာလမ်းမှ  ကြက်သွန်ဖြူကုန်သည်တစ်ဦးက  ပြောကြားခဲ့ပါသည်။

ကြက်သွန်ဖြူဥကြီးများ  ဝင်ရောက်မှု နည်းပါးခြင်းကြောင့်  လက်ကားဈေးအနေဖြင့် အရောင်းဒိုင်များတွင်  တစ်ပိဿာလျှင် (၅,၅၀၀) ကျပ်ဖြင့် ရောင်းချနေခြင်းဖြစ်ပါသည်။ အဆိုပါ နေ့တွင် ရှမ်းကြက်သွန်ဖြူအဟောင်း လက်ကားဈေးနှုန်းသည် တစ်ပိဿာလျှင် (၄,၆၀၀-၅,၈၀၀) ကျပ် ရှိနေပါသည်။

ရှမ်းကြက်သွန်ဖြူ လက်ဟောင်းများ လက်ကျန်လျော့နည်းလာမှုကြောင့်   ကြက်သွန်ဖြူ အသစ်မပေါ်မီ လပိုင်းအလိုဖြစ်သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့တွင် တစ်ပိဿာလျှင် (၅,၁၀၀-၆,၃၀၀) ကျပ်အထိ ဈေးတက်ခဲ့ပါသည်။

စားအုန်းဆီ နှင့်  ကြက်သွန်ဖြူသည် ပြည်တွင်းဈေးကွက်တွင် စျေးကွက်ဝေစု ရရှိနေသည်မှာ  ဆယ်စုနှစ်(၂)ခုနီးပါးအထိ ရှိနေပြီဖြစ်သည်။  စားအုန်းဆီသည်  ပြည်တွင်း စားသုံးဆီဈေးကွက်တွင်   မရှိမဖြစ်လိုအပ်သော  ပစ္စည်းတစ်ခုဖြစ်ပြီး  စျေးကွက်ဝေစု၌ အကြီးဆုံးလည်းဖြစ်သည်။ အလား တူပင် တရုတ်ကြက်သွန်ဖြူ (ကြူကုတ်)သည် ရှမ်းကြက်သွန်ဖြူကဲ့သို့ပင် စျေးကွက်ဝေစုကို ရရှိ နေသေးသည်။

ပခုက္ကူခရိုင်တွင် စိုက်ပျိုးထားသည့် မြန်မာ့ကြက်သွန်ဖြူမျိုးသစ်သည် ယခုလအတွင်း မန္တလေးဈေးကွက်သို့ ဝင်ရောက်လာပြီး တစ်ပိဿာလျှင် (၅,၀၀၀)ကျပ်  ဝန်းကျင်ဖြင့် အရောင်း အဝယ် ဖြစ်နေသည်။ သို့သော်လည်း စိုက်ပျိုးမှုနည်းပါးခြင်းကြောင့် ရန်ကုန်ဈေးကွက်သို့ ကြက်သွန်ဖြူ အနည်းငယ်သာ တင်ပို့နိုင်ခဲ့သည်။

ပြည်ပမှ စားဖိုဆောင်သီးနှံများ တင်သွင်းနေမှုကို လျော့ချရန်အတွက် ပြည်တွင်း စိုက်ပျိုးရေး ကဏ္ဍများကို အားပေးကူညီရန် အထူးလိုအပ်ကြောင်း အကြံပြုထားကြပါသည်။ အရေးမကြီးသည့် ပြည်ပထုတ်ကုန်များ တင်သွင်းမှုကို လျော့ချခြင်းဖြင့် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ တင်သွင်းဝယ်ယူရာတွင် အသုံးပြုမည့် နိုင်ငံခြားငွေကို အထောက်အကူ ဖြစ်စေ

ကြောင်းကို (၁၆. ၂. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် Global New Light of Myanmar သတင်း ဆောင်းပါးအရ သိရှိရပါသည်။

Source    https://www.gnlm.com.mm/new-shan-garlic-variety-enters-yangon-market/#article-title
တင်ပြသူ    ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထ-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ