EIB မှ နိုင်ငံပေါင်း (၉) နိုင်ငံသို့ လယ်ယာထွက်ကုန် တင်ပို့မှုကို ဒေါ်လာ သန်း (၅၀၀) အထိ တိုးမြှင့်
- Thu, 9 February 2023
Aegean Exporters' Associations (EIB) သည် နိုင်ငံပေါင်း (၃၀)မှ စိုက်ပျိုးရေးဆိုင်ရာ တင်သွင်းသူများ နှင့် တင်ပို့ရောင်းချသူ (၉)ဦးတို့အား “ဝယ်လက်ကိုယ်စားလှယ် အဖွဲ့”အဖြစ် စုစည်း၍ ဥရောပရှိ အခမ်းနားဆုံး စိုက်ပျိုးရေးဆိုင်ရာပြပွဲများအနက်မှ တစ်ခုအပါအဝင် ဖြစ်သည့် တူရကီနိုင်ငံ၏ အကြီးမားဆုံးသော “AgroExpo အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးပြပွဲ”သို့ တက်ရောက်ခဲ့ပါသည်။
Aegean Exporters' အဖွဲ့အစည်း၏ တာဝန်ခံဥက္ကဌဖြစ်သူ Jak Eskinazi က “(၂၀၂၂)ခုနှစ်သည် တူရကီနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်း၌ စီးပွားရေး ကျဆင်းမှုနှင့်အတူ ဘဏ္ဍာရေး အကျပ်အတည်းနှင့်ပါ တွေ့ကြုံရင်ဆိုင်နေကြရသည့် ကာလဖြစ်သော်လည်း တူရကီနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမှာမူ သမိုင်းတလျှောက်၌ ရွှေရောင်လွှမ်းသောအချိန်ကာလ ဖြစ်ခဲ့ကြောင်း၊ (၂၀၂၂)ခုနှစ်တွင် တူရကီနိုင်ငံမှ အမေရိကန်ဒေါ်လာ (၃၄.၂) ဘီလီယံ တန်ဘိုးရှိ လယ်ယာ ထွက်ကုန်တင်ပို့မှုအား (၁၅%) ပိုမိုတင်ပို့ခဲ့ကြောင်း၊ Aegean Exporters' Association သည် ၎င်း၏တင်ပို့မှုအား (၁၉%)အထိတိုးမြှင့်ကာ တူရကီနိုင်ငံလယ်ယာထွက်ကုန် တင်ပို့မှုစုစုပေါင်း၏ (၁၇%)ဖြစ်သည့် အမေရိကန်ဒေါ်လာသန်းပေါင်း (၆.၇၂၇) ဘီလီယံ တန်ဘိုးရှိသည့် တူရကီနိုင်ငံ လယ်ယာထွက်ကုန်တင်ပို့မှုစုစုပေါင်း၏ (၁၇%)ကို တစ်ဦးတည်း စွမ်းဆောင်နိုင်ခဲ့သဖြင့် တူရကီနိုင်ငံ၏ ချန်ပီယံဖြစ်လာခဲ့ကြောင်း၊ တူရကီနိုင်ငံ၏ လယ်ယာ ထွက်ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ (၇)ဘီလီယံအထိရှိလာသဖြင့် ဂုဏ်ယူဝမ်းမြောက် မိကြောင်း၊ (၂၀၂၂) ခုနှစ်တွင် Aegean ဒေသ၌ ကမ္ဘာ့အကြီးဆုံး လယ်ယာထွက်ကုန် သိုလှောင်ရုံအဖြစ် ဦးဆောင်ထားနိုင်ပြီး (၂၀၂၃)ခုနှစ်တွင်လည်း ဤကဲ့သို့ ကောင်းမွန်သည့် အနေအထားကဲ့သို့ပင် ဆက်လက်ဦးဆောင်သွားနိုင်လိမ့်မည်ဟု ယုံကြည်မိ ကြောင်း၊ Aegean Exporters' Associations သည် သစ်သီးခြောက်များ၊ တန်ဘိုးမြင့် ထုတ်ကုန်များ၊ သံလွင်သီး-သံလွင်ဆီ၊ ရေထွက်ပစ္စည်းများ၊ ဟင်းခတ်အမွှေး အကြိုင်များ၊ ဆေးရွက်ကြီး၊ သစ်တော ထွက်ကုန်များ (သစ်သားမဟုတ်သော) နှင့် ဓာတုကင်းလွတ် ထုတ်လုပ်မှုတို့၌ ခိုင်မာ အားကောင်းသည့် ကမ္ဘာ့အဆင့်မီ ထုတ်လုပ်သူဖြစ်ကြောင်း၊ တူရကီ ထုတ်လုပ်သူများနှင့် ကမ္ဘာ့စျေးကွက်များကြားတွင် အဆင့်မြင့်နည်းပညာ ရင်းနှီးမြုပ်နှံမှုများ နှင့် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် မျှော်မှန်းချက် တို့အား ပေါင်းကူးတံတားသဖွယ် ဖြစ်စေနိုင်သည့် AgroExpo ကဲ့သို့သော နိုင်ငံတကာ ပြပွဲများနှင့်အတူ ပြည်ပပို့ကုန်သည် အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံအထိ ရောက်ရှိလာမည်ဟု မျှော်လင့်မိကြောင်း” ပြောကြားခဲ့ပါသည်။
ပထမဆုံးဝယ်ယူရေး ကိုယ်စားလှယ်အဖွဲ့သည် AgroExpo အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး နှင့် မွေးမြူရေးကုန်စည်ပြပွဲအတွက် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် တူရကီ စိုက်ပျိုးရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ထောင်ပေါင်းများစွာ တပ်မံထည့်ဝင်ရန် မျှော်မှန်းထားကြောင်း၊ တူရကီမှ ကုမ္ပဏီ (၃၀)တို့သည် ချက်(စ်)၊ တောင်ဆူဒန်၊ ခရိုအေးရှား၊ ကိုဆိုဗို၊ မွန်ဂိုလီးယား၊ မော်ဒိုဗာ၊ မော်ရီတနီးယား၊ ဂရိ စသည့်နိုင်ငံတို့မှ တင်သွင်းသူ ဦးရေ (၂၀၀) တက်ရောက်ခဲ့သည့် နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာအစည်းအဝေးပေါင်း (၃၀)ကျော်ကို ဝယ်ယူရေးကိုယ်စားလှယ်အဖွဲ့တွင် ကျင်းပခဲ့ကြောင်း၊ EIB မှ အဆိုပါ (၉) နိုင်ငံသို့ တင်ပို့ ရာတွင် (၂၀၂၂)ခုနှစ်၌ (၁၉%)တိုးတက် တင်ပို့နိုင်သည့် အမေရိကန်ဒေါ်လာ (၇၆၃)သန်း၌ လယ်ယာထွက်ကုန် တင်ပို့မှုတန်ဘိုးမှာ အမေရိကန်ဒေါ်လာ (၂၃၀)သန်းရှိပြီး စုစုပေါင်း တင်ပို့မှု၏ (၁၇%)ရှိကြောင်း၊ ပြည်ပသို့ တူရကီနိုင်ငံ၏ လယ်ယာထွက်ကုန် တင်ပို့မှုကဏ္ဍအား အမေရိကန်ဒေါ်လာ သန်း (၅၀၀) တိုးမြှင့်ရေးအတွက် AgroExpo သည် မှန်ကန်သော ရွေးချယ်မှုတစ်ရပ်ဖြစ်ကြောင်း၊ လာမည့်ကာလတွင် ဝယ်ယူရေးကော်မတီအဖွဲ့၏ ကောင်းမွန် သည့် ရလဒ်များကို မြင်တွေ့ရမည် ဖြစ်ကြောင်း ကို Aegean Exporters' အသင်းမှ ဒုတိယ ဥက္ကဌတစ်ဖြစ်လဲ Aegean Fresh Fruits and Vegetables Exporters' အသင်း၏ ဥက္ကဌဖြစ်သူ Hayrettin Airplane မှ ပြောကြားခဲ့ကြောင်း (၂. ၂. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် raillynews သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.raillynews.com/2023/02/eib-will-increase-agricultural-exports-to-9-countries-to-500-million-dollars/
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန