ဈေးကွက်အတွင်း အာလူးဈေးနှုန်း မြင့်တက်၊ မန်ကျီးသီးမှည့်ဈေးနှုန်း ကျဆင်း

  • Thu, 9 February 2023

ဈေးကွက်အတွင်း အာလူးဈေးနှုန်း မြင့်တက်၊ မန်ကျီးသီးမှည့်ဈေးနှုန်း ကျဆင်း



တရုတ်အာလူးဈေးသည် ရန်ကုန်ဈေးကွက်၌ ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် မြင့်တက် ခဲ့ပါသည်။ ဗန်းမော်အာလူး၏ လက်ကားဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၁၀၀) ကျပ်နှုန်းဖြစ်ပြီး တရုတ်အာလူးအသစ်နှင့် အဟောင်းဈေးနှုန်းတို့မှာ (၂၃၀၀-၂၄၀၀)ကျပ် အသီးသီးဖြစ်ပါသည်။

ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ဟဲဟိုးမြို့မှ အာလူး နှင့် ဗန်းမော်မြို့မှ ခွံမည်းအာလူး များသည် တစ်ပိဿာလျှင် ငွေကျပ် (၂၁၀၀) နှုန်းဖြင့် ဈေးကွက်သို့ ဝင်ရောက်ခဲ့ပါသည်။ ဆင်ဖြူကျွန်း အာလူးများလည်း ဈေးကွက်သို့ ဝင်ရောက်ခဲ့ရာ အလတ်စားအရွယ် လက်ကား ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၇၀၀)ကျပ်ဖြစ်ပြီး A1/ OK/ S1/ S2 အရွယ်အစားများမှာ တစ်ပိဿာလျှင် ကျပ် (၂,၀၀၀)နှုန်း ပေါက်ဈေးရှိပါသည်။

မန်ကျည်းသီးမှည့်ဈေးနှုန်းမှာ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျပ်(၂,၅၀၀) မှ ကျပ် (၃,၃၀၀) အထိ မြင့်တက်ခဲ့သော်လည်း ယခုကာလတွင် ဈေးနှုန်းကျဆင်းလျက်ရှိပါသည်။ အသစ် ဝင်ရောက်လာသည့် ဓားစဉ်းအမျိုးအစား လက်ကားဈေးနှုန်းမှာ (၁၇၀၀) ကျပ်၊ ပွင့်ကပ်အမျိုးအစားမှာ (၁,၉၀၀)ကျပ် နှင့် အသစ်ဝင်ရောက်လာသည့် အစေ့ထုတ်ပြီး အနှစ်သားချည်း အမျိုးအစားမှာ (၂,၀၀၀/၂၈၀၀)ကျပ် အသီးသီးဖြစ်ပါသည်။ ဒေသတွင်း မန်ကျည်းသီးမှည့် စိုက်ပျိုး ထုတ်လုပ်သူများသည် (၂၀၂၂)ခုနှစ်တွင် ဈေးနှုန်းမြင့်တက်လာရန် မျှော်လင့်ထားသော်လည်း မန်ကျည်းသီးအမျိုးအစား (၃)မျိုးစလုံးသည် ယခုနှစ်အစတွင် ဈေးနှုန်း ချိုသာဆဲဖြစ်သည်။

(၂၀၂၂)ခုနှစ်တွင် မီးဖိုချောင်သုံးပစ္စည်းအများစု၏ စျေးနှုန်းများသည် စံချိန်တင် မြင့်တက်ခဲ့ပါသည်။ (၂၀၂၃) ခုနှစ် အစောပိုင်းကာလတွင် ကုန်ပစ္စည်းများဈေးနှုန်းသည် ပုံမှန်ထက် မြင့်တက်နေသော်လည်း မန်ကျည်းသီးမှည့်ဈေးနှုန်းမှာမူ နိမ့်ကျနေဆဲဖြစ်ပါသည်။ ရှမ်းပြည်နယ် အောင်ပန်း ကြက်သွန်ဖြူဈေးနှုန်းသည် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ မြင့်တက်လာခဲ့ကြောင်းကို (၇. ၂. ၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်သည့် Global News Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source    https://www.gnlm.com.mm/price-of-potatoes-up-price-of-tamarind-down-in-commodity-market/#article-title

တင်ပြသူ    ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ