မြန်မာနိုင်ငံမှ (၁၀)လတာ ကာလအတွင်း ဆန်တန်ချိန် (၁.၉)သန်း တင်ပို့

  • Thu, 9 February 2023

မြန်မာနိုင်ငံမှ (၁၀)လတာ ကာလအတွင်း ဆန်တန်ချိန် (၁.၉)သန်း တင်ပို့


(၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့အတွင်း လက်တလောကာလ၌ မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း(၇၀၀) ခန့် တန်ဖိုးရှိသည့် ဆန် နှင့် ဆန်ကွဲ တန်ချိန် (၁.၉) သန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ပို့ကုန်တန်ချိန် (၂၅၀,၉၄၇) မှ အမေရိကန်ဒေါ်လာ (၈၂) သန်း၊ မေလတွင် တန်ချိန် (၁၅၃,၅၀၇) မှ အမေရိကန်ဒေါ်လာ (၅၁)သန်း၊ ဇွန်လတွင် တန်ချိန် (၁၄၆,၀၉၄) မှ အမေရိကန်ဒေါ်လာ (၅၀) သန်း၊ ဇူလိုင်လတွင် တန်ချိန် (၁၈၂,၅၅၀) မှ အမေရိကန်ဒေါ်လာ (၆၆) သန်း၊ ဩဂုတ်လတွင် တန်ချိန် (၁၅၆,၈၉၃)မှ အမေရိကန်ဒေါ်လာ (၅၃) သန်း၊ စက်တင်ဘာလတွင် တန်ချိန် (၉၃,၇၉၂) မှ အမေရိကန်ဒေါ်လာ (၃၇) သန်း၊ အောက်တိုဘာလတွင် တန်ချိန် (၁၆၃,၁၈၉) မှ အမေရိကန်ဒေါ်လာ(၆၅) သန်း၊ နိုဝင်ဘာလ တွင် တန်ချိန်(၂၆၄,၀၃၈) မှ အမေရိကန်ဒေါ်လာ (၁၀၆) သန်း၊ ဒီဇင်ဘာလတွင် တန်ချိန် (၂၂၈,၄၄၅) မှ အမေရိကန်ဒေါ်လာ သန်း(၉၀) နှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် တန်ချိန် (၂၆၈,၈၃၅) မှ အမေရိကန်ဒေါ်လာ (၁၀၇) သန်း စသည်ဖြင့် အသီးသီးတင်ပို့ခဲ့ပြီးဖြစ်သဖြင့် လက်ရှိ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်အတွင်း တင်ပို့မှု တန်ချိန်စုစုပေါင်းမှာ (၁,၉၀၈,၂၈၈) တန် ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း (၆၇၉) သန်း ဝင်ငွေရရှိခဲ့ပါသည်။

ဧပြီလမှ ဇန်နဝါရီလအတွင်း ပို့ကုန်ပမာဏအခြေအနေမှာမူ ၂၀၂၂ခုနှစ် စက်တင်ဘာ လ၌ အနိမ့်ဆုံးဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ ပါသည်။ မြန်မာနိုင်ငံသည် ဆန်တင်ပို့မှုကဏ္ဍအား နှစ်စဉ်(၁၀)ရာခိုင်နှုန်း တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားဝင်ငွေ မြှင့်တင်ရန်အတွက် တန်းမြင့်ဆန်များ တင်ပို့ခြင်း နှင့် ပို့ကုန်ပမာဏ မြှင့်တင်ခြင်းတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသည် (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန်(၂)သန်းခန့် တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း (၇၀၀)ကျော် ရရှိခဲ့ကြောင်း (၅. ၂. ၂၀၂၃) ရက်နေ့တွင် ထုတ်ဝေသည့် Global News Light of Myanmar သတင်းဆောင်းပါးအရ သိရှိ ရပါသည်။

Source    https://www.gnlm.com.mm/myanmar-exports-1-9-mln-tonnes-of-rice-in-ten-months/

တင်ပြသူ    ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ