ဈေးကွက်အေးခြင်းထက် စားအုန်းဆီဝယ်ယူရရှိရန် ခက်ခဲခြင်း

  • Thu, 9 February 2023

ဈေးကွက်အေးခြင်းထက် စားအုန်းဆီဝယ်ယူရရှိရန် ခက်ခဲခြင်း


“၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့ ရန်ကုန်ဈေးကွက်တွင် စားအုန်းဆီဝယ်ယူရန် အခက်အခဲများရှိနေပြီး လိုချင်သလောက်ဝယ်ယူလို့ မရနိုင်ကြောင်း” မြစ်ဝကျွန်းပေါ်ဒေသမှ စားသုံးဆီ ရောင်းချသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် စားအုန်းဆီလက်ကားဈေးမှာ တစ်ပိဿာ (၁ ပိဿာ = ၁.၆ ကီလိုဂရမ်)လျှင် (၆၃၅၀)ကျပ် ရှိခဲ့ကြောင်း၊ ယခု ရက်ပိုင်းအတွင်း ပုံမှန်မဟုတ်သော ရောင်းဝယ်ဖောက်ကားမှုများ ဖြစ်ပေါ်နေကြောင်း ဘုရင့်နောင် လက်ကားအရောင်းစင်တာမှ ပြောကြားခဲ့ပါသည်။ ကုန်သည်များမှ ရောင်းချရန် အချိန်ယူ စဉ်းစားနေသောကြောင့် စျေးကွက်လည်ပတ်မှု အေးနေကြောင်း၊ စားအုန်းဆီလက်ကားဈေးကို မွန်းလွဲ(၂)နာရီတွင် တစ်ပိဿာလျှင် ကျပ်(၆,၆ဝဝ)ဖြင့် ဈေးဖွင့်ခဲ့ပြီး လက်ကားရောင်းချသူများက စားအုန်းဆီ ရောင်းချရန် စောင့်ကြည့်ဆဲဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်မှ ဖေဖော်ဝါရီလ (၁)ရက်အတွင်း မြန်မာနိုင်ငံသို့ စားအုန်းဆီ တန်ချိန် (၂၀,၀၀၀)ခန့် ဝင်ရောက်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ စားအုန်းဆီ တန်ချိန် (၄၀,၀၀၀)ခန့် လစဉ် တင်သွင်းခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ပြည်တွင်းဈေးကွက်သို့ တန်ချိန် (၄၁,၅၄၁) တန် နှင့် ဖေဖော်ဝါရီလတွင် တန်ချိန် (၃၂,၃၃၇) တန် ရောက်ရှိခဲ့ပါသည်။

စားအုန်းဆီ လက်ကားရည်ညွှန်းဈေးကို တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီလ (၁၆) ရက်နှင့် ဖေဖော်ဝါရီလ (၅) ရက်တို့တွင် သုံးပတ်ဆက်တိုက် ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄,၄၃၀-၄,၄၄၀)ကျပ် သတ်မှတ်ထားပြီး၊ ဆိပ်ကမ်းရောက်စျေးနှုန်းမှာ တစ်တန်လျှင် ကန်ဒေါ်လာ (၁,၀၀၅ - ၁,၀၀၈) ဖြစ်ပါသည်။ စားအုန်းဆီ၏ မူလပေါက်ဈေးမှာ ငွေလဲနှုန်း ကျပ်(၂,၄၈၀)ဖြင့် တွက်ချက်ပါက တစ်ပိဿာလျှင် ကျပ်(၄,၃၄၁-၄,၃၅၃)ဖြစ်ပြီး၊ စျေးနှုန်း သည် သုံးပတ်ဆက်တိုက် အပြောင်းအလဲမရှိကြောင်း၊ ဖေဖော်ဝါရီ (၃) ရက်နေ့က စားအုန်းဆီ တစ်ပိဿာလျှင် ကျပ်(၆၅၀၀) ပေါက်ဈေးရှိကြောင်း၊ ရန်ကုန် လက်ကား ဈေးကွက်များတွင် အဖွင့်ဈေးမှာ တစ်ပိဿာလျှင် ငွေကျပ်(၆၆၅၀) ဖြစ်သည်။

မန္တလေးဈေးကွက်ပေါက်ဈေးမှာ ရန်ကုန်ဈေးကွက်တွင် သတ်မှတ်ထားသော စံချိန်တင် ဈေးနှုန်းပေါ်မူတည်၍ ကွဲပြားကြောင်း မန္တလေးဈေးကွက်မှ ဝယ်သူတစ်ဦးက ပြောကြား ခဲ့ပါသည်။

ကုန်သည်များက ရန်ကုန်ဈေးကွက်တွင် ဝယ်လိုအားများနေသောကြောင့် အရောင်း ရပ်ထားကြောင်း၊ ဆီရောင်းချသူများသည် ယခင်နေ့ပေါက်ဈေးထက် ကျပ်(၂၅၀)ခန့် ဈေးတက်လေ့ရှိကြရာ  ရန်ကုန်ဈေးကွက်မှာ ဈေးနှုန်းခန့်မှန်းရခက်ကြောင်း၊ စားအုန်းဆီ လက်ဝယ်ရှိ ကုန်သည်များသည် ဈေးတက်သောအခါတွင် အမြတ်အစွန်းများ ရရှိကြပါသည်။ တိုင်းဒေသကြီးရှိ ကုန်သည်များသည် ဈေးကွက်ပေါက်ဈေးကို ဆုံးဖြတ်ရန် ရန်ကုန်ဈေးကွက် ကို လေ့လာစောင့်ကြည့်နေကြောင်းကို (၆. ၂. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် Global News Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source    https://www.gnlm.com.mm/buying-palm-oil-tougher-than-ever-in-sluggish-market/

တင်ပြသူ    ဒေါ်လင်းလဲ့ရည်အောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ