Punjab 'mandis' ဈေးကွက်အတွင်း ဘာစမာတီဆန် ဝင်ရောက်မှု(၅၆%)မြင့်တက်
- Fri, 3 February 2023
နိုဝင်ဘာလတွင် ကုန်ဆုံးသည့် (၃)လတာကာလကြာသည့်
စပါးရိတ်သိမ်းရာသီအပြီး၌ Punjab ပြည်နယ်ရှိ ‘mandis’ဟု လူသိများသော
စိုက်ပျိုးရေးဈေးကွက်အတွင်းသို့ ရနံ့မွှေးသည့် အရည်အသွေးကောင်း
ဘာစမာတီဆန်များ ပိုမိုဝင်ရောက်လာသည်ကို တွေ့ရှိရပါသည်။ ဇန်န ဝါရီလ
(၂၄)ရက်နေ့အထိ တန်ချိန်ပေါင်း (၂၂.၁၂)သိန်း ရောက်ရှိခဲ့သဖြင့် ယခင်နှစ်
ကာလတူ နှင့် နှိုင်းယှဉ်ပါက စျေးကွက်၌ (၅၆%) မြင့်တက်သွားကြောင်း
တွေ့ရှိရပါသည်။
ထို့အပြင် တောင်သူများသည် ယခင်နှစ်က ဘာစမာတီ
(1)quintal (1quintal=100kg) လျင် ရူပီး(၃၀၀၀-၄၀၀၀)သာရရှိခဲ့ပြီး
ယခုနှစ်တွင်မူ ဘာစမာတီပေါက်ဈေးမှာ (1)quintalလျင် ရူပီး
(၄၄၀၀-၄၇၄၅)ဝန်းကျင်ခန့် ရှိလာသဖြင့် အတန်အသင့် ဈေးကောင်း ရရှိလာပါသည်။
ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် ‘mandis’ ဈေးကွက်အတွင်း ဘာစမာတီ
ရောက်ရှိမှုမှာ တန်ချိန် (၁၄.၁၇)သိန်းဖြစ်ပြီး ယခုနှစ်၏
စုစုပေါင်းရောက်ရှိမှုအောက် တန်ချိန်(၇.၉၅)သိန်း လျော့နည်း ခဲ့ပါသည်။
ယခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း
ခရိုင်အရေအတွက် တစ်ဒါဇင်ဝက်ကျော်မှ ဘာစမာတီ တန်ချိန်ပေါင်း (၁)သိန်း မှ
(၅)သိန်းကျော် ရောင်းချခဲ့ပါသည်။ Punjab Mandi ဘုတ်အဖွဲ့၏ အဆိုအရ Amritsar
ခရိုင်မှ ဘာစမာတီဆန်တန်ချိန် (၅.၅၅) သိန်းဝန်းကျင် ရောင်းချနိုင်ခဲ့သဖြင့်
'mandis'ဈေးကွက်တွင် Amritsarခရိုင်သည် ထိပ်တန်းအဆင့်ဖြစ်ခဲ့ပြီး
၎င်းနောက်တွင် ဆန် တန်ချိန် (၄.၁၂)သိန်း ရောင်းချနိုင်သည့် Fazilka
ဖြစ်သည်။ ထို့အပြင် Patiala မှ တန်ချိန် (၁.၉၈) သိန်း၊ Sir Muktsar Sahib
မှ တန်ချိန် (၁.၈၆) သိန်း၊ Tarn Taran မှ တန်ချိန် (၁.၇၅) သိန်း၊ Sangrur
မှ တန်ချိန် (၁.၆၉) သိန်း၊ Faridkot မှ တန်ချိန် (၁.၂၂) သိန်း၊ Gurdaspur
မှ တန်ချိန် (၁.၂၂) သိန်းဝန်းကျင်၊ Firozpur မှ (၈၈,၁၇၄) တန်၊ Mansa မှ
(၆၁,၈၄၃)တန်၊ Kapurthala မှ (၄၂,၀၉၂)တန်၊ Ludhiana မှ (၃၅,၃၂၃)တန်၊ Moga မှ
(၁၉,၀၈၃)တန်၊ Bathinda မှ (၁၆,၁၇၈) တန်၊ Jalandhar မှ (၇,၀၆၂)တန်၊
Nawanshahr မှ (၃,၈၈၈) တန် နှင့် Mohali မှ (၁,၂၇၅)တန် အသီးသီး
ရောင်းချနိုင်ခဲ့ပါသည်။ Hoshiarpur၊ Pathankot နှင့် Fatehgarh Sahib
တို့မှလည်း (၃၄၃)တန်၊ (၁၅၃)တန် နှင့် (၁၁၅)တန် စသည်ဖြင့် ပမာဏအနည်းငယ်စီ
အသီးသီး ရောင်းချခဲ့ ကြပါသည်။ Punjab Mandiဘုတ်အဖွဲ့၏အဆိုအရ
ပုဂ္ဂလိကကုန်သည်များသည် ယခုနှစ်သီးနှံအား အတန်အသင့်
မြင့်မားသောစျေးနှုန်းဖြင့် ရောင်းချသူအားလုံးနီးပါးထံမှ ဝယ်ယူခဲ့ကြသည်။
ဆန်စပါးကဲ့သို့ပင်
ဘာစမာတီကို အစိုးရမှ တိုက်ရိုက်ဝယ်ယူခြင်းမပြုဘဲ ပို့ကုန်
လုပ်ငန်းရှင်များ နှင့် ကုန်သည်ကြီးများက ဝယ်ယူကြသဖြင့်အဆိုပါနှုန်းထားသည်
ပုဂ္ဂလိက ကုန်သည်များ၏ ၀ယ်လိုအားပေါ်တွင် များစွာမူတည်နေပါသည်။ Punjab
ဘာစမာတီဆန်၏ ဝယ်လိုအားသည် ပြည်ပနိုင်ငံများတွင် များစွာရှိပြီး အထူးသဖြင့်
အနောက်အာရှတွင် ဝယ်လိုအား အလွန်များပါသည်။
Ludhiana မြို့ရှိ Punjab
စိုက်ပျိုးရေးတက္ကသိုလ် (PAU)မှ ထောက်ခံထားသော မျိုးကွဲ (၆)မျိုး အပါအဝင်
ဘာစမာတီမျိုးကွဲ (၁၀) မျိုးအား Punjab တွင် စိုက်ပျိုးထားပါသည်။ ထောက်ခံထား
သော PUSA-1121 အမျိုးအစားကို ယခုရာသီတွင် စုစုပေါင်းဧရိယာ၏ (၄၃%)
စိုက်ပျိုးထားပြီး ၎င်းနောက်မှ Punjab Basmati -1718 နှင့် PUSA Basmati -
1509 တို့ စိုက်ပျိုးထားပါသည်။
ယခုနှစ်တွင် Punjab ဒေသ၌
ဘာစမာတီစိုက်ဧရိယာ ဟက်တာပေါင်း (၄.၅၀)သိန်း ဝန်းကျင် စိုက်ပျိုးခဲ့သည်။
ဘာစမာတီ စိုက်ဧရိယာကို ဟက်တာ (၁၀)သိန်းအထိ တိုးချဲ့ စိုက်ပျိုးနိုင်လျှင်
နိုင်ငံတော်အနေဖြင့် ၎င်းမျိုးကွဲ၏ ရေရှည်လိုအပ်သည့်ရည်မှန်းချက်ကို
အကောင်အထည် ဖော်ဆောင်နိုင်မည်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ရေအများလိုစပါး
(ဘာစမာတီ မဟုတ်သောစပါး) စိုက်ပျိုးခြင်းကြောင့် ကုန်ဆုံးသည့်
မြေအောက်ရေပမာဏအများအပြားကို သက်သာစေမည် ဖြစ်သည်။ သို့သော်လည်း Punjab သည်
စပါးစိုက်ဧရိယာ ဟက်တာ (၁၄-၁၅) သိန်းထက် ပိုမို မစိုက်ပျိုးသင့်ဘဲ
လက်ရှိကာလ၌ပင် စပါးစိုက်ဧရိယာသည် လိုအပ်သည့် ပမာဏထက် (၂)ဆ နီးပါး
ဖြစ်နေကြောင်းကို (၃၀. ၁. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် The Indian Express
သတင်းအရ သိရှိရပါသည်။
Source https://indianexpress.com/article/cities/chandigarh/punjab-mandis-see-56-jump-in-basmati-rice-arrival-8407814/
တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန