တရုတ်နှစ်သစ်ကူးလွန်ကာလတွင် ဖရဲသီး၊ သခွားမွှေးသီးများ စျေးကောင်းရရှိ
- Fri, 3 February 2023
တရုတ် နှစ်သစ်ကူးလွန်ကာလတွင် ဖရဲသီး နှင့် သခွားမွှေးသီးဈေးများ မြင့်တက် ခဲ့ကြောင်း သစ်သီးကုန်သည်များက ပြောပါသည်။ လက်ရှိတွင် အရည်အသွေးကောင်း ၈၅၅- ဖရဲသီး တစ်ကီလိုလျှင် (၃.၅-၄) ယွမ်၊ ထိုင်ဝမ်ဖရဲသီး တစ်ကီလိုလျှင် (၃.၆-၄) ယွမ် နှင့် သခွားမွှေးသီး တစ်ကီလိုလျှင် (၄.၅-၅.၃) ယွမ် စသည်ဖြင့် ဈေးနှုန်းအသီးသီး ရှိပါသည်။ မူဆယ်နယ်စပ်မှ သစ်သီးကုန်သည်များသည် အရည် အသွေးကောင်း သစ်သီးဝလံများသာ ခိုင်မာသောဈေးကွက်ကို ဆုပ်ကိုင်နိုင်ခွင့်ရှိကြောင်း ပြောပါသည်။
ပြီးခဲ့သော ဇန်နဝါရီလအစောပိုင်းတွင် သစ်သီးဈေးကွက်လှုပ်ရှားမှုရှိမည်ဟု မျှော်လင့်ရ ပါသော်လည်း အရည်အသွေးညံ့ဖျင်းသော အသီးများ ဈေးကျဆင်းသွားကြောင်း ခွာညို သစ်သီးဆိုင်မှ ဦးစိုင်းခင်မောင်က ပြောပါသည်။ ဇန်နဝါရီလအစောပိုင်းတွင် သစ်သီးအရည် အသွေးပေါ်မူတည်၍ ၈၅၅-ဖရဲသီးဈေးနှုန်းသည် တစ်ကီလိုလျှင် (၄.၇-၄.၈) ယွမ်၊ ထိုင်ဝမ် ဖရဲသီးဈေးနှုန်းသည် (၅.၁-၅.၂) ယွမ် နှင့် သခွားမွှေးသီးဈေးနှုန်းသည် (၆-၆.၅) ယွမ်အထိ ရှိခဲ့ပါသည်။ မြန်မာနိုင်ငံမှ ဖရဲသီး နှင့် သခွားမွှေးသီးများသည် တရုတ်ဈေးကွက်ကို မှီခိုနေရ ပါသည်။ ကုန်သည်များသည် တရုတ်နိုင်ငံ၏ တင်းကျပ်သောဗိုင်းရပ်စ်မူဝါဒနှင့်လည်း ရင်ဆိုင် ဖြေရှင်းခဲ့ရပါသည်။
ပြီးခဲ့သည့်နှစ်တွင် ကိုဗစ် - ၁၉ ကပ်ရောဂါ ကန့်သတ်ချက်များကြောင့် မြန်မာနိုင်ငံမှ ဖရဲသီး နှင့် သခွားမွှေးသီးများ တရုတ်နိုင်ငံသို့တင်ပို့မှုကို အနှောင့်အယှက်ဖြစ်စေခဲ့ပါသည်။ တရုတ်အကောက်ခွန်စည်းမျဉ်းများ နှောင့်နှေးကြန့်ကြာလာပါသည်။ ကုန်တင်ကားများ အချိန် အတော်ကြာ ကြန့်ကြာမှုကြောင့် ဖရဲသီးအရည်အသွေးကို ထိခိုက်ခဲ့ပြီး တရုတ်နိုင်ငံသို့သွားသော ကုန်တင်ကား(၅)စီးတွင် (၁)စီးစာသာ အရည်အသွေးကောင်းမွန်သောဖရဲသီးများ အဖြစ် ကျန်ရှိခဲ့ပါသည်။ ကုန်သည်များသည် တရုတ်နိုင်ငံအပြင် စျေးကွက်အသစ်များကို ရှာဖွေနေပြီး ပျက်စီးလွယ်သော သစ်သီးများ ဖြစ်သောကြောင့် ပေးပို့ချိန်၊ ဈေးနှုန်းနှင့် အမြတ်အစွန်းကို ချိန်ဆသတိပြုနေ ရပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ သက်ရောက်မှုကြောင့် နန်းတော် နှင့် ဆင်ဖြူနယ်စပ် ကုန်သွယ်ရေး စခန်းများကို ဧပြီလ (၁)ရက်နေ့မှ စတင်ရပ်ဆိုင်းခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့မှ စတင်၍ Mang Wein ၏ အဓိကနယ်စပ်ဖြတ်ကျော်မှုကို ပိတ်လိုက်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် ကျန်ရှိနေသော နယ်စပ်ကုန်သွယ်ရေးစခန်း (၂)ခုဖြစ်သည့် ကျင်စန်းကျော့ နှင့် ပန်ဆန်တို့ကို ရပ်ဆိုင်းခဲ့ပါသည်။ ထို့အတွက်ကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု လုံးဝ ရပ်တန့်သွားခဲ့ပါသည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ကျင်စန်းကျော့နယ်စပ်ဂိတ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့တွင် ပြန်လည်စတင်ခဲ့ပါသည်။ မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှု အများစုလုပ်ဆောင်နေသည့် မူဆယ်-မန်ဝိန်း နယ်စပ် ကုန်သွယ်မှုလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့က ပြန်လည်စတင်ခဲ့ပါသည်။ ထို့အပြင် ၎င်းနယ်စပ်ဂိတ် မှတဆင့် တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်များ (ဖရဲသီး၊ သခွားမွှေးသီး)၊ သတ္တု နှင့် ရေထွက်ပစ္စည်းများကိုလည်း တင်ပို့ခွင့်ပြုခဲ့ပါသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် နေ့စဉ် ဆန်၊ ဆန်ကွဲ၊ ရော်ဘာ၊ ပဲမျိုးစုံ၊ ရေထွက်ကုန်၊ ငရုတ်ကောင်းနှင့် အခြားစားသောက်ကုန်ပစ္စည်းများအား ကျင်စန်းကျော့ဂိတ်ကိုဖြတ်၍ တရုတ်နိုင်ငံသို့ ကုန်တင်ယာဉ် အစီး (၄၀) ဖြင့် တင်ပို့လျက်ရှိကြောင်း၊ အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန် နှင့် စက်မှုကုန်ကြမ်းများ ကုန်တင်ကားအစီးရေ (၂၀)ခန့် တင်သွင်းလျက်ရှိကြောင်း (၂၇. ၁. ၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global new light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/watermelon-muskmelon-fetch-handsome-prices-in-post-chinese-new-year/
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန