စိုက်ပျိုးရေးကဏ္ဍ၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍအပါအဝင် အခြားသဘောတူညီချက် (၁၂)ချက်ကို ဖိလစ်ပိုင် နှင့် တရုတ်တို့ MOU ရေးထိုး
- Tue, 17 January 2023
ဖိလစ်ပိုင်သမ္မတ Ferdinand "Bongbong" Marcos Jr. ၏ တရုတ်နိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘောတူညီချက် (၁၄)ချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သမ္မတ အိမ်တော်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါသည်။
အဆိုပါ သဘောတူညီချက်များတွင် စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ရေကြောင်းလုံခြုံရေးနှင့် ခရီးသွားလုပ်ငန်း စသည့် ကဏ္ဍများပါဝင် ပါသည်။
၎င်း(၂)နိုင်ငံသည် စိုက်ပျိုးရေး နှင့် ရေလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲ လုပ်ဆောင်မှုစီမံချက် (၂၀၂၃-၂၀၂၅)ကို ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန နှင့် တရုတ်နိုင်ငံ စိုက်ပျိုးရေး နှင့် ကျေးလက်ရေးရာဝန်ကြီးဌာနတို့ ကြားခံ၍ Belt and Road Initiative (BRI) ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ပါသည်။ Belt and Road Initiative (BRI)ကို (၂၀၁၃)ခုနှစ်မှ စတင်၍ တရုတ်သမ္မတ Xi Jinping ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
BRI သည် အာရှ၊ ဥရောပ နှင့် အာဖရိကတို့အကြား ပိုမိုချောမွေ့သော ကုန်သွယ်ရေး စီးဆင်းမှုဖြစ်လာစေရန် နိုင်ငံပေါင်း (၁၅၀) နီးပါးနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် ရင်းနှီး မြှုပ်နှံရန်အတွက် ကမ္ဘာ့အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ တစ်ခု ဖြစ်သည်။
ဖိလစ်ပိုင်-တရုတ်စိုက်ပျိုးရေးနည်းပညာ - နည်းပညာပူးပေါင်းဆောင်ရွက်ရေး အဆင့် (၃) (PHILSCAT-TCP III)၏ လုပ်ငန်းလွှဲပြောင်းပေးအပ်သည့် လက်မှတ်အတွက် မနီလာ နှင့် ဘေဂျင်းတို့ကလည်း သဘောတူညီချက်တစ်ခု ဆောင်ရွက်ခဲ့ပါသည်။
ဒစ်ဂျစ်တယ်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ပူးပေါင်း ဆောင်ရွက်ရေးအတွက် တရုတ် စက်မှုလက်မှု နှင့် သတင်းအချက်အလက် နည်းပညာ
ဝန်ကြီးဌာန နှင့် ဖိလစ်ပိုင်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဌာန (DICT)တို့အကြား နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါသည်။
ဖိလစ်ပိုင်မှ လတ်ဆတ်သော ဒူးရင်းသီးများ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းအတွက် ပိုးမွှားရောဂါကင်းရှင်းကြောင်းဆိုင်ရာလိုအပ်ချက်များကိုလည်း ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန နှင့် တရုတ်နိုင်ငံ၏ အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးအဖွဲ့တို့ကြား သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ တန်ဖိုးမြင့်လယ်ယာထွက်ကုန်များကို လက်ခံရန် အဆင်သင့် ဖြစ်နေသောကြောင့် ကုန်သွယ်မှု လိုငွေ ကွာဟချက်ကို ဖြေရှင်းနိုင်ရန်အတွက် ကတိပြုခဲ့ကြောင်း မားကို့စ်က ပြောကြား ခဲ့ပါသည်။
နှစ်နိုင်ငံတွေ့ဆုံမှုအတွင်း မားကို့စ်က တရုတ်သည် ဖိလစ်ပိုင်၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာသော်လည်း ပို့ကုန် နှင့် သွင်းကုန်များကြား မညီမျှမှုကို သတိပြု မိကြောင်း ပြောကြားခဲ့သည်။ ဖိလစ်ပိုင်မှ ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ တင်သွင်းမည်ဟု ၎င်းက အခိုင်အမာ ပြောကြားခဲ့ပါသည်။
ဖိလစ်ပိုင်နိုင်ငံ နှင့် တရုတ်နိုင်ငံကြား ကုန်သွယ်ရေး မညီမျှမှုအကြောင်း နှင့် ယင်း အခြေအနေအား ကုစားရန် ၎င်းတို့ဆောင်ရွက်ရမည့် အကြောင်းအရာများအား ဆွေးနွေး ခဲ့ပါသည်။
အမှန်အားဖြင့် ၎င်းတို့၏ ဒူးရင်းသီးတင်ပို့မည့်လုပ်ငန်းစဉ်ဖြစ်သည့် ဖိလစ်ပိုင်မှ ဒူးရင်း နှင့် အခြား စိုက်ပျိုးရေးထွက်ကုန်များအား တင်သွင်းရန် ကုန်သွယ်မှုအား ဖွင့်ပေးသည့်အတွက် တရုတ်နိုင်ငံမှ ပို့ကုန် နှင့် ဖိလစ်ပိုင်မှ သွင်းကုန် မညီမျှမှုများအား ကုစားနိုင်စေကြောင်းကို ဖိလစ်ပိုင်သမ္မတမှ ဆက်လက်ပြောကြားခဲ့ကြောင်း (၅. ၁. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် GMA News သတင်းအရ သိရှိရပါသည်။
Source https://www.gmanetwork.com/news/topstories/nation/856372/philippines-china-ink-mou-on-agriculture-ict-12-other-deals/story/
တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန