ဥတစ်လုံးကြက်သွန်ဖြူများ အရောင်းအ၀ယ်မြင့်တက်နေ

  • Wed, 5 March 2025

ဥတစ်လုံးကြက်သွန်ဖြူများ အရောင်းအ၀ယ်မြင့်တက်နေ


ဥတစ်လုံးကြက်သွန်ဖြူများ ဝင်ရောက်မှုနည်းပါးချိန်ဖြစ်ပြီး ရောင်းဝယ်ဖောက်ကားမှုမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း၊ ယခုအချိန်၌ အခြားလက်ကားရောင်းဝယ်ရေးစင်တာများတွင် ဥတစ်လုံးကြက်သွန်ဖြူ ဝင်ရောက်မှုမရှိတော့ဘဲ လက်ကျန်ပစ္စည်းအနည်းငယ်သာ ကျန်ရှိတော့ကြောင်း၊ အခြား ကြက်သွန်ဖြူများထက် ဥတစ်လုံးကြက်သွန်ဖြူဥ ပေါက်ဈေးမှာ အမြင့်ဆုံးဖြစ်ကြောင်း၊ ကုန် ပစ္စည်းဝင်ရောက်မှု အကန့်အသတ်ရှိသော်လည်း ဈေးနှုန်းမြင့်မားပြီး အရောင်းအဝယ် အလွန် ကောင်းမွန်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးမှ ဝယ်ယူမှုများရှိပြီး ရန်ကုန်မြို့မှ အဓိကမှာယူကြောင်း တောင်ကြီးမြို့နယ်မှ ကြက်သွန်ဖြူ ကုန်သည်တဦး၏ ပြောကြားချက်အရ သိရှိရ ပါသည်။

ကြက်သွန်ဖြူအဟောင်း ဝင်ရောက်မှု ပြတ်တောက်ချိန်နီးနေပြီး ကြက်သွန်ဖြူ အသစ် များမှာ မတ်လတွင် စတင်တူးဖော်နိုင်တော့မည် ဖြစ်ကြောင်း၊ ကြက်သွန်ဖြူ မျိုးကွဲများအနက် ဥတစ်လုံး ကြက်သွန်ဖြူဥများကို ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုကြပြီး လူသုံးအများဆုံး အသုံး ပြုသည့် စားဖိုဆောင်သီးနှံဖြစ်သဖြင့် ရောင်းဝယ်ဖောက်ကားမှုသည် ကောင်းမွန်ကြောင်း၊ ဥတစ်လုံး ကြက်သွန်ဖြူနှင့် တစ်ခြားကြက်သွန်ဖြူ နှစ်မျိုးလုံးအပါအဝင် ကြက်သွန်ဖြူအသစ်များကို သင်္ကြန် မတိုင်ခင် မတ်လကုန်ခန့်တွင် တူးယူကြမည်ဖြစ်ကြောင်း  သူမက ဆက်လက်ပြောကြားခဲ့ပါသည်။

ဇန်နဝါရီလတွင် ဈေးနှုန်းများ မြင့်တက်လာသော်လည်း ဥတစ်လုံးကြက်သွန်ဖြူ အရောင်း အဝယ်မှာ မြင့်တက်နေဆဲပင်ဖြစ်ကြောင်း၊ ဥအရွယ်အစားကြီးသော ကြက်သွန်ဖြူဝယ်ယူမှုမှာ ရန်ကုန်မှ အများဆုံးဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ပြည်မြို့မှ ဆေးဖက်ဝင် ကြက်သွန်ဖြူ မှာယူမှု မြင့်တက်လာကြောင်း၊ ဥတစ်လုံးကြက်သွန်ဖြူများကို နေပြည်တော်သို့လည်း ပို့ဆောင်လျက် ရှိနေကြောင်းကို (၂၆. ၂. ၂၀၂၅)နေ့က ဖတ်ရှုခဲ့ရသည့် Global New Light of Myanmar ၏ သတင်း ဆောင်းပါးမှတဆင့် သိရှိခဲ့ရပါသည်။

Source https://www.gnlm.com.mm/single-clove-garlic-trade-still-on-the-rise/#article-title


တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ မတ်လ(၅) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ