ယခုနှစ်အတွင်း အိန္ဒိယသည် မြန်မာ့ကွမ်းသီး ဝယ်ယူမှု ပြန်လည်စတင်
- Wed, 5 March 2025
“ယခုနှစ်အတွင်း အိန္ဒိယမှ ၀ယ်ယူမှုရှိသောကြောင့် ပြည်တွင်းဈေးကွက်မှာ ကွမ်းသီး ရောင်းလိုအား နည်းသွားကြောင်း၊ မြန်မာ့ကွမ်းသီးကို တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူပါကြောင်း၊ အိန္ဒိယ၏ ဝယ်လိုအားမှာ ယမန်နှစ်က နည်းပါးခဲ့သော်လည်း ယခုနှစ်တွင် ပုံမှန်အတိုင်း ပြန်လည် ရောက်ရှိခဲ့သောကြောင့် ပြည်တွင်းဈေးကွက်တွင် ကွမ်းသီး ရောင်းလိုအား နည်းနေကြောင်း” မန္တလေးမြို့ရှိ ကွမ်းသီးဒိုင်မှ မသီရိအောင်က ပြောကြားခဲ့ပါသည်။
ယခင်နှစ်များက တရုတ်နိုင်ငံမှ ကွမ်းသီးနုများ မှာယူမှု များပြားလာခြင်းကြောင့် ကွမ်းသီး ခြောက် ရှားပါးလာပြီး ဈေးနှုန်းများလည်း မြင့်တက်လာသည်။
“ယခင်နှစ်က ကွမ်းသီးနုဈေးနှုန်းမှာ ကွမ်းသီးခြောက်ထက် ပိုမြင့်ခဲ့ပါကြောင်း၊ အဆိုပါ ဈေးနှုန်းမြင့်တက်မှု မက်လုံးသည် ကွမ်းသီးခြံပိုင်ရှင်များအား အခြောက်ခံသည့် အဆင့်ထိ မသွားဘဲ ကွမ်းသီးနုအဆင့်မှာသာ ရောင်းချရန်အားပေးခဲ့ကြောင်း၊ အကျိုးဆက်အားဖြင့် ကွမ်းသီးခြောက် ရှားပါး လာပြီး ယခုနှစ်မှာ ဈေးတက်လာပါကြောင်း” (၂၇. ၂. ၂၀၂၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/india-resumes-areca-nut-purchase-from-myanmar-this-year/#article-title
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ မတ်လ (၅) ရက်
တည်းဖြတ်သူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန