တရုတ် စိုက်ပျိုးရေး ပို့ကုန်များမှတဆင့် ကျေးလက်အငွေ့အသက်ကို ကမ္ဘာအနှံ့သယ်ဆောင်
- Thu, 27 February 2025
တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ကုန်းတွင်းပိတ်ပြည်နယ် Guizhou ၏ ဝေးလံခေါင်သီ သော တောင်တန်းများတွင် နေထိုင်သော ဒေသခံများသည် စိုက်ပျိုးရေးထွက်ကုန်များကို ကမ္ဘာ့ လူသုံးကုန်ပစ္စည်းအဖြစ် ပြောင်းလဲကာ ကျေးလက်စီးပွားရေးနယ်ပယ်အသစ်ကို တည်ထောင်ကြသည်။
Sinan County တွင်ရှိသော ကျေးလက်အစားအစာ စက်ရုံတစ်ခုသည် ငယ်ရွယ်သူ များကြား ရေပန်းစားလျက်ရှိသော အသင့်စား အစားအစာဖြစ်သည့် ကန်စွန်းဥခေါက်ဆွဲ(အစပ်)ကို နေ့စဉ် ဘူးပေါင်း(၁၀၀,၀၀၀) ကျော် ထုတ်လုပ်လျက်ရှိပါသည်။
ယမန်နှစ်က Alibaba နှင့် JD.com တို့ကဲ့သို့ နယ်စပ်ဖြတ်ကျော် e-commerce platforms များ၏ ကျေးဇူးဖြင့် ထုတ်ကုန်အများအပြားကို ဆော်ဒီအာရေဗျအပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့သည်။
Zhang မှ ကုမ္ပဏီသည် ၎င်း၏ပြည်ပရောင်းအားကို (၂၀၂၅) ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၂)သန်းအထိ နှစ်ဆတိုးရန် ရည်မှန်းထားပြီး၊ အစာပြေစာသုံးရန် သင့်တော်သည့် တရုတ် အသင့်စား ခေါက်ဆွဲခြောက်များသည် ကိုရီးယားသမ္မတနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ စျေးကွက်များ အတွက် ရည်မှန်းထုတ်လုပ်ထားသည်။
(၂၀၂၃)ခုနှစ်တွင် Sinan သည် “ကျေးလက်နိုင်ငံခြားကုန်သွယ်မှုကို ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိသည့် Guizhou၏ ပထမဆုံးရှေ့ပြေးခရိုင်တစ်ခု ဖြစ်လာခဲ့သည်။” လက်ဖက် ခြောက်နှင့် ကန်စွန်းဥခေါက်ဆွဲ ကဲ့သို့သော ထုတ်ကုန်များကို ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဥရောပ နိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ပြီး ယွမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ၂၈သန်းခန့်) အထိ မြင့်တက် လာခဲ့ကြောင်း အစိုးရပိုင်းဆိုင်ရာမှ ဖော်ပြထားသော ကိန်းဂဏန်းများအရ သိရှိရပါသည်။
Guizhou သည် (၂၀၂၅)ခုနှစ် တွင် ကျေးလက်ပို့ကုန်လုပ်ငန်းများတွင် လုပ်ငန်းပေါင်း (၅၀၀) ရှိရန် ရည်မှန်းထားပြီးအဆိုပါ ကဏ္ဍအတွင်း နှစ်စဉ်ပို့ကုန်ဝင်ငွေသို့ ယွမ်ငွေ (၅) ဘီလီယံထည့်ဝင်ရန် ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် အခြားဌာနများမှ ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစိုးရ အစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။
အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ ယမန်နှစ်က Guizhou ပြည်နယ်မှ မက်မန်း ချိုသီးနှင့် gastrodia အဖျော်ယမကာ အပါအဝင် စိုက်ပျိုးရေးထွက်ကုန်အများအပြားကို ပထမဆုံး
အကြိမ် တင်ပို့ခဲ့ကြောင်းသိရပါသည်။
စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးကုန်သွယ်မှုမြှင့် တင်ရေးစင်တာ၏ အချက်အလက်များအရ တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုသည် (၂၀၂၄) ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၀၃) ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် (၄.၁) % တိုးမြင့် လာခဲ့ကြောင်းကို (၁၉.၂.၂၀၂၅) နေ့တွင် ထုတ်ပြန်ခဲ့သော Xinhua သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://english.news.cn/20250219/b9de81d8139643fe9a7cb28088c6dbbf/c.html
တင်ပြသူ ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်
တည်းဖြတ်သူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန