ပြည်တွင်း၌ ပဲလိပ်ပြာ(အခြောက်) စားသုံးမှု မြင့်မားသည့်အပြင် ပြည်ပမှလည်း အမှာ များ လက်ခံရရှိ
- Thu, 27 February 2025
ပဲလိပ်ပြာ (အခြောက်) များသည် ပြည်တွင်းစားသုံးမှု မြင့်မားသည့်အပြင် ပြည်ပ မှလည်း အမှာစာများ လက်ခံရရှိခဲ့ကြောင်း အောင်ပန်းမြို့နယ်မှ ပဲကုန်သည်များထံမှ သိရှိရပါသည်။
ပဲလိပ်ပြာ(အခြောက်)များသည် ပဲလိပ်ပြာ(အစို)များထက် အရောင်းအဝယ် ပိုကောင်းပြီး ဈေးနှုန်းလည်း ပိုမိုကောင်းမွန်ပါသည်။ ယခုအချိန်တွင် ပဲလိပ်ပြာ(အခြောက်)များ စတင်ရရှိပါသည်။
လက်ရှိတွင် ပဲလိပ်ပြာ(အခြောက်)များ စတင်ရရှိနေပါသည်။ ၎င်းပဲများကို ပဲအခြောက် ဟုလည်း ခေါ်ဆိုကြပါသည်။ ပဲလိပ်ပြာစေ့ရာသီသည် အလွန်တိုတောင်းပြီး (၂-၃)လသာ ကြာမြင့် ပါသည်။ ပဲလိပ်ပြာ(အစို)များ ထွက်ရှိပြီးနောက် မကြာမီတွင် ပဲလိပ်ပြာ(အခြောက်)များ စတင်ရရှိ လာပါသည်။ ပဲလိပ်ပြာ(အခြောက်)များသည် ဈေကောင်းသည့်အပြင် ပြည်ပမှလည်း အမှာစာများ ရရှိလျက်ရှိပါသည်။ လက်တလောတွင် ထိုင်းနိုင်ငံမှ အမှာစာများ ရှိကြောင်း အောင်ပန်းမြို့နယ်မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံကုန်သည် တစ်ဦးဖြစ်သူ မညိုလဲ့ရည်က ပြောကြားခဲ့ပါသည်။
ပဲလိပ်ပြာ(အခြောက်)များသည် ပြည်တွင်းမှလည်း အမှာစာများရှိပြီး ရန်ကုန်မှ အများဆုံး ဖြစ်ပါသည်။ ပဲလိပ်ပြာ(အခြောက်)များသည် အညာဒေသဖြစ်သည့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် စားသုံးမှုအများဆုံး ပဲတစ်မျိုးဖြစ်ပါသည်။
ပဲလိပ်ပြာ(အခြောက်)များသည် ပြည်တွင်းဈေးကွက်တွင်လည်း တစ်နိုင်ငံလုံးမှ အမှာစာများ ရှိပါသည်။ အညာဒေသတွင် အများဆုံးစားသုံးသည့် ပဲတစ်မျိုးဖြစ်ပါသည်။ အညာဒေသမှ လူများသည် အဆိုပါပဲများကို နူးနှပ်သည်အထိ ပြုတ်၍ ရေနွေးကြမ်းနှင့် တွဲ ဖက်စားသုံးကြပါသည်။ အမှာစာများထဲတွင် ရန်ကုန်မှအမှာသည် အများဆုံးဖြစ်ပါသည်။ အဆိုပါ ပဲလိပ်ပြာများကို ရန်ကုန် သီရိမင်္ဂလာဈေးကွက်မှ မြန်မာနိုင်ငံအောက်ပိုင်းဒေသများသို့ ဖြန့်ဖြူးရောင်းချပါသည်။ ပဲလိပ်ပြာ (အခြောက်)များသည် တစ်နှစ်နီးပါးခံပြီး တစ်နှစ်ကျော်ပြီးနောက်တွင် ဆွေးမြေ့သွားပါသည်။ ပဲလိပ်ပြာ (အစို)များကို မတ်လကုန်ထိတိုင် ရရှိနိုင်ကြောင်း (၁၈. ၂. ၂၀၂၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.gnlm.com.mm ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/with-high-domestic-consumption-dried-butterfly-bean-receives-overseas-orders/
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန