ပေါင်းတည်နှင့်မြောင်းမြမြို့တို့၌ ဖွဲနုဆီစက်ရုံ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်

  • Thu, 27 February 2025

ပေါင်းတည်နှင့်မြောင်းမြမြို့တို့၌ ဖွဲနုဆီစက်ရုံ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်


ပေါင်းတည်နှင့် မြောင်းမြမြို့တို့၌ ဖွဲနုဆီစက်ရုံနှင့် ဟင်းချက်ဆီစက်ရုံများ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ပြောကြားချက်အရ သိရှိရ ပါသည်။ MRF မှ ဦးစီးဆောင်ရွက်သည့် မြန်မာ့ပထမဦးဆုံး ဖွဲနုဆီနှင့် ဟင်းချက်ဆီစက်ရုံ စီမံကိန်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ MAPCO ဆန်စက်ရုံဝန်း၌ ပြီးခဲ့သည့် ဖေဖော်ဝါရီ လ၌ စတင်ဆောင်ရွက်ခဲ့ပါသည်။ 

နေပြည်တော်ရှိ ဖွဲနုဆီစက်ရုံတည်ဆောက်မှု အခြေအနေသည် ပြီးစီးလုနီးပါးဖြစ်ကာ စစ်ဆေးရေးလုပ်ငန်းမျှသာ ကျန်ရှိတော့ကြောင်း၊ မြောင်းမြနှင့် ပေါင်းတည်မြို့တို့၌လည်း အခြား စက်ရုံများ တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း၊ အလားတူစီမံချက်များအား ရန်ကုန်၌လည်း ဆောင်ရွက်ရန်ရှိကြောင်း MRF မှ နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

နေပြည်တော်၌ တည်ဆောက်ဆဲ စက်ရုံသည် ဆီကြမ်း တန်ချိန် (၉၀၀၀)နှင့် ဟင်းချက်ဆီ တန်ချိန် (၆၃၀၀) ထုတ်လုပ်နိုင်စွမ်းရှိသည့်အတွက် တစ်နှစ်လျှင် စုစုပေါင်း တန်ချိန် (၁၅၃၀၀)ခန့် ထွက်ရှိနိုင်ကြောင်း၊ စက်ရုံပေါင်း (၁၀)ခုခန့်ကို နေပြည်တော်အပါအဝင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း၊ အဆိုပါ အရင်းအမြစ်များမှ ထွက်ရှိသည့်ဆီများကို ပြည်တွင်းဈေးကွက်များ၌ ရောင်းချမည်ဖြစ်ပြီး ပိုလျှံသည့် ဆီများကို ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပတိုင်းပြည်များသို့ တင်ပို့ရောင်းချမည် ဖြစ်ကြောင်း (၂၃. ၂. ၂၀၂၅)ရက်နေ့တွင် ထုတ်ပြန်သည့် Global New Light of Myanmar သတင်းအရ သိရှိရ ပါသည်။


Source https://www.gnlm.com.mm/rice-ban-oil-and-cooking-oil-factories-under-preparation-in-paungde-and-myaungmya/


တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ