ဗြိတိန်ကုန်သွယ်ရေးအစီအစဉ်အဖြစ် ကမ္ဘောဒီးယားလယ်ယာထွက်ကုန်တင်ပို့မှုကို မြှင့်တင်
- Fri, 21 February 2025
ဗြိတိန်နိုင်ငံမှ ထိပ်တန်းဝယ်ယူသူ ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားမှ အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ ချိတ်ဆက်ဝယ်ယူရန် ယခုကာလအတွင်း ကမ္ဘောဒီးယားတွင်ရောက်ရှိနေသည်။
UK အစိုးရ ရန်ပုံငွေဖြင့် UK ကုန်သွယ်မှုမိတ်ဖက်အစီအစဉ်(UKTP) အောက်ရှိ အပြည်ပြည် ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန(ITC)မှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး Phnom Penh၊ Battambang၊ Siem Reap နှင့် Kampong Thom တို့မှ စိုက်ပျိုးထုတ်လုပ်သူများနှင့် UK မှ ဝယ်ယူသူ (၇)ဦးတို့ ချိတ်ဆက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
အဆိုပါအစီအစဉ်တွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေးများနှင့် သီဟိုဠ်စေ့ထုတ် လုပ်ငန်းများ၊ စပါးစိုက်ခင်းများနှင့် သရက်သီးခြောက် ထုတ်လုပ်သည့် စက်ရုံများ သွားရောက် လည်ပတ်မှုများပါဝင်ပြီး အဓိကအနေဖြင့် ကမ္ဘောဒီးယားစိုက်ပျိုးထုတ်လုပ်သူများနှင့် သက်ဆိုင် သူများအားလုံး တွေ့ဆုံနှီးနှောဖလှယ်နိုင်ရန် မျက်နှာချင်းဆိုင်ဖလှယ်ရန်အတွက် အခွင့်အလမ်းများ ပေးအပ်ခြင်းတို့ ပါဝင်သည်။
ဤအစီအစဉ်အရ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များနှင့်အညီ win-win ချဉ်းကပ်မှုများကတဆင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆက်ဆံရေးကို ပိုမိုခိုင်မာစေမည်ဟု မျှော်လင့် ပါကြောင်း ပြောကြားခဲ့ပါသည်။
ထင်ရှားသော ကမ္ဘောဒီးယားကုမ္ပဏီများနှင့် သမဝါယမအသင်းများထံ သွားရောက် လည်ပတ်ခြင်းဖြင့် UK ဝယ်လက်များအား ဒေသတွင်းထုတ်လုပ်မှုစွမ်းရည်နှင့် အရည်အသွေး စံနှုန်းများကို သိမြင်လာစေမည်ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Dominic Williams က UK သည် ကမ္ဘော ဒီးယားနိုင်ငံ၏ စဉ်ဆက်မပြတ်တိုးတက်မှုအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ပြီး နိုင်ငံတွင်းရှိ လူများအား လစာကောင်းသည့် အလုပ်အကိုင်များ ရရှိစေရန်နှင့် သူတို့၏ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို မြှင့်တင်ရန် ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ကုန်သွယ်ရေးအစီအစဉ်သည် (ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်) UK နှင့် တက်သစ်စ ဈေးကွက်များအကြား ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာစေရန်အတွက် UK ကုန်သွယ်မှု မိတ်ဖက်အစီအစဉ်၏ ကတိကဝတ်ကို အလေးပေးဖော်ပြပါသည်။
UK ဝယ်သူများနှင့် ကမ္ဘောဒီးယားထုတ်လုပ်သူများကြား တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို လွယ်ကူချောမွေ့စေခြင်းဖြင့် နှစ်နိုင်ငံလုံး၏စိုက်ပျိုးရေး ကဏ္ဍများတွင် အပြန်အလှန်အကျိုး ရှိသော မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် ကမ္ဘောဒီးယား ထုတ်ကုန်များအတွက် စျေးကွက်ချဲ့ထွင်နိုင်စေခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုကို မြှင့်တင်ရန် အစပြုခဲ့ ပါသည်။
အဆိုပါ အစီအစဉ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ UKနှင့် EUသို့ ကုန်သွယ်မှုမြှင့်တင်ရန် ရည်ရွယ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များနှင့် UK ၏ ဖွံ့ဖြိုးဆဲနိုင်ငံများ ကုန်သွယ်မှု အစီအစဉ်၏ အကျိုးကျေးဇူးများကို အသုံးချရန် ရည်ရွယ်သည်ကို (၁၄. ၂. ၂၀၂၅)ရက်နေ့က ဖတ်ရှုခဲ့ ရသည့် www.khmertimeskh.com သတင်းကွန်ယက်၏ ဆောင်းပါးမှတဆင့် သိရှိခဲ့ရသည်။
Source https://www.khmertimeskh.com/501639129/uk-trade-mission-to-boost-cambodian-agricultural-exports/
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန