ယူနက်စကို တင်သွင်းမှုမတိုင်မီ မြန်မာ့သနပ်ခါးကို ပြသခဲ့
- Fri, 21 February 2025
မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့များကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ ၂၀၂၅ ခုနှစ်၊ မတ်လမတိုင်မီ အမည်စာရင်းတင်သွင်းနိုင်ရေး အတွက် သနပ်ခါးယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးအစီအစဉ်များကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနလက်အောက်ရှိ ပြတိုက်များနှင့် စာကြည့်တိုက်များတွင် ဖေဖော်ဝါရီလ တစ်လလုံး ဆောင်ရွက်လျက်ရှိသည်။
ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ကျောင်းအသီးသီးမှ ကျောင်းသားကျောင်းသူများအား အမျိုးသားပြတိုက် (နေပြည်တော်)သို့ ဖိတ်ခေါ်၍ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက သနပ်ခါး၏သမိုင်းကြောင်း၊ အသုံးဝင်ပုံနှင့် မြန်မာ့နေ့စဉ်လူနေမှုဘဝတွင် ၎င်း၏ အရေးပါပုံကို အလေးပေးဟောပြောခဲ့ပါသည်။ ကျောင်းသားကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
အမျိုးသားပြတိုက် (နေပြည်တော်)တွင် မြန်မာ့သနပ်ခါးနှင့်ပတ်သက်သည့် ပညာပေး အစီ အစဉ်အဖြစ် မြန်မာ့သနပ်ခါးဆိုင်ရာရှင်းလင်းချက်စာသားများ၊ ဗွီဒီယိုမှတ်တမ်းများ၊ ကဗျာများနှင့် သနပ်ခါးကို ကိုယ်တိုင်လိမ်းခြယ်စေခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း (၁၄-၂-၂၀၂၅) ရက်နေ့တွင်ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းအရသိရှိရပါသည်။
Source https://www.gnlm.com.mm/myanma-thanaka-showcased-ahead-of-unesco-submission/#article-title
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန