တည်ငြိမ်သော ပြောင်းဈေးနှုန်း ထပ်မံမြင့်တက်ရန် မျှော်မှန်းထား
- Mon, 17 February 2025
ပြည်တွင်းဈေးကွက်တွင် ပြောင်းဈေးနှုန်း တည်ငြိမ်နေသည်မှာ ၅ ရက်ခန့်ရှိပြီ ဖြစ်ပြီး ထပ်မံ မြင့်တက်လာနိုင်ချေ ရှိသည်။
“လက်ရှိ ပြည်တွင်းဈေးကွက်တွင် ပြောင်းဈေးနှုန်းမှာ ၅ ရက်လောက် တည်ငြိမ်နေ ပါကြောင်း နောက်လများတွင် စျေးနှုန်း ပိုမိုမြင့်တက်လာနိုင်ကြောင်း” ရှမ်းပြည်နယ် တောင်ပိုင်း နမ့်ဆန်မြို့နယ်ရှိ WHA- Purchasing မှ ကိုဝေထက်အောင်က ပြောခဲ့ပါသည်။
လက်ရှိတွင် ပြောင်းကို ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ တင်ပို့နေပြီး ၎င်းတို့အနက် ထိုင်းနိုင်ငံသည် အဓိက တင်ပို့ရာနေရာဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ပြောင်းဈေးကွက်ပျက်သဖြင့် ပြောင်းစိုက်ခင်းများ ကျဆင်းခဲ့သလို ယခုနှစ် ပြောင်း အထွက်နှုန်းမှာလည်း ကျဆင်းခဲ့ပါသည်။
ထိုင်းနိုင်ငံသည် ဗီယက်နမ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် တခြားပြည်ပဝယ်လက်များအကြား အကြီးဆုံး ဝယ်သူဖြစ်သည်။ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ထုတ်လုပ်မှုနည်းကြောင်း၊ ရာသီဥတုနှင့် ဈေးနှုန်းမှာ အဓိကကျကြောင်း၊ ယခင်နှစ်က စျေးမကောင်းသည့်အတွက် တောင်သူများ စိုက်ပျိုး ချင်စိတ် မရှိကြတော့ကြောင်း၊ ယခုနှစ်နှောင်းပိုင်းတွင်မှ ပြောင်းဈေးနှုန်းကောင်းလာသည် ဖြစ်ကြောင်းကို (၄-၂-၂၀၂၅) ရက်နေ့ထုတ် Global New Light Of Myanmar သတင်းဆောင်းပါး အရ သိရှိရပါ သည်။
Source https://www.gnlm.com.mm/248367-2/
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်
တည်းဖြတ်သူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန