Smart Farm Korea 2025 (SFKOREA 2025) သည် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ကြားခဲ့

  • Mon, 17 February 2025

Smart Farm Korea 2025 (SFKOREA 2025) သည် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ကြားခဲ့


Smart Farm Korea 2025 (SFKOREA 2025) ကို ၂၀၂၅ ခုနှစ် မေလ၂၁ရက်နေ့မှ ၂၃ ရက်နေ့တွင် Gyeongsangnam-do ပြည်နယ် Changwon Convention Centre တွင် ကျင်းပရန် စီစဉ် ထားပြီး ခေတ်မီစမတ်လယ်ယာနည်းပညာနှင့် ထုတ်ကုန်များကို ဝယ်ယူရန် စိတ်ပါဝင်စားသော   မြန်မာစီးပွားရေး လုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်မှုကို ကြိုဆိုပါကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ထံမှ သိရသည်။

Smart Farm Korea 2025 သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာ စေရန်နှင့်နည်းပညာမြင့်ခေတ်မီစမတ်လယ်ယာနည်းပညာများကို လက်ခံကျင့်သုံးနိုင်မည့် အနာဂတ် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်မည့် တောင်သူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။

ကုမ္ပဏီပေါင်း(၁၂၀)ခန့်သည် ၎င်းတို့၏ စမတ်လယ်ယာနည်းပညာများ၊ အဆင့်မြင့် နည်း ပညာသုံး ဖြေရှင်းပေးနိုင်မှုများနှင့် ထုတ်ကုန်များကို ပြခန်းပေါင်း(၄၀၀)ဖြင့် ပြသရန် မျှော်မှန်းထား ပြီး လာရောက် ကြည့်ရှုသူ (၂၀,၀၀၀)ခန့်ကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ရသည်။

ပြပွဲတွင် အလိုအလျောက်စနစ်ပါဝင်သည့် အနာဂတ်စိုက်ပျိုးရေး၊ စမတ်စက်ရုံသုံးပစ္စည်း များနှင့် စက်ကိရိယာများ ဥပမာအားဖြင့် လယ်ယာသုံးဒရုန်းများ၊ မြို့ပြစိုက်ပျိုးရေး၊ စိုက်ပျိုး မွေးမြူရေး သုံးပစ္စည်းများနှင့်  စက်ပစ္စည်းများ၊  အရည်အသွေးမြင့်  စိုက်ပျိုးရေးထွက်ကုန်များကို တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်နိုင်သည့် အလုပ်ရုံများ၊ ထုပ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် ICTအခန်းကဏ္ဍတို့ပါဝင်သည့် ပညာရပ်များ၊ စမတ်လယ်ယာကဏ္ဍဆိုင်ရာ ကွင်းလက်တွေ့ အတွေ့အကြုံများ၊ တိရစ္ဆာန်နှင့်အပင်ရောဂါဆိုင်ရာ စီမံခန့်ခွဲမှုများ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ပညာပေးမှုဆိုင်ရာ သတင်းအချက်အလက်များစသည်တို့ ပါဝင်ပါသည်။

စမတ်လယ်ယာနည်းပညာနှင့် ကိုရီးယားထုတ်ကုန်များကို စိတ်ဝင်စားသော မြန်မာနိုင်ငံမှ ဝယ်ယူသူများသည် အနာဂတ်တွင် စမတ်လယ်ယာကဏ္ဍကို မြှင့်တင်ရန်အတွက် နိုင်ငံတကာမှ ကျွမ်းကျင်သူများနှင့် စီးပွားရေးလုပ်ငန်းရပ်ဝန်းများတွင် ပါဝင်ဆက်သွယ်နိုင်ပါသည်။

အတွင်းရေးမှူးချုပ်ရုံး၏ ထောက်ခံချက်ဖြင့် စီးပွားရေးလုပ်ငန်းရပ်ဝန်းသို့ တက်ရောက် မည့် ဧည့်သည်များအတွက် ကုန်စည်ပြပွဲတွင် နှစ်ရက်ကြာ ဟိုတယ်တည်းခိုခွင့်ရရှိမည် ဖြစ်သည်။

ဆက်စပ်အဖွဲ့အစည်းများမှ စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ ဖုန်းနံပါတ် ၀၆၇ ၃၄၀၈၆၂၂ သို့မဟုတ် အီးမေးလ်လိပ်စာ event.td. myan trade@gmail.com သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။

ဆွေးနွေးသူများအဖြစ် ပါဝင်လိုသူများသည် ၂၀၂၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ နောက်ဆုံး ထား၍ yeon0225@jm-fair.com မှတဆင့် ဝယ်ယူသူမှတ်ပုံတင်ပုံစံကို ဖြည့်စွက်ရမည် ဖြစ်ကြောင်း ကို ၅.၂.၂၀၂၅ ဖတ်ရှုခဲ့ရသည့် Global New Light of Myanmar၏ သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။


Source https://www.gnlm.com.mm/smart-farm-korea-2025-sfkorea-2025-invites-myanmar-businesspeople/#article-title

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊  လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊  လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ