အခွန်စည်းကြပ်မှု အဆိုပြုချက်များဖြင့် ဂျပန်နိုင်ငံ ငှက်ပျောဈေးကွက်၏ ကြီးမားသော ဝေစုကို ပြန်လည်ရယူရန် ဖိလစ်ပိုင် ကြိုးစား

  • Wed, 5 February 2025

အခွန်စည်းကြပ်မှု အဆိုပြုချက်များဖြင့် ဂျပန်နိုင်ငံ ငှက်ပျောဈေးကွက်၏ ကြီးမားသော ဝေစုကို ပြန်လည်ရယူရန် ဖိလစ်ပိုင် ကြိုးစား


ဂျပန်နိုင်ငံအနေဖြင့် ဖိလစ်ပိုင် ငှက်ပျောတင်သွင်းမှု တိုးမြှင့်ရေးကို အာရုံစိုက်လာပြီး နှစ် နိုင်ငံ ကုန်သွယ်မှုဆက်ဆံရေး တိုးမြှင့်ရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။ ဂျပန်ငှက်ပျော ဈေးကွက်ဝေစု ပိုမိုကြီးမားစွာပြန်လည်ရရှိရန် ဂျပန်-ဖိလစ်ပိုင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (JPEPA) ကို ပြန်လည်သုံးသပ်ရန် ဖိလစ်ပိုင်က အဆိုပြုခဲ့သည်။ တိုကျိုရှိ ဖိလစ်ပိုင်သံရုံး၏ စီးပွားရေးအတိုင်ပင်ခံ Dita Angara-Mathay ၏အဆိုအရ ဖိလစ်ပိုင်သည် ၂၀၁၂ ခုနှစ်က ဂျပန် ငှက်ပျောဈေးကွက်၏ ၉၀% ခန့်ကို ရရှိထားပြီး အဆိုပါဝေစုသည် ၂၀၂၃ ခုနှစ်တွင် ၇၉% နှင့် ၂၀၂၄ ခုနှစ်တွင် ၇၅% သို့ ကျဆင်းသွားခဲ့ပါသည်။

ဂျပန်နိုင်ငံ၏ တင်းကြပ်သော အရည်အသွေးစံချိန်စံညွှန်းများသည် ဖိလစ်ပိုင် ပို့ကုန်ကို ထိခိုက်စေသည့် ပိုးမွှားပြဿနာများကြောင့် ငှက်ပျောထွက်ရှိရာ အရင်းအမြစ် ကွဲပြားမှုကို ဖြစ်ပေါ် စေသည်။ ၂၀၂၈ ခုနှစ်တွင် ဗီယက်နမ်နှင့် အခြားနိုင်ငံများကို ခွင့်ပြုပေးရန် ဂျပန်နိုင်ငံက စီစဉ်ထား သည့် အခွန်စည်းကြပ်မှုအတိုင်း ငှက်ပျောသီးတင်ပို့မှုအပေါ် အခွန်ကင်းလွတ်ခွင့်ရရန် ကြိုးပမ်းနေ သည်။ Angara-Mathay က ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ မိသားစု များ အတွက် ငှက်ပျောသီးကုန်သွယ်မှု၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး “စိုက်ပျိုးရေး ကဏ္ဍ တွင် လုပ်ကိုင်နေကြသည့် ဖိလစ်ပိုင်မိသားစုများစွာသည် ငှက်ပျောရောင်းဝယ်ရေးအပေါ် မူတည်နေ ပါကြောင်း” ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်သည် အဆိုပါကုန်သွယ်ရေးပြဿနာများ ဖြေရှင်းရန်အတွက် နှစ်နိုင်ငံဆွေးနွေးမှု များကို နှစ်သက်သော်လည်း ဂျပန်တာဝန်ရှိသူများက ၎င်းတို့အား နိုင်ငံပေါင်း (၁၅) နိုင်ငံပါဝင်သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ၏ထိန်းချုပ်မှုအောက်တွင် ကိုင်တွယ် ဖြေရှင်းရန် အကြံပြုထားသည်။ Angara-Mathay သည် အဖွဲ့ဝင်နိုင်ငံတစ်ခုအား လိုက်လျောမှုများ သည် အခြားသူများနှင့် အလားတူလိုက်လျောမှုများ လိုအပ်လာနိုင်သည့် RCEP ၏ ရှုပ်ထွေးမှုများ ကို မှတ်ချက်ပြုခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ကွဲပြားခြားနားသော လိုအပ်ချက်များကို မီးမောင်းထိုး ပြခဲ့ကြောင်း (၂၉-၁-၂၀၂၅) ရက်နေ့ထုတ် Fresh Plaza သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9700109/philippines-seeks-to-regain-larger-share-of-japan-s-banana-market-with-tariff-proposals/

တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ  (၅) ရက်

တည်းဖြတ်သူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ