အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၅၉၀,၀၀၀ အထက် ဝယ်ယူခဲ့ပြီး ထိပ်တန်း ဝယ်သူများစာရင်းတွင် ရပ်တည်လျက်ရှိ

  • Wed, 5 February 2025

အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၅၉၀,၀၀၀ အထက် ဝယ်ယူခဲ့ပြီး ထိပ်တန်း ဝယ်သူများစာရင်းတွင် ရပ်တည်လျက်ရှိ


အင်ဒိုနီးရှားနိုင်ငံသည် ဧပြီလ ၁ ရက်နေ့မှစတင်၍ လက်ရှိ ဘဏ္ဍာရေးနှစ် ၂၀၂၄-၂၀၂၅ ၏ ပြီးခဲ့သည့် ၉ လအတွင်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၅၉၃,၀၀၀ ကျော် တင်သွင်းသည့် ထိပ်တန်း တင်သွင်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အရ သိရှိရပါသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၄၁၀,၀၀၀ ကျော်ဖြင့် ဒုတိယအကြီးဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၂၇၄,၄၀၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၁၃၁,၀၀၀ ကျော်၊ ဆီနီဂေါနိုင်ငံသို့ ဆန်တန်ချိန် ၉၆,၆၀၀ ကျော်၊ ကို့တ်ဒီဗွာ နိုင်ငံသို့ ၄၆,၉၀၀၊ မိုဇမ်ဘစ် နိုင်ငံသို့ ဆန်တန်ချိန် ၄၄,၂၀၀ ကျော်၊ စပိန်နိုင်ငံသို့ ဆန် တန်ချိန် ၃၀,၀၀၀ ကျော်၊ ကင်မရွန်းနိုင်ငံသို့ ဆန်တန်ချိန် ၂၇,၁၀၀ ကျော်၊ နယ်သာလန်နိုင်ငံ သို့ ဆန်တန်ချိန် ၁၇,၅၀၀၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၁၇,၄၀၀‌ ကျော်၊ အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်တန်ချိန် ၁၃,၉၀၀ ကျော်နှင့် အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၁၃,၃၀၀ ကျော် အသီးသီး တင်ပို့ခဲ့ပါသည်။

လက်ရှိ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြီးခဲ့သည့် ၉ လ (ဧပြီလမှ ဒီဇင်ဘာ လထိ) အတွင်း မြန်မာ့ဆန်နှင့် ဆန်ကွဲတင်ပို့မှုပမာဏမှာ တန်ချိန် ၂ သန်းအထက် ရှိပြီး တန်ဖိုးအားဖြင့် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၉၄၈ သန်းရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ စာရင်းအင်းများအရ သိရှိရပါသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် (ဧပြီ-မတ်) အတွင်း ဆန်တန်ချိန် ၂.၅ သန်းအထက် တင်ပို့နိုင်ရန် ရည်မှန်းထားပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာကုမ္ပဏီများမှ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ ရော်ဘာနှင့် ရေထွက်ကုန် ပစ္စည်းများ၏ထွက်ရှိမှုပမာဏပေါ် မူတည်၍ လစဉ်သတ်မှတ်ထားသည့် တင်ပို့မှုပမာဏအား ပြည့်မီစေရန်အတွက် သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ  အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊      မြန်မာနိုင်ငံ ပဲမျိုးစုံ၊ 

ပြောင်း နှင့် နှမ်းကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာ နိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ် လုပ်သူများအသင်း၊ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းတို့နှင့် ပူး ပေါင်း၍ လစဉ်သတ် မှတ်ထားသည့် ပို့ကုန်ပမာဏများ ပြည့်မီစေရန်နှင့် လွယ်ကူချောမွေ့စွာ တင်ပို့နိုင်ရန် ဆောင်ရွက် လျက်ရှိပါသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆန် တန်ချိန် ၂.၅ သန်း တင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ရရှိရန် မျှော်မှန်းထားခဲ့ပါသည်။ သို့သော်လည်း ဆန်တင်ပို့မှုမှာ လျာထားပမာဏထက် လျော့နည်းသွားပြီး အမေရိ ကန်ဒေါ်လာ ၈၄၅ သန်း တန်ဖိုးရှိသော ဆန်တန်ချိန် ၁.၆ သန်းသာ တင်ပို့နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပို့ကုန်ဝင်ငွေကို ထိန်းချုပ်သည့် ငွေကြေးမူဝါဒသည် ဆန်တင်ပို့မှုကို အဟန့်အတားဖြစ်စေပြီး ပို့ကုန်လုပ်ငန်းရှင်များအား ငွေကြေးပိုင်းအရ ထိခိုက်မှုများ ဖြစ်စေပါသည်။ အယ်နီညို ရာသီဥတု အခြေအနေသည်လည်း ဆန်တင်ပို့မှုကို အဟန့်အတားဖြစ်စေခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဌက ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသည်လွန်ခဲ့သည့် ဘဏ္ဍာရေးနှစ် ၂၀၂၂-၂၀၂၃ (ဧပြီ-မတ်) ခုနှစ်အတွင်း ပြည်ပကုန်သွယ်ဖက်နိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂,၂၆၁,၂၀၃ တင်ပို့ခဲ့ပြီး တန်ဖိုး အားဖြင့် ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၈၅၃.၄၇၂ သန်း ရှိကြောင်း ၃၀-၁-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.gnlm.com.mm ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

Source https://www.gnlm.com.mm/indonesia-buys-over-590000-tonnes-of-myanmar-rice-tops-buyers-list/


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ