မြိတ်ဒေသထွက် ရာသီပေါ်မရမ်းသီးများ ထိုင်းနိုင်ငံမှ ဝယ်လိုအားမြင့်တက်လျက်ရှိ
- Wed, 5 February 2025
မြိတ်ဒေသမှ ရာသီပေါ် မရမ်းသီးများကို ထိုင်းနိုင်ငံမှ မှာယူမှုများသောကြောင့် ရောင်းအား ကောင်းနေကြောင်း မြိတ်ဈေးကွက်သတင်းအရ သိရှိရပါသည်။
ယခုအချိန်တွင် မြိတ်ဒေသတွင် မရမ်းသီးများ ပေါပေါများများထွက်ရှိနေပြီး အရွယ်အစား သေးငယ်သော အသီးများသည် ပို၍ ရောင်းအားကောင်းနေပါသည်။ မရမ်းသီးသည် ယခုအချိန်တွင်သာ ပေါ်သောသီးနှံဖြစ်ပါသည်။ မရမ်းသီးသည် သရက်နှင့် ကြက်မောက်သီးတို့နှင့်မတူသည်မှာ မရမ်းသီး အစိမ်းစားသည့် ရာသီကုန်ပါက ဈေးကွက်မှ ခဏပျောက်သွားတတ်ပြီး၊ ယခုအချိန်သည် ရောင်း အကောင်းဆုံး ရာသီချိန် ဖြစ်ပါသည်။
မရမ်းသီးပေါများသည့် မြိတ်ဒေသတွင် ထိုင်းနိုင်ငံမှ မှာယူမှု အများအပြားရှိနေပြီး ဈေးကောင်း ရရှိကြောင်း၊ အရွယ်အစားသေးငယ်သောအသီးများသည် ပိုမိုဈေးကောင်းရကြောင်း မြိတ်ဒေသမှ မရမ်းခြံ ပိုင်ရှင်တစ်ဦးဖြစ်သာ မမြတ်လဲ့လဲ့ဖြူမှ ပြောကြားခဲ့ပါသည်။
လက်ရှိအခြေအနေတွင် ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများသာမက ထိုင်းလူမျိုးများကလည်း ၎င်းတို့၏ စားသောက်ဆိုင်များတွင် အသုံးပြုရန်အတွက် မှာယူမှု အမြောက်အများ ရှိနေပါသည်။ ထိုင်းနိုင်ငံအရောက် ပို့ဆောင်ပေးသဖြင့် ဝယ်ယူသူများအတွက်အဆင်ပြေကြောင်း၊ ထိုသို့ သယ်ယူ ပို့ဆောင်ရာတွင် မရမ်းသီး၏ အသီးညှာ အရိုးတံကို မဖယ်ဘဲ တင်ပို့ခဲ့ကြောင်း၊ အသီးညှာကို ဖယ်ရှား လိုက်ပါက အသီးအရောင်မလှတော့ဘဲ ပြန်လည်ရောင်းချရာတွင် အမြင်မလှတော့ကြောင်း သိရှိရ ပါသည်။
“ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများအပြင် ထိုင်းလူမျိုးများသည်လည်း မရမ်းသီးကို စားသောက်ဆိုင်များတွင် အသုံးပြုကြသဖြင့် ထိုင်းနိုင်ငံမှ မှာယူမှု အများအပြားရရှိကြောင်း” (၂၆. ၁. ၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော The Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source
https://www.gnlm.com.mm/myeiks-seasonal-marian-plums-in-high-demand-from-thailand/#article-title
တင်ပြသူ ဒေါ်လင်းလဲ့ရည်အောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၅ ) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန