ဘူဂေးရီးယားဈေးကွက်များတွင် ဂရိသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်လျက်ရှိ
- Fri, 31 January 2025
ဘူဂေးရီးယားနိုင်ငံသည် Schengen ဒေသနှင့် ဆက်သွယ်ပူးပေါင်းပြီးနောက်တွင် ဘူဂေး ရီးယားနိုင်ငံ၏ ဈေးကွက်များအတွင်းသို့ ဂရိသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ဝင်ရောက်လာခဲ့ ပါသည်။ ပြီးခဲ့သည့်နှစ်တွင် ဘူဂေးရီးယားနိုင်ငံသည် ဂရိနိုင်ငံမှ ခန့်မှန်းခြေအားဖြင့် ယူရို (၁၃၁) သန်း တန်ဖိုးရှိသော စိုက်ပျိုးရေးထွက်ကုန် တန်ချိန် (၂၄၈,၂၀၀)တင်သွင်းခဲ့ပါသည်။ ထို့ကြောင့် ရိုမေးနီးယားနိုင်ငံပြီးလျှင် ဘူဂေးရီးယားနိုင်ငံသည် ဂရိနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ တင်သွင်း သည့် ဒုတိယအကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။
အဆိုပါတင်သွင်းသည့်သွင်းကုန်ပစ္စည်းအများစုတွင် ဖျော်ရည်ပြုလုပ်ရာတွင် အဓိက အသုံး ပြုသည့် ရှောက်သံပုရာမျိုးရင်းဝင်အသီးများ ပါဝင်ပါသည်။ ဂရိထုတ်လုပ်သူများ၏ အပြိုင်အဆိုင် ဈေးကွက်များနှင့် ဘူဂေးရီးယားနိုင်ငံ၏ စိုက်ပျိုးရေးလုပ်သားအင်အား ကျဆင်းလာမှုများကြောင့် အဆိုပါတင်ပို့မှုများ တိုးလာခြင်းဖြစ်ကြောင်း ဂရိစီးပွားရေးပညာရှင် Ioakim Klamaris က ပြောကြားခဲ့ပါသည်။ လွန်ခဲ့သော ၅ နှစ်အတွင်း ဘူဂေးရီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုမှာ အနည်းဆုံး (၅၀ %) နီးပါး ကျဆင်းသွားခဲ့သည့်အတွက် ဘူဂေးရီးယားနိုင်ငံ၏ ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုများ လျော့ကျလာစေခဲ့ပါသည်။
ဘူဂေးရီးယားနိုင်ငံမှ စားသုံးသူများသည် ပြည်တွင်းမှထွက်ရှိသော စိုက်ပျိုးရေးထွက်ကုန် များကို ပို၍ကြိုက်နှစ်သက်ကြပြီး ပုံမှန်ဈေးနှုန်းထက် ပို၍ပေးဆောင်ရန် ဆန္ဒရှိသော်လည်း ပြည်တွင်းမှ ထွက်ရှိသော စိုက်ပျိုးရေးထွက်ကုန်ပမာဏသည် ပြည်တွင်းလိုအပ်ချက်အား ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပေ။ ဘူဂေးရီးယားနိုင်ငံတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ပြတ်လပ်ခြင်းသည် သိသာထင်ရှားသော ပြဿနာရပ်တစ်ခုဖြစ်ကြောင်း ကုန်စည်ဖလှယ်ရေးနှင့် ဈေးကွက်ကော်မရှင်၏ ဥက္ကဌဖြစ်သူ Vladimir Ivanov က ပြောကြားခဲ့ပါသည်။
ဘူဂေးရီးယားတောင်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိကစိန်ခေါ်မှုများထဲမှ တစ်ခုမှာ သင့်တော်သော သိုလှောင်ရုံများ မလုံလောက်ခြင်းဖြစ်ပါသည်။
ဆန့်ကျင်ဖက်အားဖြင့် စားသုံးသူများအား ဆွဲဆောင်နိုင်သည့် တင်သွင်းလာသော ထုတ်ကုန် များ၏ အရသာနှင့် အရည်ရွှမ်းမှုကြောင့် အချို့ဒေသများတွင် တင်သွင်းလာသော ထုတ်ကုန်များကို လူကြိုက်များလာကြပါသည်။ ရာသီဥတုအခြေအနေကောင်းမွန်ပြီး ဖန်လုံအိမ်ဖြင့် စိုက်ပျိုးသည့်
ကုန်ကျစရိတ် သက်သာသော ဂရိနှင့် တူရကီနိုင်ငံတို့တွင် သွင်းကုန် ထုတ်ကုန်များတွင် ပိုမို ယှဉ်ပြိုင် မှုများ ရှိလာကြောင်း အမှုဆောင်ဒါရိုက်တာဖြစ်သူ Rosen Kolev က ပြောကြားခဲ့ပါသည်။
ယခုအချိန်တွင် ဘူဂေးရီးယားထုတ်လုပ်သူများသည် ဒေသထွက်ကုန်များ ဝယ်လိုအား များသည့် နွေရာသီအား မျှော်လင့်နေကြပါသည်။ သို့သော် လက်ရှိတွင် ဈေးကွက်ထဲ၌ ဘူဂေး ရီးယား၏ စိုက်ပျိုးရေးကဏ္ဍတွင် အပြိုင်အဆိုင်ဖြစ်နေသည့် သွင်းကုန်များကြောင့် စိန်ခေါ်မှုများကို ကြုံတွေ့နေရကြောင်း ၂၁-၁-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https:// www.freshplaza.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။
Source https://www.freshplaza.com/europe/article/9697061/greek-fruit-and-vegetables-expand-presence-in-bulgarian-markets/
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန