နောင်တရားဒေသမှ ထွက်ရှိသည့် ချင်းများကို မြဝတီမှ အများဆုံး မှာယူလျက်ရှိ

  • Fri, 31 January 2025

နောင်တရားဒေသမှ ထွက်ရှိသည့် ချင်းများကို မြဝတီမှ အများဆုံး မှာယူလျက်ရှိ



ရှမ်းပြည်နယ်၊ တောင်ပိုင်းဒေသရှိ နောင်တရားမြို့မှထွက်ရှိသော ချင်းအများစုကို မြဝတီ မြို့မှ အများဆုံး မှာယူကြောင်းကို မြို့တွင်းရှိ ချင်းဈေးကွက်အရ သိရှိရပါသည်။ ရန်ကုန်၊ မန္တလေး နှင့် မြဝတီမြို့များမှ မှာယူလျက်ရှိကြပြီး ၎င်းတို့အနက် မြဝတီသည် အများဆုံး ဝယ်ယူသူ ဖြစ်ကြောင်း သိရှိရပါသည်။

ချင်းအဟောင်းဈေးသည် တစ်ပိဿာလျှင် (၂၈၀၀)ကျပ်ဖြစ်ပြီး ချင်းအသစ်မှာ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြစ်ကြောင်း၊ ရောင်းအားကောင်းမွန်လျက်ရှိပြီး မန္တလေး၊ ရန်ကုန်နှင့် မြဝတီမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ မြဝတီမှ အများဆုံး မှာယူကြောင်း၊ ဈေးနှုန်းမှာ တိုးမြင်လာခြင်းမရှိဘဲ ချင်းရာသီချိန်မှာလည်း ကုန်ဆုံးချိန်နီးပြီဖြစ်ကြောင်း နောင်တရားမြို့နယ်မှ ချင်းကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

ရာသီကုန်ချိန်နီးပြီဖြစ်သဖြင့် လာမည့်လများတွင် ချင်းဈေးနှုန်းသည် အနည်းငယ် မြင့်တက်လာ နိုင်ကြောင်း၊ လာမည့်လများမှစ၍ ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း၊ အကယ်၍ ဈေးနှုန်းမြင့်တက် လာပါက တစ်ပိဿာလျှင် (၂၈၀၀)ကျပ်မှ တစ်ပိဿာလျှင် (၃၁၀၀-၃၂၀၀)ကျပ်ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်နိုင်ကြောင်း၊ အလွန်အမင်း ဈေးနှုန်းမြင့်တက်ခြင်း မဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် အောက်တိုဘာလက လှောင်လက်များသို့ ရောင်းချသည့်ဈေးနှုန်းမှာ အနည်းငယ် ကျဆင်းခဲ့ကြောင်း၊ ပို့ကုန်နည်းပါးခြင်းကြောင့် ပြည်တွင်းဈေးကွက်ကို ပိုမိုမှီခိုနေရသည်ဟု ချင်းစိုက် တောင်သူများက ပြောကြားခဲ့ကြောင်းကို (၂၆. ၁. ၂၀၂၅)ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းအရ သိရှိရပါသည်။

Source https://www.gnlm.com.mm/myawady-orders-most-ginger-from-naungtaya/#article-title


တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ