အီဂျစ်နိုင်ငံသည် ဥရောပ၏ ဒုတိယအကြီးဆုံး လတ်ဆတ်သော ထုတ်ကုန်တင်ပို့သူ ဖြစ်လာပြီး (၂၀၂၃-၂၀၂၄)ခုနှစ်တွင် (၇)ရာခိုင်နှုန်း တိုးတက်

  • Tue, 28 January 2025

အီဂျစ်နိုင်ငံသည် ဥရောပ၏ ဒုတိယအကြီးဆုံး လတ်ဆတ်သော ထုတ်ကုန်တင်ပို့သူ ဖြစ်လာပြီး (၂၀၂၃-၂၀၂၄)ခုနှစ်တွင် (၇)ရာခိုင်နှုန်း တိုးတက်


အီဂျစ်သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၄ ခုနှစ်၊ သြဂုတ်လတင်ပို့ရာသီအထိ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ဥရောပ၏ ဒုတိယအကြီးဆုံး တင်ပို့သူ ဖြစ်လာပြီး အီးယူအချက်အလက်များအရ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် (၉၁၇,၀၀၀) တင်ပို့ နိုင်ခဲ့ပြီး (၇)ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။

ရှောက်သံပုရာတင်ပို့မှုသည် ရှေ့တန်းမှ ဦးဆောင်ခဲ့ပြီး စုစုပေါင်းတန်ချိန် (၅၀၀,၀၀၀)ဖြင့် (၈)ရာခိုင်နှုန်း တိုးလာပါသည်။ ရှောက်သံပုရာတင်ပို့မှု၏ နောက်တွင် ကန်စွန်းဥ တန်ချိန် (၁၁၇,၀၀၀)၊ ကြက်သွန်နီ တန်ချိန် (၉၄,၆၀၀)နှင့် စပျစ်သီးတန်ချိန် (၅၈,၀၀၀)တို့ကို တင်ပို့ခဲ့သည်။ အာလူးသည် အဓိကကျသော ဥရောပဈေးကွက်များတွင် ထုတ်လုပ်မှုအခက်အခဲများကြားမှ အကျိုး အမြတ်ရရှိကာ  တင်ပို့မှုတန်ချိန် (၄၀၀,၀၀၀)ကျော်ဖြင့် ခိုင်မာသော စွမ်းဆောင်ရည်ကို ပြသခဲ့သည်။

သို့သော်လည်း အီဂျစ်ကြက်သွန်နီတင်ပို့မှုမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ (၆)လကြာတင်ပို့မှု ပိတ်ပင်ထားခြင်းကြောင့် (၂၀၂၃)ခုနှစ်တွင် တန်ချိန် (၁၃၅,၀၀၀) တင်ပို့ခဲ့ရာမှ (၂၀၂၄)ခုနှစ်တွင် တန်ချိန် (၉၂,၀၀၀)သာ တင်ပို့နိုင်ခဲ့သည်အထိ ကျဆင်းခဲ့ပါသည်။ ပို့ကုန်ပစ္စည်းများတွင် မုန်လာဥနီ၊ သံပုရာသီး၊ ကြက်သွန်ဖြူ၊ ပဲ၊ သရက်သီး၊ ငရုတ်ကောင်း၊ စတော် ဘယ်ရီနှင့် ဖရဲသီးတို့ ပါဝင်သည်ကို (၁၄. ၁. ၂၀၂၅)ရက်နေ့က ဖတ်ရှုခဲ့ရသည့် www.freshplaza. com သတင်းကွန်ယက် ဆောင်းပါးမှတဆင့် သိရှိခဲ့ရပါသည်။

Source https://www.freshplaza.com/asia/article/9694632/egypt-becomes-europe-s-second-largest-fresh-produce-exporter-with-7-growth-in-2023-2024/


တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၂၂) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ