ကျောက်ဆည်ဒေသတွင် ကွမ်းရွက်အထွက်နှုန်းနည်းသော်လည်း ကုန်သွယ်မှုမြင့်တက်

  • Mon, 27 January 2025

ကျောက်ဆည်ဒေသတွင် ကွမ်းရွက်အထွက်နှုန်းနည်းသော်လည်း ကုန်သွယ်မှုမြင့်တက်


ပြီးခဲ့သည့်နှစ်တွင် ကျောက်ဆည်ဒေသ ရေကြီးမှုကြောင့် ကွမ်းရွက်အထွက်နှုန်း ကျဆင်းခဲ့ သော်လည်း ကုန်သွယ်မှု မြင့်တက်လာခဲ့သည်။

မုံရွာနှင့် ရွှေဘိုမြို့နယ်များတွင် ကွမ်းရွက် စိုက်ဧကနှင့် ထွက်ရှိမှုများ ကျဆင်းလာသဖြင့် ကျောက်ဆည်ဒေသတွင် ကွမ်းရွက်ရောင်းဝယ်မှု မြင့်တက်လာခြင်းဖြစ်သည်။

 “ရေကြီးမှုကြောင့် ကွမ်းရွက်စိုက်ခင်းတော်တော်များများ ပျက်စီးသွားသဖြင့် ယခုနှစ် ကျောက်ဆည်မှာ ကွမ်းရွက် အထွက်နည်းပါးကြောင်း၊ ကျောက်ဆည်မြို့တွင် ကွမ်းရွက်ရောင်းဝယ် မှုသည် ပြီးခဲ့သည့် (၃) လအတွင်း အတော်လေးကောင်းမွန်ခဲ့ပြီး ထွက်ရှိမှုပမာဏနည်း သောကြောင့်  ရောင်းလိုအားနည်းပါးခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခင်က ကွမ်းရွက် စိုက်ပျိုးမှုများ ရှိခဲ့သော်လည်း ယခုအချိန်ကာလတွင် စိုက်ပျိုးနိုင်ခြင်းမရှိပေ။ မုံရွာနှင့် ရွှေဘိုဒေသတို့တွင်လည်း ကွမ်းရွက်စိုက်ခင်းများ ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထုတ်လုပ်မှု ကျဆင်းလာကြောင်း၊ ကွမ်းရွက်ဈေးနှုန်းမှာ တန်ခူးလမတိုင်ခင်အထိ ဆက်လက် မြင့်တက်နေမည်” ဟု ကျောက်ဆည် မြို့နယ်ရှိ မြင့်မိုရ်စိုး ကွမ်းရွက်လက်လီနှင့် လက်ကားရောင်းဝယ်ရေးဒိုင်မှ မမြတ်မြတ်မွန်က ပြောသည်။

ကျောက်ဆည်မှ ထွက်ရှိသော ကွမ်းရွက်ကို တာချီလိတ်၊ တောင်တွင်းကြီးနှင့် မကွေး စသည့်မြို့အသီးသီးမှ မှာယူမှုများရှိပြီး တောင်တွင်းကြီးမြို့နယ်မှ အများဆုံးဝယ်ယူလျက်ရှိသည်။

ကျောက်ဆည်ဒေသတွင်ကွမ်းရွက်ဈေးနှုန်း မြင့်တက်လျက်ရှိပြီး ရောင်းလိုအားမှာ အကန့် အသတ်ဖြင့်သာ ရှိသောကြောင့် ဈေးနှုန်းကျဆင်းမည့်အရိပ်ယောင်နည်းနေကြောင်း၊ ကျောက်ဆည် မှထွက်ရှိသော ကွမ်းရွက်သည်နူးညံ့ပြီး အထားခံသောကြောင့် အခြားဒေသများမှမှာယူမှုများ ရှိနေကြောင်း တာချီလိတ်သို့ ပို့ဆောင်ရေးလမ်းကြောင်းမှာ (၃) ရက်ခန့်ကြာသော်လည်း ကျောက် ဆည် နှင့် မတ္တရာဒေသမှထွက်ရှိသော ကွမ်းရွက်များသည်အထားခံသောကြောင့် ကုန်သွယ်မှု ရှိနေကြောင်း ကို (၁၅-၁-၂၀၂၅) ရက်နေ့တွင် ထုတ်ပြန်သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိပါသည်။



ဆက်စပ် သတင်းများ