ရှမ်းပြည်တောင်ပိုင်းမှ ထွက်ရှိသည့် လက်ဖက်ခြောက်များ ဈေးနှုန်းမြင့်တက်လျက်ရှိ

  • Mon, 27 January 2025

ရှမ်းပြည်တောင်ပိုင်းမှ ထွက်ရှိသည့် လက်ဖက်ခြောက်များ ဈေးနှုန်းမြင့်တက်လျက်ရှိ


ရှမ်းပြည်တောင်ပိုင်းမှ ထွက်ရှိသည့် လက်ဖက်ခြောက်များသည် ဈေးနှုန်းမြင့်တက်လျက် ရှိပြီး အရောင်းအဝယ် ကောင်းမွန်သဖြင့် တောင်သူများအနေဖြင့် စိတ်ချမ်းမြေ့ရကြောင်း သိရှိရ ပါသည်။

ပင်းတယတွင် လက်ဖက်ခြောက် ရောင်းဝယ်ရေးမှာ အခြေအနေ ကောင်းမွန်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မြို့အသီးသီးမှ ကုန်သည်များသည် တပြိုင်နက်တည်း ဈေးနှုန်း မြှင့်တင် ခဲ့ကြကြောင်း၊ လက်ဖက်ခြောက် အမျိုးအမည် အများအပြားရှိသည့်အနက် လက်ဖက်စိမ်းကို ရန်ကုန်က အဓိက သုံးစွဲကြကြောင်းကို ပင်းတယမြို့နယ်ရှိ ရွှေတိုး လက်ဖက်စိုနှင့် လက်ဖက်ခြောက် ရောင်းဝယ်ရေးမှ မကေခိုင်စိုးက ပြောကြားခဲ့ပါသည်။

သို့သော် သီတင်းကျွတ်လတွင် ခူးထားသော လက်ဖက်ရွက်များသည် လက်ဖက်စိုအဖြစ် တာရှည် အထားမခံသောကြောင့် လက်ဖက်အစိုဈေး အနည်းငယ်ကျဆင်းသွားခဲ့ကြောင်း၊ အများ အားဖြင့် မုံရွာ၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ရိုးရိုးလက်ဖက်ခြောက်ကိုသာ အသုံးပြုကြ ကြောင်းကို (၁၉. ၁. ၂၀၂၅)ရက်နေ့တွင် ထုတ်ပြန်သည့် Global New Light of Myanmar သတင်း ဆောင်းပါးအရ သိရှိရပါသည်။ 


Source https://www.gnlm.com.mm/dried-tea-leaves-produced-from-southern-shan-state-enjoy-good-price/


တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ