တောင်အာဖရိကနိုင်ငံသည် မိုးခေါင်ရေရှားမှု ကြုံတွေ့ရသည့်အပြင် သွင်းကုန်များအပေါ် မှီခိုနေရသော်လည်း ၎င်း၏ စိုက်ပျိုးရေးပို့ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လျက် ရှိသည်ကို မြင်တွေ့ရ

  • Wed, 15 January 2025

တောင်အာဖရိကနိုင်ငံသည် မိုးခေါင်ရေရှားမှု ကြုံတွေ့ရသည့်အပြင် သွင်းကုန်များအပေါ် မှီခိုနေရသော်လည်း ၎င်း၏ စိုက်ပျိုးရေးပို့ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လျက် ရှိသည်ကို မြင်တွေ့ရ


မိုးခေါင်ရေရှားမှုနှင့်အတူ တိရစ္ဆာန်များ ရောဂါဖြစ်ပွားခြင်းကဲ့သို့သော လုပ်ငန်းဆောင်တာများကို ထိခိုက်ဆိုးရွားစေခဲ့သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသဖြင့် တောင်အာဖရိက၏ စိုက်ပျိုးရေးကဏ္ဍသည် ရှုပ်ထွေးရောပြွန်းလျက်ရှိသည့် ရလဒ်များကို ထူးထူးခြားခြား တွေ့ကြုံခဲ့ရပါသည်။ သို့သော်လည်း ဥယျာဉ်ခြံသီးနှံကဏ္ဍအနေဖြင့် အမာခံသစ်သီးဝလံများ အောင်မြင်စွာခူးဆွတ်နိုင်ခဲ့သဖြင့် ဆိုးရွားသည့်အခြေအနေကို ပြန်လည်ကောင်းမွန်စေနိုင်မည့် အလားအလာများ တွေ့ရှိရပါသည်။ စိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်း (Agbiz)မှ ဦးဆောင် ဘောဂဗေဒပညာရှင် WandileSihlobo က စိုက်ပျိုးရေးကဏ္ဍ၏ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ အမြင်များကို မျှဝေကာပို့ကုန်ကိန်းဂဏန်းများမှ ပြသနေသောပြန်လည်ကုစားနိုင်မှုကိုမီးမောင်းထိုးကာပြသခဲ့ ပါသည်။

တောင်အာဖရိက၏ စိုက်ပျိုးရေးဆိုင်ရာပို့ကုန်တန်ဖိုးသည် တတိယ (၃)လပတ်အတွင်းအမေရိကန်ဒေါ်လာ(၄.၁၂)ဘီလီယံအထိရောက်ရှိခဲ့သဖြင့် ယခင်နှစ်ထက် (၅%)တိုးတက်လာခဲ့ကြောင်း၊ပို့ကုန်တင်ပို့မှုပမာဏတိုးလာသည့်အပြင် ဈေးနှုန်းပါ မြင့်တက်လာသဖြင့် သုံးလပတ် (၃)ခုစုစုပေါင်း၏ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၁၀.၅၅)ဘီလီယံအထိရောက်ရှိခဲ့သောကြောင့် (၂၀၂၂)ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၄%)မြင့်တက်လာကြောင်းကုန်သွယ်မှုအခြေပြမြေပုံအရသိရှိရပါသည်။ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအခက်အခဲများရှိသော်လည်း Transnet နှင့် အခြား အဖွဲ့အစည်းများအနေဖြင့် ပို့ကုန်စီးဆင်းမှုတည်ငြိမ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရရပါသည်။

အဓိက ပို့ကုန်များတွင် ရှောက်သံပုရာ၊ အခွံမာသီး၊ ပြောင်း၊ ပန်းသီး၊ သစ်တော်သီး နှင့် ဝိုင်တို့ ပါဝင်ပါသည်။ အာဖရိကသည် ယင်းပို့ကုန်များအတွက် အကြီးဆုံးဈေးကွက်ဖြစ်ပြီး အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပသမဂ္ဂစသည့်ဈေးကွက်များလည်း ပါဝင်ကြပါသည်။ ဤဒေသများသည် တောင်အာဖရိမှ ရှောက်သံပုရာ၊ အမဲသားနှင့် ဝိုင်များကို အဓိက တင်သွင်းကြပါသည်။

စိုက်ပျိုးရေးဆိုင်ရာသွင်းကုန်တန်ဖိုးသည် တတိယ(၃)လပတ်တွင် အ‌မေရိကန်ဒေါ်လာ (၁.၉၉) ဘီလီယံအထိမြင့်တက်လာသဖြင့် တစ်နှစ်ထက်တစ်နှစ် (၁၂%) တိုးတက်လာခဲ့ကြောင်း၊ ဂျုံနှင့် ကြက်သားကဲ့သို့သောမရှိမဖြစ်အဓိကလိုအပ်သည့် ပစ္စည်းများတင်သွင်းမှုတန်ဖိုးသည် ပထမ(၃) လပတ်တွင် အမေရိကန်ဒေါ်လာ (၅.၅၂)ဘီလီယံကျော်သဖြင့် (၆%)မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။ နိုင်ငံ၏ ဂျုံစားသုံးမှုထက်ဝက်နီးပါးသည် သွင်းကုန်အပေါ်မှီခိုနေရကြောင်း၊ ဆန်နှင့် စားအုံးဆီကဲ့သို့သောအဓိကအစားအစာများတင်သွင်းရန်လည်းလိုအပ်ကြောင်း Sihlobo က ထောက်ပြခဲ့ပါသည်။

သွင်းကုန်ဆိုင်ရာစိန်ခေါ်မှုများရှိနေသော်လည်းကုန်သွယ်မှုပိုလျှံငွေအမေရိကန်ဒေါ်လာ (၂.၁၂) ဘီလီယံပြသထားသဖြင့် တောင်အာဖရိက၏ စိုက်ပျိုးရေးကဏ္ဍသည် အပြုသဘောဆောင်သောကုန်သွယ်မှု မျှခြေကိုထိန်းသိမ်းထားနိုင်ကြောင်း၊ အမျိုးသားစိုက်ပျိုးရေးဆိုင်ရာ စျေးကွက် ရှာဖွေရေးကောင်စီသည် ပိုမိုကောင်းမွန်သော ရာသီ ဥတုနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့ကြောင့် အစေ့မာအသားထူသော သစ်သီးဝလံများ အခြေအနေ ပြန်လည်ကောင်းမွန်လာဖွယ် ရှိသည်ဟု မျှော်မှန်းထားကြောင်း၊ Sihlobo သည် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိရေးနှင့် စိုက်ပျိုးရေး ကဏ္ဍ၏ အနာဂတ်အတွက် ထိရောက်သော ထောက်ပံ့ပို့ဆောင်ရေးတို့၌ စျေးကွက်ခွဲဝေမှုနှင့် ရင်းနှီးမြှုပ်နှံမှု များ၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ကြောင်းကို (၆. ၁၂. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် www.freshplaza. Com သတင်းအရ သိရှိရပါသည်။

Source         https://www.freshplaza.com/north-america/article/9684612/south-africa-s-agriculture-sees-export-growth-despite-droughts-and-                            import-reliance/

တင်ပြသူ         ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ         ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





ဆက်စပ် သတင်းများ