ယူကရိန်းနိုင်ငံသည် အဓိကလယ်ယာထွက်ကုန်များအတွက် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းများသတ်မှတ်ခဲ့

  • Wed, 15 January 2025

ယူကရိန်းနိုင်ငံသည် အဓိကလယ်ယာထွက်ကုန်များအတွက် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းများသတ်မှတ်ခဲ့


ယူကရိန်းနိုင်ငံသည် စိုက်ပျိုးရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်ဈေးနှုန်းများအောက်တွင် ကုန်ပစ္စည်းများ တင်ပို့ခြင်းအားတားမြစ်ထားသည့် ကောက်ပဲသီးနှံများအပါအဝင် အဓိကလယ်ယာထွက်ကုန်များအတွက် စနစ်သစ်တစ်ခုကိုစတင်မိတ်ဆက်ခဲ့ပါသည်။

ယူကရိန်းနိုင်ငံသည် ကောက်ပဲသီးနှံနှင့် ဆီထွက်သီးနှံအဓိကစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီးဒီဇင်ဘာလ(၁)ရက်နေ့မှစ၍ စနစ်သစ်အားစတင်လည်ပတ်ခဲ့ပါသည်။ယူကရိန်းအစိုးရသည် ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးဖြစ်သောလယ်ယာထွက်ကုန်အချို့ ဝယ်ယူရာတွင် ပြည်တွင်းဈေးကွက် မြင့်တက်လာခြင်းနှင့် ၎င်း၏အကျိုးဆက်ကြောင့်အခွန်ရှောင်ရန်အတွက် ဖန်တီးထားသောဈေးကွက်ထဲရှိကျဆင်းနေသောဈေးနှုန်းများဖြင့် တင်ပို့ခြင်းကဲ့သို့သောဈေးကွက်ပျက်စီးလာခြင်းကိုကိုင်တွယ်ရန် အစီအစဉ်တစ်ခုချမှတ်ခဲ့ပါသည်။

အဆိုပါစည်းမျဉ်းအသစ်များနှင့်အညီအနည်းဆုံးခွင့်ပြုနိုင်သောတင်ပို့မှုဈေးနှုန်းများကိုပြည်နယ်အကောက်ခွန်ဝန်ဆောင်မှုအချက်အလက်များအပေါ် အခြေခံ၍ တွက်ချက်မည်ဖြစ်ပြီး ပြီးခဲ့သည့်လအတွက် ပို့ဆောင်ခကိုပါ ထည့်သွင်းစဉ်းစားမည့်အပြင် (၁၀%)လျော့ဈေးသတ်မှတ်ပေးမည် ဖြစ်ပါသည်။ကုန်သည်များအနေဖြင့် အဆိုပါဆုံးဖြတ် ချက်မှ ကောက်ပဲသီးနှံများတင်ပို့မှုအပေါ် သိသာသောအကျိုးသက်ရောက်မှုဖြစ်ရန် မမျှော်လင့်ခဲ့ကြောင်းနှင့် ယခင်နှစ်တွင် ကြေညာခဲ့သည့် ကောက်ပဲသီးနှံတင်ပို့မှုကိုထိန်းချုပ်သည့် အစီအစဉ်များသည် ကောက်ပဲသီးနှံတင်ပို့မှုများအပေါ် သက်ရောက်မှုများစွာမရှိခဲ့ကြကြောင်း ဖော်ပြထားပါသည်။မိမိ၏ ယေဘုယျအမြင်အားဖြင့်ဆိုလျှင် အနည်းဆုံးဈေးနှုန်းသည် ယူကရိန်း၏ တင်ပို့မှုလုပ်ငန်းစဉ်ကိုထိခိုက်မှုမရှိနိုင်ကြောင်းဥရောပကုန်သည်တစ်ဦးကပြောကြားခဲ့ပါသည်။

၎င်းတို့မျှော်လင့်ထားသည်မှာ အနည်းဆုံးဈေးနှုန်းသတ်မှတ်ပြီး ကုန်သည်များလည်းရောင်းနိုင်သော ဈေးနှုန်းဖြစ်ကာ ဈေးကွက်ဆက်လက်ဖြစ်တည်နိုင်ကြောင်းနှင့် သို့သော်လည်း မိမိတို့အနေဖြင့် အစိုးရမှပို၍ပြင်းထန်သော ဖိအားများဆက်လက်လုပ်ဆောင်ခြင်း ရှိမရှိကို စောင့်ကြည့်လိုကြောင်း ဖော်ပြထားပါသည်။စိုက်ပျိုးရေးဝန်ကြီး ဌာနအနေဖြင့် အနည်းဆုံးဈေးနှုန်းကို ၎င်း၏ minagro.gov.ua  website တွင် တရားဝင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး လစဉ်(၁၀)ရက်နေ့တိုင်းတွင် အသစ်ပြန်လည်တင်ပေးသွားမည်ဖြစ်ပါသည်။

စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် တင်ပို့သူများအတွက် စစ်ဆေးရေးလုပ်ငန်းစဉ်များဆောင်ရွက်ရန် လိုအပ်ချက်ကိုဖျက်သိမ်းပေးခဲ့ပြီးစားသောက်ကုန်ပစ္စည်းများတင်ပို့ခွင့် လိုင်စင် ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါသည်။

လုပ်ထုံးလုပ်နည်းများအရ တင်ပို့သည့်ကုမ္ပဏီများသည် စိုက်ပျိုးရေးပစ္စည်းများ မှတ်ပုံတင် ရရှိရေးအတွက် မှတ်ပုံတင်ခြင်းကို ဥပဒေနှင့်အညီဆောင်ရွက်ရမည်ဖြစ်ပြီးထိုသို့ မှတ်ပုံတင်ခြင်းမရှိပါက တင်ပို့သည့်လုပ်ငန်းစဉ် တစ်ခုချင်းစီအတွက် လိုင်စင်ရှိရန် လိုအပ်မည်ဖြစ်ကြောင်း ၂-၁၂-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.manitobacooperator .ca ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

Source         https://www.manitobacooperator.ca/daily/ukraine-introduces-minimum-export-prices-for-major-agricultural-goods/

တင်ပြသူ         ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ         ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ