ဗီယက်နမ်နိုင်ငံသည် လယ်ယာထွက်ကုန် တင်ပို့မှုများ စံချိန်တင်သည့် ထူးခြားသောနှစ်တစ်နှစ်ဖြစ်ခဲ့
- Wed, 15 January 2025
ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုသည် ယခုနှစ်တွင် ဝင်ငွေဒေါ်လာ (၆၀-၆၁) ဘီလီယံအထိရှိလာကာ (၂၀၂၃)ခုနှစ်နှင့်နှိုင်းယှဉ်ပါကမကြုံစဖူးမှတ်တိုင်တစ်ခုအဖြစ် အောင်မြင်မှုလမ်းကြောင်းပေါ်တွင် ရှိနေသည်။
လက်ရှိအချိန်တွင်အဓိကကျသည့် ကဏ္ဍအတော်များများသည် သတ်မှတ်ချိန်ထက် ကျော်လွန်ရောက်ရှိနေပြီဖြစ်သည်။ “အသီးများ၏ဘုရင်” ဟုအမည်ပေးထားသောဒူးရင်းသီးသည် စံသတ်မှတ်ချက်အသစ်တစ်ခုကို ဆောင်ကြဉ်းပေးခဲ့သည်။ စက်တင်ဘာလတွင် ၎င်း၏ပို့ကုန်တန်ဖိုးသည် စံချိန်တင်ဒေါ်လာ(၂.၈၁)ဘီလီယံ အထိရှိခဲ့ပြီးယမန်နှစ်ကရရှိသည့် စုစုပေါင်းဒေါ်လာ(၂.၂)ဘီလီယံကို ကျော်လွန်သွားခဲ့သည်။ အဆိုပါကိန်းဂဏန်းသည် (၁၀)လအတွင်းဒေါ်လာ (၃)ဘီလီယံအထိ မြင့်တက်လာပြီးနှစ်ကုန်တွင် ဒေါ်လာ(၃.၃)ဘီလီယံအထိရောက်ရှိရန် ခန့်မှန်းထားသည်။
လက်ရှိတိုးတက်မှုအရှိန်အဟုန်ဖြင့် အေးခဲထားသော ဒူးရင်းသီးများကို တရားဝင်လမ်းကြောင်းများမှ တစ်ဆင့်တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းများစာရင်းတွင် ထည့်သွင်းခြင်း၊ သစ်သီးများကိုသင်္ဘောများဖြင့်တင်ပို့ရောင်းချခြင်းဖြင့်လာမည့်နှစ်တွင်အမေရိကန်ဒေါ်လာ(၄)ဘီလီယံအထိရှိလာနိုင်ဖွယ်ရှိကြောင်းဗီယက်နမ်သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်အသင်း(Vinafruit)၏ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က ပြောကြားခဲ့သည်။၎င်း၏ခိုင်မာသောတိုးတက်မှုကြောင့်(၉)လအတွင်းစုစုပေါင်းသစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုတန်ဖိုးကို(၂၀၂၃)ခုနှစ်ကိန်းဂဏန်းနှင့်ညီမျှသည့် အမေရိကန်ဒေါ်လာ(၅.၆)ဘီလီယံအထိရရှိစေခဲ့ပြီး(၁၀)လတွင် အမေရိကန်ဒေါ်လာ (၆.၂)ဘီလီယံနှင့် (၁၁)လတွင် အမေရိကန်ဒေါ်လာ(၆.၆)ဘီလီယံအထိရရှိစေခဲ့ပါသည်။
တစ်ချိန်တည်းတွင်ပင်ဆန်စပါးကဏ္ဍသည်လွန်ခဲ့သည့်နှစ်၏ စုစုပေါင်းပို့ကုန်တန်ဖိုးထက် (၁၀)လအတွင်းထူးထူးခြားခြားစွမ်းဆောင်နိုင်ခဲ့သည်။(၂၀၂၃)ခုနှစ်ကတန်ချိန် (၈.၁)သန်းနှင့် နှိုင်းယှဉ်ပါကပမာဏမှာတန်ချိန်(၇.၈)သန်းဖြင့် အနည်းငယ်ကျဆင်းသွားသော်လည်းမြင့်မားသောပို့ကုန်စျေးနှုန်းများသည် ဝင်ငွေဒေါ်လာ(၄.၉)ဘီလီယံသို့ ရရှိစေခဲ့ပြီးယမန်နှစ်က ဒေါ်လာ(၄.၆)ဘီလီယံကို ကျော်လွန်သွားခဲ့သည်။နိုဝင်ဘာလ ပထမ(၁၅)ရက်အတွင်း ပြည်ပသို့ဆန်တန်ချိန် (၃၀၀,၀၀၀)နီးပါး တင်ပို့နိုင်ခဲ့ပြီးစုစု ပေါင်းပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၅)ဘီလီယံအထိတိုးမြင့်လာခဲ့သည်။
အောက်တိုဘာလသည် ပြည်တွင်းကော်ဖီအတွက် ခူးဆွတ်မှုစတင်ချိန်ဖြစ်ပြီး(၁၀)လအတွင်းစုစုပေါင်းတင်ပို့မှုတန်ချိန် (၁.၂)သန်းရှိပြီးအမေရိကန်ဒေါ်လာ(၄.၆)ဘီလီယံတန်ဖိုးရှိကာ(၂၀၂၃)ခုနှစ်တစ်နှစ်လုံးရရှိထားသောအမေရိကန်ဒေါ်လာ(၄.၂)ဘီလီယံနီးပါးပမာဏကိုကျော်လွန်ခဲ့သည်။အခြေခံအားဖြင့် ၀ယ်လိုအားထက် ရောင်းလိုအားနိမ့်ကျနေသဖြင့် ကော်ဖီဈေးနှုန်းများမြင့်မားနေမည်ဟု မျှော်လင့်ထားကြောင်းဗီယက်နမ်ကော်ဖီ-ကိုကိုးအသင်း (Vicofa) ၏ ဒုတိယဥက္ကဋ္ဌ Do Ha Nam က ပြောကြားခဲ့သည်။
သို့သော်လည်းအနာဂတ်တွင် ဈေးနှုန်းအတက်အကျများသည် သစ်တောပြုန်းတီးမှုတိုက်ဖျက်ရေးစည်းမျဉ်းများ (EUDR)ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၃၀)ရက်နေ့ သို့မဟုတ် ပြီးခဲ့သည့် (၁၂)လအတွင်းကျင့်သုံးရန် ရှိမရှိနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ၏ နောက်ဆုံးဆုံးဖြတ်ချက်အပေါ် မူတည်မည် ဖြစ်သည်။အရှိန်မြင့်လာပြီးနောက် ငရုတ်ကောင်းစေ့လုပ်ငန်းသည် (၁၀)လအတွင်းပို့ကုန်ဝင်ငွေဒေါ်လာ(၁.၁)ဘီလီယံရရှိခဲ့သည့်အပြင် နှစ်စဉ်(၄၇%)တိုးလာခဲ့သဖြင့်အရှိန်အဟုန်ပြင်းစွာပြန်လည်ကောင်းမွန်လာခဲ့သည်။(၂၀၁၇)ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ထုတ်ကုန်သည် ဒေါ်လာဘီလီယံချီသောပို့ကုန်အမျိုးအစားသို့ပြန်လည်ဝင်ရောက်ရန် စီစဉ်ထားပြီး၎င်း၏ (၂၀၂၄)ခုနှစ် ကုန်သွယ်မှုပမာဏသည်အမေရိကန်ဒေါ်လာ(၁.၃)ဘီလီယံကျော်ရှိမည်ဟုခန့်မှန်းထားသည်။
တစ်ချိန်တည်းတွင် သီဟိုဠ်စေ့တင်ပို့မှုသည် ဇန်နဝါရီမှအောက်တိုဘာလအတွင်း(၂၀၂၃) ခုနှစ်၏ တစ်နှစ်တာရရှိခဲ့သည့် ကိန်းဂဏန်းနှင့် ကိုက်ညီသော အမေရိကန်ဒေါ်လာ (၃.၆)ဘီလီယံအထိရောက်ရှိခဲ့သည်။ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင်အစေ့အဆန်တင်ပို့မှု၌ ထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်နေပြီးယခုနှစ်တင်ပို့မှုတန်ဖိုးသည် စံချိန်တင်ဒေါ်လာ (၄.၃-၄.၅)ဘီလီယံအထိရှိလာမည်ဟုခန့်မှန်းထားသည်ကို (၂.၁၂.၂၀၂၄)ရက်နေ့ကဖတ်ရှုခဲ့ရသည့် the investor.vn သတင်းကွန်ယက်၏ ဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။
Source https://theinvestor.vn/vietnam-agricultural-product-exports-poised-for-record-breaking-year-d13607.html
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၁) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန