ဗီယက်နမ် ဒူးရင်းသီးနှင့် ဆန်တင်ပို့မှု (၂၀၂၄)ခုနှစ်တွင် စံချိန်တင်

  • Thu, 9 January 2025

ဗီယက်နမ် ဒူးရင်းသီးနှင့် ဆန်တင်ပို့မှု (၂၀၂၄)ခုနှစ်တွင် စံချိန်တင်


(၂၀၂၄)ခုနှစ်တွင် ဒူးရင်းသီး၊ ဆန်၊ ကော်ဖီနှင့် သစ်တောထွက်ပစ္စည်းများ ထုတ်လုပ်မှု၊ စျေးကွက်ချဲ့ထွင်မှုနှင့် စျေးနှုန်းမြင့်တက်ခြင်းတို့သည် စံချိန်တင်ခဲ့ပါသည်။

(၂၀၂၄)ခုနှစ်တွင် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ပစ္စည်း တင်ပို့မှုမှ ၀င်ငွေသည် ကန် ဒေါ်လာ (၆၂.၄)ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် (၁၈.၅%) တိုးလာကာ အစိုးရက ချမှတ် ထားသည့် ကန်ဒေါ်လာ (၅၄-၅၅) ဘီလီယံကို ကျော်လွန်သွားခဲ့ပါသည်။

တင်ပို့မှုအများဆုံးမှာ သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖြစ်ပြီး အများအားဖြင့် ဒူးရင်းသီး ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၇.၂) ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၎င်းပမာဏသည် ဗီယက်နမ်သမိုင်းတွင် စိုက်ပျိုးရေးပို့ကုန်ကဏ္ဍ၌ အမြဲဦးဆောင်ခဲ့သော ဆန်တင်ပို့မှုကို ကျော်လွန်စေခဲ့ပါသည်။ စုစုပေါင်း သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက် တင်ပို့မှု၀င်ငွေ၏ (၄၀-၄၂%) ရရှိခဲ့ပါသည်။

ဒူးရင်းသီးသည် အမြတ်အစွန်းရရှိမှုရှိနေသော်လည်း ဆန်သည် ဗီယက်နမ်နိုင်ငံပို့ကုန်၏ အုတ်မြစ်အဖြစ် ဆက်လက်တည်ရှိနေပြီး (၂၀၂၄)ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၅.၈) ဘီလီယံနီးပါး ရရှိကာ (၂၁%) တိုးလာခဲ့ပါသည်။

ဗီယက်နမ်သည် (၂၀၂၄)ခုနှစ်တွင် ဆန်တန်ချိန် (၉)သန်းကို ပျမ်းမျှတစ်တန်လျှင် အမေ ရိကန်ဒေါ်လာ (၆၂၀)နှုန်းဖြင့် ပြိုင်ဘက်ထိုင်းနှင့်အိန္ဒိယတို့ကို ကျော်လွန်၍ ဈေးနှုန်းမြင့်ဖြင့် တင်ပို့ခဲ့ ပါသည်။

အဓိကဝယ်လက်များမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် တရုတ်နိုင်ငံတို့ဖြစ်ပြီး အင်ဒိုနီးရှားသည် တင်သွင်းမှု နှစ်ဆတိုးလာခဲ့ပါသည်။ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ အရည်အသွေးမြင့် လယ်ယာ ထွက်ကုန်များနှင့် ရေရှည်တည်တံ့သော လယ်ယာစိုက်ပျိုးရေး အလေ့အကျင့်များဖြင့် ပံ့ပိုးပေး ထားသည့် (၂၀၂၅)ခုနှစ်အထိ ဆန်တင်ပို့မှု တိုးတက်မှုကို စိုက်ပျိုးရေးဝန်ကြီးဌာနက မျှော်မှန်း ထားသည်။

ကော်ဖီကဏ္ဍသည် တစ်နှစ်ထက်တစ်နှစ် ဝင်ငွေ ဒေါ်လာ (၅.၅) ဘီလီယံအထိ ရောက်ရှိ ခဲ့ပြီး (၃၂%) တိုးမြင့်လာခဲ့ပါသည်။ ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုများကြောင့် ထုတ်လုပ်မှု (၁၅%) ကျဆင်းခဲ့သော်လည်း ပျမ်းမျှဈေးသည် (၅၇%)မြင့်တက်ခဲ့ပြီး တစ်တန်လျှင် ဒေါ်လာ (၄,၀၃၇)သို့ 

ရောက်ရှိကာ စံချိန်တင် အမြင့်ဆုံးဖြစ်ခဲ့ပါသည်။ ဂျာမနီ၊ အမေရိကန်နှင့် အီတလီတို့သည် အကြီး မားဆုံး စျေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး တောင်ကိုရီးယားနှင့် ဂျပန်တို့ထံမှလည်း ဝယ်လိုအားတိုးလာနေပါသည်။

သီးနှံစိုက်ပျိုးထုတ်လုပ်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး Nguyen Quoc Manh က အရည်အသွေးမြှင့်တင်ရန်အတွက် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီပြီး စျေးကွက်ဝေစုကို တိုးချဲ့ရန် အတွက် စိုက်ပျိုးထုတ်လုပ်မှုအခန်းကဏ္ဍကို အလေးပေးပြောကြားခဲ့ပါသည်။

သစ်တောထွက်ပစ္စည်းများတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၁၇.၃)ဘီလီယံရှိခဲ့ပြီး (၁၉.၄%) တိုးမြင့်ခဲ့ပါသည်။ သစ်အချောထည်ပစ္စည်းများနှင့် ပရိဘောဂများကို အမေရိကန်၊ ဥရောပ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့မှ ၀ယ်လိုအားကောင်းနေပါသည်။ ရေရှည်တည်တံ့သော ထုတ်လုပ်မှုနှင့် ဂေဟ စနစ် သဟဇာတသုံးပစ္စည်းများအပေါ် အလေးထားမှုသည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့တွင် အခွင့်အလမ်းများ ပွင့်စေခဲ့ပါသည်။

အာရှသည် ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေထွက်ပစ္စည်း ထုတ်ကုန်များကို အများဆုံးဝယ်ယူသူဖြစ်ပြီး စုစုပေါင်း ပို့ကုန်ဝင်ငွေ၏ (၄၈.၂%)၊ အမေရိက (၂၃.၇%)နှင့် ဥရောပ (၁၁.၃%)တို့ ဖြစ်ပါသည်။ ဥရောပသို့ တင်ပို့မှုမှာ (၃၀.၄%)ဖြင့် အမြင့်ဆုံးဖြစ်ပြီး အမေရိက (၂၃.၆%)နှင့် အာရှ (၁၆.၁%)တို့ဖြစ် သည်။ အမေရိကန်၊ တရုတ်နှင့် ဂျပန်တို့ကဲ့သို့ အဓိက နေရာများကို ဆက်လက် လွှမ်းမိုးထားပါသည်။ အမေရိကန်သို့ တင်ပို့မှုမှ ဝင်ငွေသည် (၂၄.၆%) တိုးလာပြီး တရုတ်နှင့် ဂျပန်တို့က (၁၁%)နှင့် (၅.၅%) အသီးသီး တိုးလာခဲ့ပါသည်။

စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သတင်းအချက်အလက်စင်တာ (Agroinfo)သည် ကော်ဖီ၊ သီဟိုဠ်စေ့၊ ငရုတ်ကောင်းနှင့် အပူပိုင်းဒေသ သစ်သီးဝလံများအတွက် ခိုင်မာသော ဝယ်လိုအားရှိပြီး ဗီယက်နမ်ထုတ်ကုန်များအတွက် အလားအလာအရှိဆုံး စျေးကွက်များ အဖြစ် အမေရိကန်နှင့် တရုတ်နိုင်ငံကို သီးခြားသတ်မှတ်ထားသည်။

ထို့အပြင် ဂျပန်နိုင်ငံသည် အော်ဂဲနစ်နှင့် ရေရှည်တည်တံ့သော ထုတ်ကုန်များအတွက် သိသာထင်ရှားသော အလားအလာများကို အသိအမှတ်ပြုပြီး တိုးတက်ပြောင်းလဲနေသော ကမ္ဘာ့ စံချိန်စံညွှန်းများကို ဖြည့်ဆည်းရန် ဗီယက်နမ်၏ ကတိကဝတ်ကို အလေးထားပါကြောင်း (၁. ၁. ၂၀၂၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော The Investor website ၏ သတင်းဆောင်းပါးအရ သိရှိရ ပါသည်။

Source https://theinvestor.vn/durian-rice-record-export-breakthroughs-in-2024-d14003.html

တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ