ZimTrade သည် တရုတ်သစ်သီးဈေးကွက်တွင် ဇင်ဘာဘွေတောင်သူများအတွက် အခွင့်အလမ်းများကို မီးမောင်းထိုးပြ
- Thu, 9 January 2025
ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်း ZimTrade သည် ဇင်ဘာဘွေ တောင်သူများအတွက် နိုင်ငံခြားငွေရင်းမြစ်ကိုရရှိ ပံ့ပိုးပေးနိုင်သည့် တရုတ်သစ်သီးဝလံသွင်းကုန်ဈေးကွက်နှင့် ထိတွေ့ ဆက်ဆံရန် အလားအလာကို မီးမောင်းထိုးပြခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဇင်ဘာ ဘွေ၏ တတိယအကြီးဆုံး ပို့ကုန်ဈေးကွက်အဖြစ် အသိအမှတ်ပြုခံရပြီး ၎င်း၏ ပို့ကုန်နေရာများ၏ ၂၃% ခန့်ဖြင့် ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁.၇ဘီလီယံရှိကြောင်း Trade Map ၂၀၂၄ အချက်အလက်များအရ သိရှိရပါသည်။
ဇင်ဘာဘွေလယ်သမားများသည် လတ်ဆတ်သောထွက်ကုန်အမျိုးမျိုးအတွက် သိသိသာသာ ဝယ်လိုအားရှိသည့် တရုတ်နိုင်ငံသို့ ၎င်းတို့၏ သစ်သီးတင်ပို့မှုကို တိုးချဲ့ရန် စိတ်အားထက်သန်နေ ကြသည်။ တရုတ်နိုင်ငံတွင် အလိုအပ်ဆုံး အသီးအနှံများမှာ ဒူးရင်းသီး၊ ချယ်ရီသီး၊ ငှက်ပျောသီး၊ သရက်သီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ကီဝီသီး၊ လောင်ဂန်သီး၊ နဂါးမောက်သီး၊ ဇီးသီး၊ ဘယ်ရီ အချဉ်သီးနှင့် မက္ကဒေးမီးယား အခွံမာအသီးများဖြစ်သည်။ Matabeleland South တွင် ကီဝီသီးနှင့် နဂါးမောက်သီးများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ဒူးရင်းနှင့် သရက်သီးများ အပါအဝင် ဇင်ဘာဘွေ၏ ရာသီဥတုသည် ဤအသီးအနှံများစွာကို စိုက်ပျိုးရန် သင့်လျော်ကြောင်း ZimTrade မှ ထောက်ပြ ခဲ့ပါသည်။ တောင်အာဖရိက၏ အောင်မြင်မှုမှာ တရုတ်နိုင်ငံသို့ အာဖရိကသစ်သီးများ တင်ပို့ ရောင်းချရာတွင် ထိပ်တန်းဖြစ်ပြီး၊ အခွံမာသီးနှင့် လိမ္မော်သီးများ တင်ပို့မှုနှင့်အတူ၊ ဇင်ဘာဘွေ၏ ပို့ကုန်စွမ်းရည် မြှင့်တင်ရန် ထောက်ပံ့ပေးလျက်ရှိပါသည်။ ZimTrade မှ သမဝါယမများ ဖွဲ့စည်း ခြင်းနှင့် အမျိုးသား ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်းသည် တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် ရည်ရွယ်သည့် ဇင်ဘာဘွေတောင်သူများအတွက် အကျိုးရှိနိုင်ကြောင်း အကြံပြုထားသည်။
စျေးကွက်ဝင်ရောက်ခွင့်ရရှိရန် ZimTradeသည် တရုတ်နိုင်ငံ၏ အစားအစာ ဘေးကင်းရေး နှင့် ဇီဝရုပ်ကြွင်းစံနှုန်းများအပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်နှင့် အထွေထွေ အုပ်ချုပ်ရေး (GACC) စည်းမျဉ်းများကို လိုက်နာရန် အကြံပြုထားသည်။ ၎င်းတွင် ပိုးသတ်ဆေး အမြင့်ဆုံး ဓာတ်ကြွင်းကန့်သတ်ချက်များ၊ တံဆိပ်ကပ်ခြင်းဆိုင်ရာ လိုအပ်ချက်များနှင့် ထုတ်ကုန်ကို ခြေရာခံနိုင်မှုတို့ ပါဝင်ပါကြောင်း (၂-၁-၂၀၂၅)ရက်နေ့ထုတ် freshplaza သတင်း ဆောင်းပါးအရ သိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9691137/zimtrade-highlights-opportunities-for-zimbabwean-farmers-in-chinese-fruit-market/
တင်ပြသူ ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်
တည်းဖြတ်သူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန