ယခုနှစ်တွင် ကိုရီးယားမျိုးကန်စွန်းဥကို လူကြိုက်များလာသည်ကိုတွေ့ရှိရ
- Thu, 9 January 2025
ကိုရီးယားကန်စွန်းဥ (ကန်စွန်းဥဖြူ) သည် ပြည်တွင်းဈေးကွက်တွင် မကြာသေးမီက လူကြိုက်များခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှ မှာယူမှုအများဆုံးဖြစ်သည်ကို တောင်ကြီးမြို့နယ်၏ ကုန်သည်များထံမှ သိရှိရပါသည်။
ဟိုပုန်းဒေသတွင် အဓိက စိုက်ပျိုးကြသည့် ၎င်းကိုရီးယားမျိုးစိတ် ကန်စွန်းဥမျိုးများသည် အဝါရောင် ကန်စွန်းဥနှင့် ခရမ်းရောင် ကန်စွန်းဥများထက် ပို၍နူးညံ့ပါသည်။
၎င်းကန်စွန်းဥသည် ကိုရီးယားမျိုးဖြစ်ပြီး ဟိုပုန်းတွင် အဓိကထား စိုက်ပျိုးသည်။ ယခင်နှစ်က ကိုရီးယား ကန်စွန်းဥစိုက်ခင်းသည် အဝါရောင်နှင့် ခရမ်းရောင် ကန်စွန်းဥများလောက် ပမာဏ များများစားစားမရှိခဲ့သလိုလူကြိုက်လည်းမများသေးကြောင်းတွေ့ ရှိရပါသည်။ သို့သော် ဈေးနှုန်းမှာ အဝါရောင် ကန်စွန်းဥနှင့် ခရမ်းရောင် ကန်စွန်းဥများထက် ဈေးနှုန်းပိုများလာခဲ့ပါသည်။ ဝယ်ယူ စားသုံးမူ့ အများဆုံမှာ ရန်ကုန်ဖြစ်လာပြီး၊ ယခုအချိန်တွင် စျေးကွက်အတွင်း လူကြိုက်များ လာပြီး စားသုံးသူ အရေအတွက်လည်းမြင့်တက်လာသည်” ဟု တောင်ကြီးမြို့နယ်မှ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံ လက်လီ လက်ကား ဖြန့်ဖြူးသူ မစန္ဒီတာရာက ပြောခဲ့ပါသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဒေသထွက် ကန်စွန်းမျိုးစိတ်များကို တာချီလိတ်၊ မြိတ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ မှာယူမူများရရှိပြီး အဝါရောင် ကန်စွန်းဥနှင့် နှိုင်းယှဉ်ပါက ခရမ်းရောင် ကန်စွန်းဥကို အဓိကအားဖြင့် သွားရေစာပြုလုပ်ရာတွင် အသုံးပြုသောကြောင့် ကုန်သွယ်မှုတိုးလာ ကြောင်းကို (၁-၁-၂၀၂၅)ရက် နေ့ထုတ် Global New Light of myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/245763-2/
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်
တည်းဖြတ်သူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန