ကောက်ရိုးမှိုစိုက်ပျိုးထုတ်လုပ်သူ များပြားလာသဖြင့် ထုတ်လုပ်မှုပမာဏ တိုးမြင့်လာ
- Thu, 9 January 2025
ယခုဆောင်းရာသီတွင် ကောက်ရိုးမှိုစိုက်ပျိုးထုတ်လုပ်သူအရေအတွက် များပြားလာသဖြင့် ကောက်ရိုးမှိုထုတ်လုပ်မှုပမာဏ တိုးမြင့်လာခဲ့ပါသည်။ စားသုံးမှိုများထဲတွင် ကောက်ရိုးမှို ရောင်းဝယ် ရေးမှာ အကြီးမားဆုံးလုပ်ငန်းဖြစ်ပြီး အများအားဖြင့် ဆောင်းရာသီတွင် ကောက်ရိုးမှို ထုတ်လုပ်မှု ပမာဏမှာ များပြားပါသည်။
“လက်ရှိတွင် ကောက်ရိုးမှိုစိုက်ပျိုးထုတ်လုပ်သူအရေအတွက်မှာ တိုးလာလျက်ရှိပါ သည်။ မှိုများထဲတွင် ကောက်ရိုးမှိုအား စားသုံးမှုပမာဏမှာ အများဆုံးဖြစ်ပြီး ယခုလက်ရှိတွင် ဈေးနှုန်းများ ပြန်လည် ကျဆင်းလျက်ရှိပါသည်။ ကောက်ရိုးမှိုစိုက်ပျိုးသူ များသည့်အတွက် ကောက်ရိုးမှို ထုတ်လုပ်မှုပမာဏမှာ အလွန်မြင့်မားလျက်ရှိပါသည်။ ဆောင်းရာသီတွင် ကောက်ရိုးမှို ထုတ်လုပ် မှုမှာ အများအားဖြင့် မြင့်မားလျက်ရှိကြောင်း” တိုက်ကြီးမြို့နယ်မှ ကောက်ရိုးမှို စိုက်ပျိုးသူ ကိုအောင်ဝင်းက ပြောကြားခဲ့ပါသည်။
မန္တလေးတွင် အောက်တိုဘာလ၌ ကောက်ရိုးမှို ရောင်းချမှုသည် ငွေနှင်းမှိုရောင်းချမှု ထက် ပိုမိုမြင့်မားသော်လည်း ကောက်ရိုးမှိုစိုက်ပျိုးရန်အတွက် ကုန်ကြမ်းပစ္စည်း ရှာဖွေရန် အခက်အခဲ ရှိသဖြင့် ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်သူ အရေအတွက်မှာ ပိုမိုများပြားပါသည်။
“ကျွန်တော်တို့အနေဖြင့် အဆိုပါမှိုနှစ်မျိုးလုံးကို စိုက်ပျိုးကြပါသည်။ သို့သော် ယခုတွင် ကောက်ရိုးမှိုစိုက်ပျိုးသည့် နည်းစနစ်များမှာ အနည်းငယ် ပြောင်းလဲလျက်ရှိပါသည်။ ငွေနှင်းမှို ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိပြီး ဆက်လက်၍လည်း ကျဆင်းသွားဖွယ်ရှိပါသည်။ သို့သော် ယခုအချိန်တွင် ကောက်ရိုးမှုအရောင်းအဝယ်မှာ အလွန်ကောင်းလျက်ရှိကြောင်း” ကိုအောင်ဝင်းက ပြောကြားခဲ့ပါသည်။
ကောက်ရိုးမှိုသည် မြန်မာနိုင်ငံတွင် စားသုံးမှုအများဆုံးမှိုများထဲမှ တစ်မျိုးဖြစ်ပြီး အကြီး မားဆုံး ဈေးကွက်ရှိကြောင်း (၃-၁-၂၀၂၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.gnlm. com. mm ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/245921-2/
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ( ၈ ) ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန