ဗီယက်နမ်နိုင်ငံသည် လယ်ယာထွက်ကုန် တင်ပို့မှုများစံချိန်တင်သည့် ထူးခြားသော နှစ်တစ်နှစ်ဖြစ်ခဲ့

  • Wed, 18 December 2024

ဗီယက်နမ်နိုင်ငံသည် လယ်ယာထွက်ကုန် တင်ပို့မှုများစံချိန်တင်သည့် ထူးခြားသော နှစ်တစ်နှစ်ဖြစ်ခဲ့


ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုသည် ယခုနှစ်တွင် ဝင်ငွေဒေါ်လာ (၆၀-၆၁) ဘီလီယံအထိရှိလာကာ (၂၀၂၃)ခုနှစ်နှင့်နှိုင်းယှဉ်ပါကမကြုံစဖူးမှတ်တိုင်တစ်ခုအဖြစ် အောင်မြင်မှုလမ်းကြောင်းပေါ်တွင် ရှိနေသည်။

လက်ရှိအချိန်တွင်အဓိကကျသည့် ကဏ္ဍအတော်များများသည် သတ်မှတ်ချိန်ထက် ကျော်လွန်ရောက်ရှိနေပြီဖြစ်သည်။ “အသီးများ၏ဘုရင်” ဟုအမည်ပေးထားသောဒူးရင်းသီးသည်စံသတ်မှတ်ချက်အသစ်တစ်ခုကိုဆောင်ကြဉ်းပေးခဲ့သည်။ စက်တင်ဘာလတွင် ၎င်း၏ ပို့ကုန်တန်ဖိုးသည်စံချိန်တင်ဒေါ်လာ(၂.၈၁)ဘီလီယံအထိရှိခဲ့ပြီးယမန်နှစ်ကရရှိသည့်စုစုပေါင်းဒေါ်လာ(၂.၂)ဘီလီယံကိုကျော်လွန်သွားခဲ့သည်။ အဆိုပါကိန်းဂဏန်းသည် (၁၀)လအတွင်းဒေါ်လာ (၃) ဘီလီယံအထိမြင့်တက်လာပြီးနှစ်ကုန်တွင် ဒေါ်လာ(၃.၃)ဘီလီယံအထိရောက်ရှိရန် ခန့်မှန်းထားသည်။

လက်ရှိတိုးတက်မှုအရှိန်အဟုန်ဖြင့် အေးခဲထားသောဒူးရင်းသီးများကိုတရားဝင်လမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းများစာရင်းတွင် ထည့်သွင်းခြင်း၊ သစ်သီးများကိုသင်္ဘောများဖြင့်တင်ပို့ရောင်းချခြင်းဖြင့်လာမည့်နှစ်တွင်အမေရိကန်ဒေါ်လာ(၄)ဘီလီယံအထိရှိလာနိုင်ဖွယ်ရှိကြောင်းဗီယက်နမ်သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်အသင်း(Vinafruit)၏ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က ပြောကြားခဲ့သည်။၎င်း၏ခိုင်မာသောတိုးတက်မှုကြောင့်(၉)လအတွင်းစုစုပေါင်းသစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုတန်ဖိုးကို(၂၀၂၃)ခုနှစ်ကိန်းဂဏန်းနှင့်ညီမျှသည့် အမေရိကန်ဒေါ်လာ(၅.၆)ဘီလီယံအထိရရှိစေခဲ့ပြီး(၁၀)လတွင် အမေရိကန်ဒေါ်လာ (၆.၂)ဘီလီယံနှင့် (၁၁)လတွင် အမေရိကန်ဒေါ်လာ(၆.၆)ဘီလီယံအထိရရှိစေခဲ့ပါသည်။

တစ်ချိန်တည်းတွင်ပင်ဆန်စပါးကဏ္ဍသည်လွန်ခဲ့သည့်နှစ်၏  စုစုပေါင်းပို့ကုန်တန်ဖိုးထက် (၁၀)လအတွင်းထူးထူးခြားခြားစွမ်းဆောင်နိုင်ခဲ့သည်။(၂၀၂၃)ခုနှစ်ကတန်ချိန် (၈.၁)သန်းနှင့် နှိုင်းယှဉ်ပါက ပမာဏမှာတန်ချိန်(၇.၈)သန်းဖြင့် အနည်းငယ်ကျဆင်းသွားသော်လည်းမြင့်မားသောပို့ကုန်စျေးနှုန်းများသည် ဝင်ငွေဒေါ်လာ(၄.၉)ဘီလီယံသို့ ရရှိစေခဲ့ပြီး ယမန်နှစ်က ဒေါ်လာ(၄.၆)ဘီလီယံကို ကျော်လွန်သွားခဲ့သည်။ နိုဝင်ဘာလ ပထမ(၁၅)ရက်အတွင်း ပြည်ပသို့ ဆန်တန်ချိန် (၃၀၀,၀၀၀) နီးပါးတင်ပို့နိုင်ခဲ့ပြီးစုစုပေါင်းပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ(၅)ဘီလီယံအထိတိုးမြင့်လာခဲ့သည်။

အောက်တိုဘာလသည် ပြည်တွင်းကော်ဖီအတွက် ခူးဆွတ်မှုစတင်ချိန်ဖြစ်ပြီး(၁၀)လအတွင်းစုစုပေါင်းတင်ပို့မှုတန်ချိန် (၁.၂)သန်းရှိပြီးအမေရိကန်ဒေါ်လာ(၄.၆)ဘီလီယံတန်ဖိုးရှိကာ (၂၀၂၃)ခုနှစ်တစ်နှစ်လုံး ရရှိထားသော အမေရိကန်ဒေါ်လာ(၄.၂)ဘီလီယံနီးပါးပမာဏကို ကျော်လွန်ခဲ့သည်။အခြေခံအားဖြင့် ၀ယ်လိုအားထက် ရောင်းလိုအားနိမ့်ကျနေသဖြင့် ကော်ဖီဈေးနှုန်းများမြင့်မားနေမည်ဟု မျှော်လင့်ထားကြောင်းဗီယက်နမ်ကော်ဖီ-ကိုကိုးအသင်း (Vicofa) ၏ ဒုတိယဥက္ကဋ္ဌ Do Ha Nam က ပြောကြားခဲ့သည်။

သို့သော်လည်းအနာဂတ်တွင် ဈေးနှုန်းအတက်အကျများသည် သစ်တောပြုန်းတီးမှုတိုက်ဖျက်ရေးစည်းမျဉ်းများ (EUDR)ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၃၀)ရက်နေ့ သို့မဟုတ် ပြီးခဲ့သည့် (၁၂)လအတွင်းကျင့်သုံးရန် ရှိမရှိနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ၏ နောက်ဆုံးဆုံးဖြတ်ချက်အပေါ် မူတည်မည် ဖြစ်သည်။အရှိန်မြင့်လာပြီးနောက် ငရုတ်ကောင်းစေ့လုပ်ငန်းသည် (၁၀)လအတွင်းပို့ကုန်ဝင်ငွေဒေါ်လာ(၁.၁)ဘီလီယံရရှိခဲ့သည့်အပြင်နှစ်စဉ်(၄၇%)တိုးလာခဲ့သဖြင့်အရှိန်အဟုန်ပြင်းစွာပြန်လည်ကောင်းမွန်လာခဲ့သည်။(၂၀၁၇)ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထုတ်ကုန်သည် ဒေါ်လာဘီလီယံချီသော ပို့ကုန်အမျိုးအစားသို့ ပြန်လည်ဝင်ရောက်ရန် စီစဉ်ထားပြီး၎င်း၏ (၂၀၂၄)ခုနှစ် ကုန်သွယ်မှုပမာဏသည်အမေရိကန်ဒေါ်လာ(၁.၃)ဘီလီယံကျော်ရှိမည်ဟုခန့်မှန်းထားသည်။

တစ်ချိန်တည်းတွင် သီဟိုဠ်စေ့တင်ပို့မှုသည် ဇန်နဝါရီမှအောက်တိုဘာလအတွင်း(၂၀၂၃) ခုနှစ်၏ တစ်နှစ်တာရရှိခဲ့သည့် ကိန်းဂဏန်းနှင့်ကိုက်ညီသောအမေရိကန်ဒေါ်လာ(၃.၆)ဘီလီယံအထိရောက်ရှိခဲ့သည်။ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အစေ့အဆန်တင်ပို့မှု၌ ထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်နေပြီး ယခုနှစ်တင်ပို့မှု တန်ဖိုးသည်စံချိန်တင်ဒေါ်လာ (၄.၃-၄.၅)ဘီလီယံအထိရှိလာမည်ဟုခန့်မှန်းထားသည်ကို (၂.၁၂.၂၀၂၄)ရက်နေ့ကဖတ်ရှုခဲ့ရသည့်the investor.vn သတင်းကွန်ယက်၏ ဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။

Source         https://theinvestor.vn/vietnam-agricultural-product-exports-poised-for-record-breaking-year-d13607.html

တင်ပြသူ         ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ         ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၁) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ